The future plans regarding with Implementation of Trade Facilitation Agreement Trade
Facilitation Agreement နှင့်ပတ်သက်၍  ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်များ

Trade Facilitation Agreement သည်အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ၌  ကျင်းပပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် WTO Ministerial Confercnec (9th MC, Bali)တွင် ဝန်ကြီးများက သဘောတူခဲ့ကြပြီးဖြစ်ကာ WTO အဖွဲ့ဝင်နိုင်ငံအားလုံး၏  ၃ ပုံ ၂ ပုံက Acceptance of Protocol of Amendment of WTO ရုံးသို့ပေးပို့ပြီးချိန်တွင် စတင်အသက်ဝင်မည် ဖြစ်ပါသည်။

    မြန်မာနိုင်ငံအနေဖြင့်လည်း ယင်းကိုဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။  မြန်မာနိုင်ငံအနေဖြင့် အဆိုပါသဘောတူညီချက်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အောက်ပါအတိုင်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထား ပြီးဖြစ်ပါသည်-

National Trade Facilitation Implementation Plan ကို UNCTAD ၏  ကျွမ်းကျင်မှု အကူအညီကို ရယူကာ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင် ဆောင်ရွက်လျက် ရှိပါသည်။
ထိုင်းနိုင်ငံအခြေစိုက် UNESCAP မှကျွမ်းကျင်သူများက WTO Trade Facilitation ဆိုင်ရာ Knowledge sharing Seminar ကို ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် လာရောက်ကျင်းပခဲ့ရာ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများက ပါဝင်ဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် WTO Trade Facilitation Agreement ကို အကောင်အထည်ဖော်ရန် အခက်အခဲရှိသည့် Category C ပါ measures များကို အကောင်အထည်ဖော်နိုင်ရန်  World Bank, UNCTAD နှင့် ဂျပန်နိုင်ငံတို့က ကမ်းလှမ်းခဲ့ကြသည်။ အခြားဖွံ့ဖြိုးမှုမိတ်ဖက်များကလည်း ကူညီပံ့ပိုးပေးရန် ဆန္ဒရှိပါကြောင်း၊ ကမ်းလှမ်းထားမှုများ ရှိနေပါသဖြင့် ယင်းကို ချောမောအဆင် ပြေစွာ ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါသည်။
National Trade Facilitation Committee ကိုအထက်အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ရယူပြီး ဖွဲ့စည်း ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။
ထို့ပြင်  Trade Facilitation  Agreement Facility (TFAF) အစီအစဉ်နှင့် စပ်လျဉ်း၍ အောက်ပါတို့ကို ဆောင်ရွက်လျက်ရှိပါသည်-

