အမျိုးသားပို့ကုန် မဟာဗျူဟာ အကောင်အထည်ဖော် စီမံခန့်ခွဲခြင်း အဆင့်တွင် မြန်မာ့ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို အထောက်အကူပြုရန်နှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး ဦးဆောင်သည့်ရုံးအဖွဲ့ကိုဖွဲ့စည်းထားပြီး ဖြစ်သည်။

ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ခိုင်မာစွာ ဖွဲ့စည်းခြင်း ၊ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း ၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ကော်မတီများဖွဲ့စည်းခြင်း၊ ကဏ္ဍအလိုက် သီးခြားအစည်းအဝေးများ ကျင်းပ၍ ဦးစား ပေးဆောင်ရွက်မည့်လုပ်ငန်းများ ရွေးချယ်ခြင်း၊ ညှိနှိုင်းခြင်း၊ ဘတ်ဂျက်ရရှိရေးကိစ္စများ ဆွေးနွေးခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

ကဏ္ဍအလိုက် ရုံးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့ စီးပွား/ကူးသန်းဝန်ကြီးဌာန တွင်အမျိုးသားပို့ကုန် မဟာဗျူဟာ အကောင်အထည်ဖော် စီမံခန့်ခွဲခြင်း ဗဟိုဌာနကိုဖွဲ့စည်း၍ ကဏ္ဍအလိုက် ရုံးလုပ်ငန်း အဖွဲ့ (၁၁) ဖွဲ့ကို ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိပါသည်။

ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့အစည်းအဝေးများကျင်းပခြင်း