ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ခြင်းအတွက် Myanmar Tradenet 2.0 စနစ်တွင် ပို့ကုန်လိုင်စင် လျှောက်ထားရန်ကိစ္စ အသိပေးအကြောင်းကြားခြင်း

Wed, 03/22/2023 - 12:31 -- eiprdep

ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ တင်ပို့သော ကုန်စည်များအတွက် ပို့ကုန်လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည်လိုင်းများကို Myanmar Trade net 2.0 စနစ်တွင် ပို့ကုန်လိုင်စင်လျှောက်ထားပြီးမှသာ တင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ အရ HS Code 10 digit ဖြင့် နောက်ဆက်တွဲပါ ကုန်စည်လိုင်းများကို တင်ပို့ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်၍ Myanmar Tradenet 2.0 စနစ်တွင် ဝင်ရောက်လျှောက်ထားနိုင်ပါကြောင်း အသိပေးထုတ်ပြန်သည့် သတင်းလွှာ

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၆/၂၀၂၃)