သက်ဆိုင်ရာနိုင်ငံများအနေဖြင့် Trade Facilitation Agreement အရ အကောင်အထည် ဖော်ရမည့် လုပ်ငန်းစဉ်များကို စာချု့်အသက်ဝင်သည်နှင့်  အကောင်အထည်ဖော်ရမည့် လုပ်ငန်း (လုပ်ငန်းအုပ်စု - A) ၊ သင့်တော်မည့်နှစ်အပိုင်းအခြားအလိုက် အချိန်ယူကာ  အကောင်အထည်ဖော်ရမည့် လုပ်ငန်း (လုပ်ငန်းအုပ်စု -B) ၊ သင့်တော်မည့်  နှစ်အပိုင်း အခြားအလိုက် အချိန်ယူရမည့် အပြင်  နည်းပညာနှင့် ငွေကြေးအကူအညီရယူပြီးမှ  အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းများ  (လုပ်ငန်းအုပ်စု - C) ၊ စသည်ဖြင့် လုပ်ငန်း အုပ်စု A,B,C ခွဲခြားသတ်မှတ်နိုင်ရေးအတွက် သင့်တော်သည့်  အကူအညီများကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ တစ်ဆင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တောင်းခံ၍ ဆောင်ရွက်သွားပါမည်။
Trade Facilitation Agreement အားအကောင်အထည်ဖော်နိုင်ရေးအတွက်  လိုအပ်သော အထောက်အပံ့များပေးသည့် အလှူရှင်နိုင်ငံများ ရှာဖွေဆောင်ရွက် သွားပါမည်။
လုပ်ငန်းအုပ်စု A,B,C သတ်မှတ်ပြီးပါက အလှူရှင်နိုင်ငံများက ကူညီမည့်  အစီအစဉ်ဆိုင် ရာသတင်းအချက်အလက်များ ရယူနိုင်မည့် နည်းလမ်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင် ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ တစ်ဆင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ တောင်း ခံရန် ဆောင်ရွက်သွားပါမည်။
မိမိနိုင်ငံ ရေတို/ရေရှည် လိုအပ်ချက်များအရ အကူအညီတောင်းခံ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ထို့အပြင် မိမိတို့နိုင်ငံအနြေ့ဖင့် Trade Facilitation Agreement အားအတည်ပြုလက်ခံ ကျင့်သုံးမည်ဖြစ်ကြောင်း Ratification (Accpetence of the protocol of Amendment) အားမည်ကဲ့သို့  ပြုလုပ်ရမည်ကို ရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက်တောင်းခံထားရာ ရှေ့နေချုပ်ရုံးမှ အဆိုပါ  TF (Acceptance of Protrocol) ကိုစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီသို့်  လုပ်ထုံးလုပ်နည်းနှင့်အညီ  ဆက်လက်တင်ပြပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အကြောင်း ကြားသွားရန် သဘောထားမှတ်ချက်ပြုထားသည့်အတွက် အဆိုပါ သဘောထားမှတ်ချက် အတိုင်းဆက်လက်ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှတစ်ဆင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ၂၀၁၅ ခုနှစ်၊  ဒီဇင်ဘာလ (၁၅) ရက်နေ့မှ (၁၈) ရက်နေ့အထိ  ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၁၀) ကြိမ်မြောက်  ဝန်ကြီးများအဆင့် ညီလာခံတွင် ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။
၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏  အဖွဲ့ဝင်နိုင်ငံအသစ်အဖြစ် ဝင်ရောက်လာ ခဲ့သော ဆေးရှဲလ်နိုင်ငံက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏  ကုန်သွယ်မှုလွယ်ကူ လျင်မြန် ချောမွေ့စေရေး သဘောတူညီချက်အား (၁၁-၁-၂၀၁၆)  ရက်နေ့တွင် (၆၆) နိုင်ငံမြောက် အဖြစ်အတည်ပြုပါဝင်ခဲ့သည်။  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့ သော (၉) ကြိမ်မြောက် ဝန်ကြီးများအဆင့် ညီလာခံအစည်းအဝေး (ဘာလီ) တွင် အဖွဲ့ဝင် နိုင်ငံများ၏ တူညီဆန္ဒဖြင့် သဘောတူညီမှုကို ရရှိခဲ့သော ကုန်သွယ်မှုလွယ်ကူလျင်မြန် ချောမွေ့စေရေး သဘောတူညီချက်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် စုစုပေါင်း (၁၆၂) နိုင်ငံ၏  (၃) ပုံ (၂) ပုံမှ အတည်ပါဝင်ပြီးချိန်၌ စတင်အသက်ဝင်မည်ဖြစ်ပြီး ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်း (၇၀) နိုင်ငံမှ  အတည်ပြုပါဝင်ခဲ့ပြီးဖြစ်ရာ  Instrument of Ratification ထပ်မံပေးပို့ရန်  နိုင်ငံပေါင်း(၃၈) နိုင်ငံသာ လိုပါတော့သည်။
အတည်ပြုပါဝင်ပြီးကြောင်း စာချွန်လွှာပေးပို့ပြီးသော နိုင်ငံပေါင်း (၇၀)နိုင်ငံတွင်  အာဆီယံ နိုင်ငံများမှ စင်္ကာပူ၊ မလေးရှား၊ လာအို၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ဘရူနိုင်းနှင့် ကမ္ဘော ဒီးယားတို့ပါဝင်ပြီး ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ကလည်း  အတည်ပြုပါဝင်ပြီးကြောင်း စာချွန်လွှာ အမြန်ဆုံးပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။