လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်များ ဒုတိယအကြိမ်အဖြစ်ရောက်ရှိ

Wed, 02/15/2023 - 04:19 -- mocadmin

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄         အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ် တင်သွင်းရောက်ရှိလာသည့် N.P.K Motors Co., Ltd. အနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသော EV Charger 60KW (၅) စုံသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၁၁-၂-၂၀၂၃ ရက် နေ့တွင် ရောက်ရှိခဲ့ရာ အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် နေ့ချင်းပြီးထုတ်ယူခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါ EV Charger များမှာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ သပြေကုန်းစျေး ၌ (60 KW Charging Station) တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages