ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ဒါရိုက်တာဖြစ်သူ Mr.SHATIROV Alexander Sergeevich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Thu, 11/10/2022 - 03:38 -- mocadmin

နေပြည်တော်၊နိုဝင်ဘာ ၉  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ (၀၈:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့၏ ဒါရိုက်တာဖြစ်သူ Mr.SHATIROV Alexander Sergeevich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ လက်ခံတွေ့ဆုံခဲ့သည်။

   အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ - ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ တင်ပို့ရန်အလားအလာ ရှိသည့်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး၊ တင်ပို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် စံချိန်စံညွှန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စများကို  ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

   တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages