မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန်မဟာဗျူ ဟာရှိ ဦးစားပေး ကဏ္ဍများအနက်မှ ခရီးသွားလုပ်ငန်း ကဏ္ဍကို နယ်သာလန်နိုင်ငံ CBI (centre for promotion of imports from developing countries) ၏အထောက်အပံ့နှင့် ITC ၏ နည်းပညာအကူအညီကိုရယူကာ ၂၀၁၄ခုနှစ်၊ သြဂုတ်လမှ စတင်၍ ကယားပြည်နယ်အားဦးတည်၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းတန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၁.၉ သန်း ဖြစ်ပြီး ကယားပြည်နယ်ခရီးသွားလုပ်ငန်းစီမံချက်ကို ၂၀၁၇ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ခြင်းအတွက် ကယားပြည်နယ်ကို ဦးစွာရွေးချယ်၍ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ တန်ဘိုးကွင်းဆက် တစ်လျှောက် ပို့ကုန် စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ခရီးသွားကဏ္ဍနှင့်ဒေသတွင်းရောင်းဝယ် ချိတ်ဆက်မှုများ၊ နည်းပညာဆိုင်ရာပူးပေါင်းမှုများ တိုးတက် ကောင်းမွန်လာစေရေး တို့အတွက် ဦးတည်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

စီးပွား/ကူးသန်းဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော  အမျိုးသားပို့ကုန် မဟာဗျူဟာ တွင် ပါဝင်သောခရီးသွားလုပ်ငန်းကဏ္ဍ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အတွက် စီးပွား/ကူးသန်း ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာနနှင့် နယ်သာလန်နိုင်ငံရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်များမြှင့်တင်ရေးဗဟိုဌာန(CBI)တို့ နယ်သာလန်နိုင်ငံ Trust Fund III အစီအစဉ်ဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း အတွက် စီမံကိန်းသဘောတူလက်မှတ်ရေးထိုးခြင်းကို ၂၀၁၄ခုနှစ် သြဂုတ်လ ၂၆ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ စီမံကိန်းကာလမှာ ၂၀၁၄ခုနှစ်မှ ၂၀၁၇ခုနှစ် အထိဖြစ်ပြီး စီမံကိန်း တန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၁.၉ သန်းဖြစ်ပါသည်။

ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ခြင်းအတွက် ကယားပြည်နယ်ကိုဦးစွာ ရွေးချယ်၍ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသောအသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေ:၊ ဒေသရှိအသေးစားနှင့်အလတ်စား လုပ်ငန်းများကိုတန်ဘိုးကွင်းဆက်ဖြစ်စဉ် တစ်လျှောက်ပို့ကုန် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ခရီးသွားကဏ္ဍနှင့် ဒေသတွင်းရောင်းဝယ်ချိတ်ဆက်မှုများ၊ နည်းပညာဆိုင်ရာပူးပေါင်းမှုများ တိုးတက်ကောင်းမွန်လာစေရေးတို့ အတွက် ဦးတည် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ကယားပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကယားပြည်နယ်အခြေပြုအားလုံး ပါဝင် သော ခရီးသွားလုပ်ငန်းစီမံချက် ကြီးကြပ်မှုကော်မတီ (Project Steering Committee) ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ခရီးသွားလုပ်ငန်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ(ProjectSteering Committee) အစည်းအဝေးကို ၆ လ တစ်ကြိမ်ကျင်းပပြုလုပ်ပါသည်။

၂၀၁၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ပထမအကြိမ် PSC Meeting ကို ရန်ကုန်မြို့တွင် လည်းကောင်း၊ ဒုတိယအကြိမ် PSC Meeting ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကယားပြည်နယ် လွိုင်ကော်မြို့တွင် လည်းကောင်း၊တတိယအကြိမ် PSC Meeting ကို နေပြည်တော်ရှိ၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် မင်္ဂလာသိရိဟိုတယ်(နေပြည်တော်) တွင်လည်းကောင်းကျင်းပပြုလုပ်ခဲ့ပါသည်။

 

ခရီးသွားလုပ်ငန်းစီမံချက်စီမံကိန်းသဘောတူလက်မှတ်ရေးထိုးခြင်းခြင်းအခမ်းအနား (၂၆.၈.၂၀၁၄)မှတ်တမ်းဓါတ်ပုံ

 

ခရီးသွားလုပ်ငန်းစီမံချက်စီမံကိန်းသဘောတူလက်မှတ်ရေးထိုးခြင်းခြင်းအခမ်းအနား (၂၆.၈.၂၀၁၄) မှတ်တမ်းဓါတ်ပုံ

 

ကယားပြည်နယ်ခရီးသွားလုပ်ငန်းစီမံချက်  ကြီးကြပ်မှုကော်မတီ Project Steering Committee ဒုတိယအကြိမ်အစည်းအဝေး(၂၉.၉.၂၀၁၅)၊(၃၀.၉.၂၀၁၅) ကယားပြည်နယ်၊လွိုင်ကော်မြို့

 

ကယားပြည်နယ်ခရီးသွားလုပ်ငန်းစီမံချက်  ကြီးကြပ်မှုကော်မတီ Project Steering Committee တတိယအကြိမ်အစည်းအဝေး(၂၆.၄.၂၀၁၆) ၊ပြည်ထောင်စုဝန်ကြီးမှအဖွင့်မိန့်ခွန်းပြောကြားစဉ်

 

ကယားပြည်နယ်ခရီးသွားလုပ်ငန်းစီမံချက်  ကြီးကြပ်မှုကော်မတီ Project Steering Committee တတိယအကြိမ်အစည်းအဝေး(၂၆.၄.၂၀၁၆) ၊မှတ်တမ်းဓါတ်ပုံ၊မင်္ဂလာသီရိဟိုတယ်၊နေပြည်တော်

 

ကယားပြည်နယ်ခရီးသွားလုပ်ငန်းစီမံချက်  ကြီးကြပ်မှုကော်မတီ Project Steering Committee တတိယအကြိမ်အစည်းအဝေး(၂၆.၄.၂၀၁၆) ၊မင်္ဂလာသီရိဟိုတယ်၊နေပြည်တော်တွင် ITC မှ Project Manager Ms.Marie Claude Frauenrath လုပ်ငန်းတိုးတက်မှုအခြေအနေဆောင်ရွက်ချက်များရှင်းလင်းတင်ပြခြင်း