အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025- AEC 2025) လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီ(၃) ခုနှင့်ပတ်သက်သည့်အစည်းအဝေးကျင်းပ

Tue, 11/15/2022 - 03:35 -- mocadmin

   နေပြည်တော်၊ နိုဝင်ဘာလ ၁၄ (တနင်္လာနေ့) နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) တွင် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025- AEC 2025) လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီ(၃) ခုနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို Online + Offline ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါ အစည်းအဝေးတွင် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025- AEC 2025) လုပ်ငန်းစီမံချက်ပါ လုပ်ငန်းကော်မတီ (၃)ခုဖြစ်သည့် ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ ခိုင်မာတောင့်တင်းစေရေးနှင့် အစိုးရ- ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းကော်မတီများ၏ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ရာ၌ အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025 - AEC 2025)  ဖော်ဆောင်နိုင်ရေးအတွက် ရေးဆွဲထားသည့် လုပ်ငန်းစီမံချက်မှာ ပါဝင်တဲ့ ကုန်စည်၊ ဝန်ဆောင်မှုနှင့် ပုဂ္ဂလိက အခန်းကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီများတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ကြရသော သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပိုမိုပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဌာနအလိုက်ဆောင်ရွက် ကြရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်‌ဖြစ်ပါကြောင်းနှင့် ယခုကျင်းပသည့် အစည်း အဝေးတွင် ပွင့်လင်းစွာဖြင့် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

   ဆက်လက်၍သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးများ၊ ဘာသာရပ်တာဝန်ခံများမှ ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးမှ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

   အဆိုပါအစည်းအဝေးသို့ အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (ASEAN Economic Community 2025 - AEC 2025) လုပ်ငန်းစီမံချက်တွင် ပါဝင်သည့် လုပ်ငန်းကော်မတီ(၂၂)ခုအနက် (၃) ခုဖြစ်သော ကုန်စည်ကုန်သွယ်ရေးလုပ်ငန်းကော်မတီ၊ ဝန်ဆောင်မှုကုန်သွယ်ရေးလုပ်ငန်းကော်မတီနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ ခိုင်မာတောင့်တင်းစေရေးနှင့် အစိုးရ- ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းကော်မတီတို့၏အဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း (၇၉) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages