ပြည်တွင်းစက်သုံးဆီဖူလုံစေရေးအတွက် ပြည်ပမှ စက်သုံးဆီများကို စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ပုံမှန် တင်သွင်းဆောင်ရွက်လျက်ရှိ

Thu, 10/27/2022 - 04:19 -- mocadmin

   စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် MT Synergy သင်္ဘောသည် ဓာတ်ဆီ 92 Ron (၀.၉၁) ဂါလန်သန်း၊ ရိုးရိုးဒီဇယ်ဆီ (၂.၅၅) ဂါလန်သန်းနှင့် ပရီမီယံ ဒီဇယ်ဆီ (၁.၃၄) ဂါလန်သန်းကို ၂၄-၁၀-၂၀၂၂ ရက်နေ့တွင်လည်းကောင်း၊ MT Aulac Vision သင်္ဘောသည် ဓာတ်ဆီ 92 Ron (၂.၀၁) ဂါလန် သန်းကို ၂၅-၁၀-၂၀၂၂ ရက်နေ့တွင်လည်းကောင်း ဆီချလုပ်ငန်းဆောင်ရွက်ပြီးဖြစ်သည်။

   ဓာတ်ဆီ 92 Ron (၂.၇၆) ဂါလန်သန်း၊ ဓာတ်ဆီ 95 Ron (၀.၉၂) ဂါလန်သန်းနှင့် ရိုးရိုးဒီဇယ်ဆီ (၁.၆၅) ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Dong သင်္ဘော၊ ရိုးရိုးဒီဇယ်ဆီ (၃.၀၇) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၃.၀၇) ဂါလန်သန်း တင်ဆောင်လာသည့် MT Harmony One သင်္ဘောနှင့် ပရီမီယံဒီဇယ်ဆီ (၂.၆၇) ဂါလန်သန်း တင်ဆောင်လာသည့် MT Intan Premier သင်္ဘောတို့သည် သက်ဆိုင်ရာ Terminal များသို့ဆိုက်ကပ်၍ ဆီချလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ရန်ကုန် သီလဝါဆီလှောင်ကန် လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှု ရှိကြောင်း စိစစ်တွေ့ရှိရသည်။

   စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်တွင် ဓာတ်ဆီဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ဒီဇယ်ဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်ကြောင်းတွေ့ရပြီး ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများမှာ သိသိသာသာပြောင်းလဲမှုမရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages