ပြည်တွင်းစက်သုံးဆီဖူလုံစေရေးအတွက် စက်သုံးဆီများပုံမှန်တင်သွင်းနိုင်‌ရေး စီမံဆောင်ရွက်လျက်ရှိ

Mon, 09/26/2022 - 10:40 -- mocadmin

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ စက်သုံးဆီတင်သွင်းမှု အခြေအနေမှာ ၂၅-၉-၂၀၂၂ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ ဆိပ်ကမ်းရှိ Terminal များတွင် MT Yu Yi သင်္ဘောသည် ရိုးရိုးဒီဇယ်ဆီ HSD (၁.၈၆) ဂါလံသန်းနှင့် ပရီမီယံဒီဇယ်ဆီ PHSD (၂.၁၇) ဂါလံသန်း စုစုပေါင်းဒီဇယ်ဆီ (၄.၀၃) ဂါလံသန်းနှင့် MT Harmony One သင်္ဘောသည် ဓာတ်ဆီ 92 Ron (၂.၁၃) ဂါလံသန်း ဆီချလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

   ၂၅-၉-၂၀၂၂ ရက်နေ့အထိ သီလဝါဆီလှောင်ကန်၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန်အခြေအနေအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။

   စက်သုံးဆီဖြန့်ဖြူးပေးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီတင်ဘောက်ဆာ (Bowser) များ၊ ဆီတွဲ ရေယာဉ်များ၊ ရထားများဖြင့် အချိန်မီ ပို့ဆောင်ပေးလျက်ရှိသည်။ သို့ရာတွင် မန္တလေးမြို့မှ ရွှေဘိုမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီဖြည့်တင်းမည့် ဆီတင်ယာဉ်များကို အကြမ်းဖက်အဖွဲ့အစည်းများက ယခင်ရက်သတ္တပတ်အတွင်း တားဆီးနှောင့်ယှက်မှုများ ရှိခဲ့သဖြင့် စက်သုံးဆီများ သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များသို့ အချိန်မီ မရောက်ရှိနိုင်ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

Pages