အမျိုးသားပို့ကုန်မဟာဗျူဟာတွင် ဦးစားပေး အကောင်အထည်ဖော်မည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ ကဏ္ဍ၊ အရည်အသွေးစစ်ဆေးရေးကဏ္ဍတို့နှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံရှိ ဆီထွက် သီးနှံကဏ္ဍပို့ကုန် ဝင်ငွေ တိုးမြင့်လာစေရေးအတွက် အစားအစာလုံခြုံစိတ်ချမှု တိုးတက်ရေးနှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေး နည်းနာ လိုက်နာကျင့်သုံးရေး ဆိုင်ရာ (SPS) စီမံကိန်း (a project for Improving food safety and compliance with SPS measures to increase export revenues in the oilseeds value chain in Myanmar)  ကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ စံချိန်စံညွှန်းနှင့်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Standard and Trade Development Facility-STDF)၏ ထောက်ပံ့မှုနှင့် နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန တို့၏ နည်းပညာအကူအညီဖြင့် အကောင်အထည်ဖော်ရန်အတွက် ဖွင့်ပွဲအခမ်းအနားနှင့် ပဏာမညှိနှိုင်းအစည်းအဝေး (Kick off Meeting) ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃) နေပြည်တော်တွင် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နှင့်(၂၀)ရက်နေ့ တို့တွင်ကျင်းပခဲ့ပါသည်။

၃။          အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ၊ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့်ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးရှိ ပဲ/နှမ်းအသင်း၊ ဆီစက်လုပ်ငန်းရှင် များအသင်းများမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိ သူများ၊ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (ITC) မှ ကျွမ်းကျင်ပညာရှင်များ၊ ဖိတ်ကြား ထားသူများ စုစုပေါင်း (၈၅) ဦး  တက်ရောက်ကြပါသည်။ ဆက်လက်၍ ပဏာမ ညှိနှိုင်း အစည်းအဝေး (Kick off Meeting) ကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်၍(၂)ရက်ကြာ ကျင်းပခဲ့ပါသည်။

၄။          စီမံကိန်း၏ရည်ရွယ်ချက်မှာ ဆီထွက်သီးနှံကဏ္ဍတွင် အစားအစာ လုံခြုံ စိတ်ချမှု တိုးတက်ရေးနှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေး နည်းနာများလိုက်နာ ကျင့်သုံးခြင်းဖြင့် ကောင်းမွန်သောစိုက်ပျိုး ထုတ်လုပ်မှု များကို တိုးမြင့်စေနိုင်ပြီး၊ စိုက်ပျိုးသူလယ်သမားများ၏ ပို့ကုန်ဝင်ငွေ တိုးမြင့်ရရှိလာစေရန် ဖြစ်ပါသည်။ စီမံကိန်းအား မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း ဒေသကြီးများကို ဦးစားပေး၍ စတင် အကောင်အထည်ဖော် သွားမည်ဖြစ်ပါသည်။ စီမံကိန်းတန်ဘိုး ခန့်မှန်းကုန်ကျငွေစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ၉၇၇၆၅၈ ဖြစ်ပြီး စီမံကိန်းကာလမှာ၂၀၁၅ခုနှစ် မှ၂၀၁၈ခုနှစ်အထိ(၃) နှစ်ဖြစ်ပါသည်။

၅။          စီမံကိန်းနှင့် ပတ်သက်သည့် အခြေခံ အချက်အလက်များကောက်ယူခြင်း (Base data cokkection)၊ အစီရင်ခံစာပြုစု ရေးသားခြင်း၊ ဈေးကွက်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းတို့ကို ၊နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန (ITC) ၏ နည်းပညာ အကူအညီဖြင့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါသည်။ အဆိုပါ အခြေခံအချက်အလက် ကောက်ယူ တွေ့ရှိချက် စစ်တမ်းနှင့် ဈေးကွက်လေ့လာရေး စစ်တမ်းမှ ရရှိချက်များကိုသုံးသပ် အတည်ပြုခြင်း (Validation  Workshop) အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ခုနှစ်၊ ဇွန်လ ၆ရက်၊၇ရက်တို့တွင် ကျင်းပသွားရန် စီစဉ် ဆောင်ရွက်လျက် ရှိပါသည်။

ဆီထွက်သီးနှံကဏ္ဍပို့ကုန်ဝင်ငွေတိုးမြှင့်ရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားနှင့်ပဏာမညှိနှိုင်းအစည်းအဝေး (၁၉.၁၀.၂၀၁၅)(၂၀.၁၀.၂၀၁၅)