တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းလေကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဆိပ်ကမ်းပြန်လည်ဖွင့်လှစ်

Thu, 09/29/2022 - 03:35 -- mocadmin

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်

    တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှစ၍ ယာယီ ရပ်ဆိုင်းထားခဲ့သည့် ယူနန်ပြည်နယ်၊ စစ်ဆောင်ပန ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ မုန်လခရိုင်အနောက်တောင်ပိုင်း လန်ချန်း မြစ်ကမ်းရှိ ကွမ်းလေကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဆိပ်ကမ်းကို စက်တင်ဘာ ၁၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ စစ်ဆောင်ပနပြည်နယ်ခွဲ၊  ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ သိရသည်။

   အဆိုပါ ကွမ်းလေကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးဆိပ်ကမ်းသည် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အချက်အချာနေရာနှင့် အရှေ့ တောင်အာရှနိုင်ငံများ မဲခေါင်မြစ်မှတဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်သော အဓိကဆိပ်ကမ်းတစ်ခုဖြစ်သည်။ ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ယာယီရပ်ဆိုင်းခဲ့ရ သည့်အတွက် လန်ချန်း-မဲခေါင် မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများ၏  ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းကို များစွာထိခိုက်ခဲ့ရသည်။ ယခုအခါ လန်ချန်း-မဲခေါင် မြစ်ကြောင်းလမ်း၏ အားသာချက်ကို ထိထိရောက်ရောက် ပြန်လည် အသုံးပြုရန်နှင့် မြစ်ဝှမ်းတစ်လျှောက်ရှိနိုင်ငံများ၏ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်ရည်ရွယ်၍ တရုတ်နိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းများ

Pages