ပြည်တွင်းစက်သုံးဆီ ဖူလုံစေရေးအတွက် စက်သုံးဆီများ ပုံမှန်တင်သွင်းနိုင်‌ရေး စီမံဆောင်ရွက်လျက်ရှိ

Thu, 10/06/2022 - 03:16 -- mocadmin

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံး ဆီအမျိုးအစားများအလိုက် ပုံမှန်စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ (၃-၁၀-၂၀၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ ဆိပ်ကမ်းရှိ Terminal တွင် MT YU HAI သင်္ဘောမှ ဓာတ်ဆီ 92 Ron (၁.၈၇) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၃.၁၈) ဂါလန်သန်း ဆီချလုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်းတွေ့ရှိရသည်။

   ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းများတွင် ဓာတ်ဆီဈေးနှုန်းမှာ တဖြည်းဖြည်းကျဆင်းလာသော်လည်း ဒီဇယ်ဈေးနှုန်းမှာ ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုကြောင့် အနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရှိရသည်

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အချို့စက်သုံးဆီအရောင်းဆိုင်များ၌ သတ်မှတ် ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်များအား စိစစ်၍ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ (၂၀၁၇) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages