ပြည်တွင်းစက်သုံးဆီဖူလုံစေရေးအတွက် စက်သုံးဆီများပုံမှန်တင်သွင်းနိုင်‌ရေး စီမံဆောင်ရွက်လျက်ရှိ

Thu, 09/29/2022 - 03:25 -- mocadmin

   ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ပုံမှန်စိစစ်တင်သွင်း ဆောင်ရွက်လျက်ရှိရာ ၂၈-၉-၂၀၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal တွင် MT Synergy သင်္ဘောမှဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ သင်္ဘော တွင် ဓာတ်ဆီ 92 Ron (၂.၄၅) ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ (၆.၁၄) ဂါလန်သန်းပါရှိ၍ စက်သုံးဆီလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှု ရှိကြောင်း တွေ့ရှိရသည်။

   ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းလာသော်လည်း ကမ္ဘာ့စက်သုံးဆီဈေးနှုန်း (MOPS) အနည်းငယ် မြင့်တက်လာမှုကြောင့် ယနေ့တွင် စက်သုံးဆီ ဈေးနှုန်းအနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ကြောင်းတွေ့ရှိရသည်။

   ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်လျက်ရှိသော်လည်း စက်သုံးဆီဖြန့်ဖြူးမှုတွင် သက်ဆိုင်ရာစက်သုံးဆီ အရောင်းဆိုင်များသို့ ပို့ဆောင်ဖြန့်ဖြူးပေးသည့် ဆီတင်ယာဉ်အချို့ကို နှောင့်ယှက်တားဆီးမှုများ ကြုံတွေ့နေရသည်။ ၂၇-၉-၂၀၂၂ ရက်နေ့တွင် ရန်ကုန် မြို့၊ သီလဝါမှ ကလေးဝမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီပို့ဆောင်မည့် ဆီတင်ယာဉ် (၄) စီးအား အကြမ်းဖက်အဖွဲ့အစည်းများက တိုက်ခိုက်နှောင့်ယှက်ခဲ့သည့်အတွက် သက်ဆိုင်ရာ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီပို့ဆောင် နိုင်ခြင်းမရှိဘဲ ဆီသယ်ယာဉ်များရပ်တန့်လျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းများ

Pages