ဒုတိယဝန်ကြီး ဦးညွန့်အောင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပို့ကုန်လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ တက်ရောက်

Mon, 11/14/2022 - 04:22 -- mocadmin

နေပြည်တော်၊ နိုဝင်ဘာ ၁၁         ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပို့ကုန်လျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်းသည့် အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားသည်။

   ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ်၊ မတ်လထိ ပို့ကုန်လျာထားချက်ပြည့်မီအောင် ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များမှ ဝိုင်းဝန်းဆွေးနွေး အကောင်အထည်ဖော်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ၏ တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

   အဆိုပါ အစည်းအဝေးသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages