စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို တက်ရောက်အမှာစကားပြောကြား

Tue, 05/23/2023 - 03:11 -- mocadmin

   စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၀၉:၃၀) နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်ချို တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

   ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများအသုံးပြုမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စစ်ဆေးရေး အရာရှိများခန့်အပ်ထားရှိပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက် စေလျက်ရှိပါကြောင်း၊ ခန့်အပ်ထားသည့် စစ်ဆေးရေးအရာရှိများကို လုပ်ငန်းကျွမ်းကျင်မှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း နှစ်စဉ်ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့် အလုပ်ရုံ ဆွေးနွေးပွဲသည် စစ်ဆေးရေးအရာရှိများအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်များနှင့် အညီ ဆောင်ရွက်နိုင်စေရေးနှင့် ဆက်စပ်ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုသိရှိပြီး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရာတွင် ပိုမိုထိရောက်နိုင် စေရန်ရည်ရွယ်၍ မွမ်းမံအဆင့်အဖြစ် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေ သည့်ကာလအတွင်း စစ်ဆေးရေးအရာရှိများအနေဖြင့် မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ်စားပြုပြီး လက်တွေ့လုပ်ငန်း ဆောင်ရွက်နေမှုများ၊ တွေ့ကြုံရသည့်အခက်အခဲများကိုလည်း ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးစေလိုကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ အခြားသောနိုင်ငံများ၏ ဆောင်ရွက်နေပုံများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း သိရှိထားရန်လို အပ်ကြောင်း၊ အနီးစပ်ဆုံးအနေဖြင့် အာဆီယံနိုင်ငံများ၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင် ရွက်မှုများနှင့် အစီအမံများကိုမျက်ခြေမပြတ် လေ့လာသွားရန်နှင့် အာဆီယံ စားသုံးသူကာကွယ် ရေးကော်မတီ (ACCP) ၏ Website တွင်ဝင်ရောက်လေ့လာစေလိုကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ တွင် သက်ဆိုင်ရာဘာသာရပ် တာဝန်ခံများနှင့် အပြန်အလှန်ဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့် အသိပညာများအား လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်းအားဖြင့် ရှေ့ဆက် ဆောင်ရွက်မည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများတွင် ယခုထက်ပိုမို၍ ထိထိရောက်ရောက် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။

   အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ (၅) ရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ (၄၀) ဦး တက်ရောက်မည်ဖြစ်ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်း ချက်ပါ စစ်ဆေးရေးအရာရှိများ မဖြစ်မနေ သိရှိလိုက်နာဆောင်ရွက်သွားရမည့် အချက်များကို ဌာန တွင်း ဘာသာရပ်တာဝန်ခံများမှ လည်းကောင်း၊  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာဘာသာရပ် တာဝန်ခံများမှ လည်းကောင်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။

   အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ညွှန်ကြာရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြ ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages