လားရှိုးလက္ကားကုန်စည်ဒိုင် ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့် ပဲပုပ်၊ ပြောင်း၊ ဝဥ၊ စပါးနှင့်သီးနှံအခြောက်ခံစက်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

Fri, 09/23/2011 - 09:25 -- Anonymous (not verified)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးလက္ကားကုန်စည်ဒိုင်စတင်တည်ထောင်ခြင်း ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့နဲ့ တစ်နေ့တန် ၃၀ ကျ ပဲပုပ်၊ ပြောင်း၊ ဝဥ၊ စပါးနှင့် သီးနှံအခြောက်ခံစက်သစ်ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်က လားရှိုးမြို့က ယာဉ်ငယ် ဝင်းရှိ စက်တည်ဆောက်ထားတဲ့နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
၎င်းင်းအခမ်းအနားသို့ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြိုင်၊ တွဲဘက်ပြည်နယ်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ လားရှိုးလက္ကား ကုန်စည်ဒိုင်ဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ လားရှိုးမြို့ပေါ်ရှိ ကုန်သည်အသင်းအဖွဲ့များမှ အလုပ်အမှုဆောင်များ၊ ကုန်သည် လုပ်ငန်းရှင်များ၊ စက်တည်ဆောက်ရေးပညာရှင်အဖွဲ့များနှင့်ဒေသခံတိုင်းရင်းသားတောင်သူများ စုစုပေါင်း လူ ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြပါတယ်။
လားရှိုးလက္ကားကုန်စည်ဒိုင်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ လားရှိုးခရိုင်နဲ့ ကျောက်မဲခရိုင်တို့မှ စိုက်ပျိုးထုတ်လုပ်တဲ့ အစေ့ ထုတ်ပြောင်းများကို တစ်ဖက်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချခဲ့ရာမှာ နှစ်စဉ်ပြောင်းတန်ချိန် ၂ သိန်းကျော် တင်ပို့ရောင်း ချပြီး ပြည်ပဝင်ငွေပိုမိုတိုးတက်ရရှိနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ လားရှိုးလက္ကားကုန်စည်ဒိုင်အနေနဲ့လည်း သီးနှံစိုက်ပျိုး ထုတ်လုပ်တဲ့ လားရှိုးမြို့နယ် ကျေးရွာတော်တော်များများက တောင်သူများကိုလည်း ပြောင်းနဲ့ပဲပုပ်စိုက်ပျိုးထုတ်လုပ်တဲ့ စိုက်ပျိုးရာသီမတိုင်မီမှာ တောင်သူတွေလိုအပ်နေတဲ့ မျိုး၊ သွင်းအားစုနဲ့ စိုက်ပျိုးစရိတ်များကိုလည်း ကြိုတင် ထုတ်ပေး ထောက်ပံံ့ပေးခဲ့တာဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားစွာ ဆောင်ရွက်လာနိုင်ခဲ့တာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။
ယခင်က တောင်သူတွေစိုက်ပျိုးထုတ်လုပ်တဲ့ လယ်ယာထွက်ကုန်သီးနှံများအနက် အဓိကဖြစ်တဲ့ အစေ့ထုတ်ပြောင်းသီးနှံဟာ အစိုဓါတ်များပြားခြင်းကြောင့် အရည်အသွေးကျဆင်းခြင်း၊ မှိုစွဲကပ်ခြင်း၊ အရောင်အဆင်းညံ့ဖျင်းခြင်းစတာတွေကြောင့် တစ်ဖက်နိုင်ငံဈေးကွက်ကို ရောင်းချတဲ့အခါမှာ  ကိုယ်လိုချင်တဲ့ဈေး၊ရသင့်တဲ့ဈေးမရရှိဘဲ ဈေးအနှိမ်ခံရခြင်းများရှိခဲ့ပါတယ်။