စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်၊ ATIGA Gap Assessment နှင့်
စပ်လျဉ်းသည့်  Implementing ATIGA to link up to ASEAN Value Chains Workshop သို့
တက်ရောက် အမှာစကားပြောကြား။

နေပြည်တော်၊ မေ ၂   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူုးကျင်းပ သော ATIGA Gap Assessment နှင့် စပ်လျဉ်းသည့် Implementing ATIGA to link up to ASEAN Value Chains အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉:၀၀ နာရီအချိန်က နေပြည်တော် ဟိုတယ်ဇုန်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့် တက်ရောက် အမှာစကားပြောကြားသည်။

အမြဲတမ်းအတွင်းဝန်မှ အမှာစကားပြောကြားရာတွင် အာဆီယံစီးပွားရေးအသိုက် အဝန်းအခြေတည်ရာ AEC Blueprintကို အကောင်အထည်ဖော်ရာမှာ ဘာသာရပ် အလိုက် ဌာနများအနေဖြင့် လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ ရှိသလို၊ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိသည့် ကဏ္ဍများလည်း ရှိနေဦးမှာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ အကောင်အထည်ဖော်ဆောင်ရွက်မှုများ၏ အဓိကကျောရိုး ဖြစ်သည့် အာဆီယံ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်ပါ အခန်းပေါင်း(၁၁) ခန်းထဲက ပုဒ်မပေါင်း(၉၈) ခုမှာ ဘယ်လောက်ထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာ ကမ္ဘာ့ဘဏ်က ကူညီစစ်တမ်းပြုစုပေးထားခြင်း ဖြစ်ကြောင်း၊ အစီရင်ခံစာတွင် ကဏ္ဍ(၅)ခု ဖြစ်သည့် ပွင့်လင်းမြင်သာရှိရေး၊ကုန်သွယ်မှုလျင်မြန် ချောမွေ့ရေး၊ ဖော်ထုတ်ထားတာတွေ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် အာဆီယံရဲ့ လွတ်လပ်သောကုန်သွယ်မှုဆိုတာကို အကျိုးရှိရှိ လိုက်ပါဆောင်ရွက်နိုင်ဖို့အတွက် အားနည်းချက်၊ အားသာချက်များရှိနေမှာ ဖြစ်သည်။ သို့ပါ၍ အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ်အပေါ် လိုက်ပါဆောင်ရွက် နိုင်မှု၊ လိုအပ်နေသော ကွာဟချက်များ၊ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျန်ရှိနေမှုများကိုဖော်ထုတ်ပြီး၊ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် အကူအညီလိုအပ် သည်များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်းနှင့် ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် ပြောကြားသည်။

ယင်းနောက် World Bank မှ အတိုင်ပင်ခံများဖြစ်ကြသော Mr. Sjamsu Rahardja နှင့် Mr.Fabio Artuso တို့အပါအဝင် အဖွဲ့ဝင်(၆)ဦးတို့မှ အစီရင်ခံစာနှင့်ပတ်သက်၍ ဌာနအကြီးအကဲများနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများသို့ ရှင်းလင်းဆွေးနွေးခြင်း၊ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပါသည်။ဆက်လက်၍ မရှင်းလင်းသည်များ၊ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြ ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုန်သွယ်မှုနှင့်ဆက်စပ်သည့် အစိုးရဌာနများမှ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ၊ World Bank မှ ကျွမ်းကျင်ပညာရှင်များ၊ စုစုပေါင်း (၇၀) ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။