စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးသည် နယူးဒေလီရှိ တောင် အာရှနိုင်ငံခြားသတင်းထောက်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Wed, 06/07/2023 - 09:48 -- mocadmin

နေပြည်တော်၊ ဇွန် ၇    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက်၊ (၁၁:၃၀) နာရီအချိန်တွင် နယူးဒေလီရှိ တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း ( The Foreign Correspondents’ Club of South Asia – FCC ) ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Shirumalla Venkat Narayan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

          တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေအနေနှင့် ဝန်ကြီး ဌာနက လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းစဉ်မျာအား ဆွေးနွေးပြောကြားခဲ့ပြီး  မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး၊ မြန်မာနှင့် ယခင်ဗြိတိသျှ အိန္ဒိယဒေသ၌ ပါဝင်ခဲ့သော နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်မည့် အလားအလာများ၊ မြန်မာနှင့် အိန္ဒိယအရှေ့မြောက်ဒေသပြည်နယ်များအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ဒေသခံပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများမြှင့်တင်ရေးတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့နောက် Mr. Shirumalla Venkat Narayan ကသိရှိလို၍ မေးမြန်းသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

          တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages