၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းစတင်သည့် အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC - II) ၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော် ဒုတိယ သမ္မတ (၂) ဦးဉာဏ်ထွန်း တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတ(၂)၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာနမှတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်သံရုံးများမှကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၂၄၃)ဦး တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ မြန်မာကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ( Myanmar Trade Development Committee- MTDC) ညှိနှိုင်း အစည်းအဝေးအခမ်းအနားကို နေပြည်တော်၊ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂) တွင် ၂၅.၃.၂၀၁၅ ရက်နေ့၊ နေ့လည် (၁၃:၃၀)နာရီတွင် ကျင်းပပြု လုပ်ခဲ့ ပါသည်။

အခမ်းအနားသို့ မြန်မာကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ကဏ္ဍအသီးသီးမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ကြပါသည်။

နိုင်ငံတော် ဒုတိယသမ္မတ(၂) အဖွင့်အမှာစကားပြောကြားစဉ်

 

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် အမှာစကားပြောကြားစဉ်

 

နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာနမှ Executive Director, Ms. Arancha Gonzalez အမှာစကားပြောကြားစဉ်

 

ကမ္ဘာ့ဘဏ်မှ Country Director, Mr. Ulrich Zachau အမှာစကားပြောကြားစဉ်

 

အမျိုးသားပို့ကုန်မဟာဗျူဟာ စတင်အကောင်အထည်ဖော်သည့် အခမ်းအနားသို့ တက်ရောက်လာကြသူများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း