စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊
National Trade Portal and Trade Repository တည်ထောင်ထားရှိမှု နှင့်စပ်လျဉ်းသည့် Beta Version
စတင်ထုတ်လွှင်မှုကို ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့
တက်ရောက်ဆွေးနွေး လမ်းညွှန်ခြင်း။

နေပြည်တော်၊ မေ ၅ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကောင် အထည်ဖော်ဆောင်လျှက်ရှိသော National Trade Portal and Trade Repository တည်ထောင်ထားရှိမှု နှင့်စပ်လျဉ်းသည့် Beta Version စတင်ထုတ်လွှင်မှုကို ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့ နေ့လည် ၁၄ ၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် USAID မှ Mr. Steve Parker ဦးဆောင်သော တာဝန်ခံ ကိုယ်စားလှယ်(၅) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

National Trade Portalတည်ထောင်ထားရှိမှုကိုဘာသာရပ်တာဝန်ခံမှရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ USAID အနေဖြင့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုပေးရေးနှင့်  Trade Portal တည်ထောင်ထားရှိမှုကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးများကို အပြန်အလှန် ဆွေးနွေးလမ်းညွှန်မှုပြုခဲ့ပါသည်။