အမျိုးသားပို့ကုန်မဟာဗျူဟာရှိ၊ ကုန်သွယ်မှုသတင်းအချက်အလက်နှင့် ကုန်သွယ်မှုမြှင့် တင်ရေး ကဏ္ဍ ပို့ကုန်မဟာဗျူဟာ အကောင်အထည် ဖော်ရေး ကော်မတီ၊ ကော်မတီလုပ်ငန်း အဖွဲ့ များနှင့် သက်ဆိုင်သည့် ကုန်သွယ်မှုသတင်းအချက်အလက်ကွန်ရက် တည်ထောင် ဖွဲ့စည်းခြင်း ကနဦး ရှေ့ပြေး စီမံကိန်း(Initiation the setting up of the National Trade Information Network)ကို ကနဦးစီမံကိန်းတစ်ခုကို နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC)၏နည်းပညာ အကူအညီနှင့် UK သံရုံး (DFID) မှ ရန်ပုံငွေထောက်ပံ့မှုဖြင့် ဆောင်ရွက်မည် ဖြစ်ပါသည်။ စီမံကိန်းသည် အမျိုးသား ပို့ကုန် မဟာဗျူဟာရှိ ဦးစားပေးကဏ္ဍများကို ဆောင်ရွက်ခြင်းဖြစ်ပြီးကုန်သွယ်မှုသတင်းအချက်အလက်ကွန်ရက်တစ်ခုအား အစိုးရ နှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စား လှယ်များ ပါဝင်၍တည်ထောင်မည်ဖြစ်ပြီး ယခုရှေ့ပြေးစီမံကိန်းနှင့် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်းများ ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ပါက နိုင်ငံတွင်းစီးပွားရေးလုပ်ငန်း အဖွဲ့ အစည်းများ၏ ဆောင်ရွက်မှုများ နှင့် ဆုံးဖြတ်ချက်များကို ထောက်ပံ့ပေးရန် ရည်ရွယ်၍ ကုန်သွယ်မှုနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ ကောက်ယူခြင်း ၊ စိစစ် ဆောင်ရွက်ခြင်းနှင့် ဖြန့်ဝေခြင်းတို့အတွက် ထိရောက် ကောင်းမွန်သော စနစ်တစ်ခု ဖြစ်ပေါ်လာစေမည် ဖြစ်ပါသည်။၂၀၁၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင်၊ ကုန်သွယ်မှုကွန်ယက်တည်ထောင်ရန် သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းများမှ ကုန်သွယ်မှုဆိုင်ရာသတင်း အချက် အလက်များ ဖလှယ်ရေးအတွက် ဆွေးနွေးချက်များ၏ Record of Discussion(ROD) ကို လက်မှတ် ရေးထိုးခဲ့ပြီး Letter of Intent (LOI) ကိုဆက်လက်ရေးထိုး သွားမည် ဖြစ်ပါသည်။

 

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလနှင့်ဖေဖေါ်ဝါရီလအတွင်း ကုန်သွယ်မှုသတင်းအချက်အလက်ကွန်ယက်ကနဦးရှေ့ပြေးစီမံကိန်းစတင်အကောင်အထည်ဖေါ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၊ နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC)မှ ကျွမ်းကျင်သူများလာရောက်၍ကျင်းပခြင်း

 

၂၀၁၆ခုနှစ်မတ်လ ၉ ရက်နေတွင် Record of Discussion(ROD) မှတ်တမ်းဓါတ်ပုံများ