ဗီယက်နမ်နိုင်ငံ ဆန်တင်ပို့မှု တွင် ယှဉ်ပြိုင်မှုများနှင့် ထိတွေ့ရင်ဆိုင်နေရ

Fri, 02/10/2012 - 09:54 -- Anonymous (not verified)

ကမ္ဘာ့ဆန်အများဆုံးတင်ပို့သူအဖြစ် ဦးဆောင်လာခဲ့သည့် ထိုင်းနိုင်ငံနေရာကို အစားထိုးရောက်ရှိလာသည့် ဗီယက်နမ်နိုင်ငံ သည် အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာနိုင်ငံတို့ နှင့် ယှဉ်ပြိုင်ရန် နည်းဗျူဟာအသစ်များ ချမှတ်ရန်လိုပါသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၁၂ ခုနှစ် ပထမ ၃ လအတွင် ဆန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလ တင်ပို့မှု ထက် လျော့နည်းနေသဖြင့် ၂၀၁၂ ခုနှစ် ဆန်တင်ပို့မှုမှာ စိမ်ခေါ်မှုများ၊ အခက်အခဲ များနှင့် အများအပြားရင်ဆိုင်ရမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ စားနပ်ရိက္ခာ အသင်း(VFA)မှ ပြောကြားပါသည်။