Saudi International Marine Exhibition ကျင်းပသွားမည်

Thu, 01/19/2023 - 05:46 -- mocadmin

  ဆော်ဒီအာရေဗျနိုင်ငံ၊ အရှေ့ပိုင်းပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည့် Dhahran Expo တွင် ပါဝင်သည့် Saudi International Marine Exhibition သို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ကြားလာပါသည်။ အဆိုပါပြပွဲသို့ ဝင်ရောက်ပြသခြင်းဖြင့် ဆော်ဒီအာရေဗျနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့အကြား ငါးမွေးမြူရေးလုပ်ငန်းနှင့် ပင်လယ်စာကဏ္ဍတို့၏ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးခိုင်မာစေရန် ထူးခြားသော စီးပွားရေးအခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များ ချဲ့ထွင်နိုင်ရန်နှင့် ပြည်တွင်းနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် ပြပွဲစီစဉ် သူများနှင့် တွေ့ဆုံ နိုင်ရေး B2B Package များလည်း စီစဉ်ထားရှိပါကြောင်း သိရှိရသည်။

  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါပြပွဲနှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇ -၄၀၈၆၂၃ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရှိရပါသည်။

သတင်းအချက်အလက်များ

နောက်ဆုံးရသတင်းများ

Pages