နှစ်ဆန်းမှာ တင်ပို့အားကောင်းတဲ့ ရော်ဘာ

Wed, 05/02/2012 - 04:16 -- Anonymous (not verified)

ဘဏ္ဍာနှစ်သစ်အစ ဧပြီလ ၁ ရက်မှ ၇ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၆၃၅ တန်ကျော် တန်ဖိုး ဒေါ်လာ ၅ ဒသမ ၇၅၃ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လကုန်အထိ ရော်ဘာတင်ပို့မှု နည်းနေခဲ့ပေမယ့် ဘဏ္ဍာနှစ်သစ် အစမှာ တင်ပို့အားပြန်လည်ကောင်းလာတာ ဖြစ်ပါတယ်။ တင်ပို့တဲ့နိုင်ငံ တွေကတော့ တရုတ်ကို တန် ၅၆၀၊ ဗီယက်နမ်ကို တန် ၂၀၀၊ ကိုရီးယားကို ၃၀၂ တန်၊ စင်ကာပူကို တန် ၄၀ နဲ့ မလေးရှားကို ၅၃၃ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းမှ နိုင်ငံအလိုက်ရော်ဘာတင်ပို့မှုတွေကတော့ တရုတ်ကို ၈၈၄၅ တန်၊ အိန္ဒိယ ကို တန် ၄၀ နီးပါး၊ မလေးရှားကို ၁၂၂၂၅ တန်နီးပါး၊ ပါကစ္စတန်ကို ၇၅ တန်၊ စင်ကာပူကို ၉၆၆၆ တန်၊ အာရပ် စော်ဘွားများ များပြည်ထောင်စုကို ၄ တန်၊ ဗီယက်နမ်ကို ၂၆၆၆ တန်၊ မက္ကဆီကို ကို တန် ၂၀ နဲ့ ဆွစ်ဇာလန်ကို တန် ၁၆၀၊ စုစုပေါင်းတန်ချိန် ၃၃၇၀၁ တန်နဲ့ တန်ဖိုးကန်ဒေါ်လာ ၁၃၀ ဒသမ ၃၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ကတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ရော်ဘာ ၄၅၁၀၉ တန်နဲ့ တန်ဖိုး ကန်ဒေါ်လာ ၁၈၀ ဒသမ ၆၉ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ K.Z.W