(Trade Developmnet Programme – TDP) စီမံကိန်း အကြောင်းအရာ အကျဉ်းချုပ်

 

စီမံကိန်းအမည် - ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်
စာချုပ်အမှတ် - တိုက်ရိုက်မဟုတ်သော စီမံခန့်ခွဲရေးကိုယ်စားလှယ်အဖွဲ့ဆိုင်ရာ သဘောတူညီချက်
နိုင်ငံ - မြန်မာနိုင်ငံ
စာချုပ်အာဏာပိုင် - မြန်မာနိုင်ငံတော်ဆိုင်ရာဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့
စာချုပ်အာဏာပိုင် - မြန်မာနိုင်ငံတော်ဆိုင်ရာဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့
စာချုပ်ချုပ်ဆိုသူ - GIZ – Myanmar / Private Sector Development Project
အချိန်ကာလ - (၁-၁-၂၀၁၅) မွ (၃၁-၁၂-၂၀၁၇) ထိ
ဘဏ္ဍာရေး - ဥရောပသမဂ္ဂနှင့် ဂျာမဏီနိုင်ငံ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန တို့မှ ပူးပေါင်းထောက်ပံ့သည့် ယူရိုငွေ ၁၀.၅ သန်း
အကျိုးခံစားရသည့် ဌာနအဖွဲ့အစည်း -

• စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန • မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန • လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန • ကျန်းမာရေးဝန်ကြီးဌာန • သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန • ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန (အကောက်ခွန်ဦးစီးဌာန)

ရည်ရွယ်ချက် - နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးတွင် ကုန်သွယ်မှုမူဝါဒဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင် အထည်ဖော်ရေးအတွက် စွမ်းဆောင်ရည်မြင့်မားစေရန်။
အဓိကရလာဒ်များ -
 
ရလဒ်(၁)   ကုန်သွယ်မှုမူဝါဒကိုလေ့လာဆန်းစစ်ခြင်း၊ ပုံဖော်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အတွက် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကြိုးပမ်းဆောင်ရွက်သူများ၏ စွမ်းဆောင်ရည်များ တိုးပွားရရှိ စေခြင်း။

ရလဒ်(၂)   ဥပဒေနှင့် ညီညွတ်သော သွင်းကုန်ထုတ်ကုန်လုပ်ငန်းများကို လျင်မြန်ချောမွေ့စွာဆောင်ရွက် နိုင်ရေးအတွက် အထောက်အကူဖြစ်စေခြင်း။

ရလဒ်(၃)   မြန်မာနိုင်ငံ၏ အပင်၊ လူနှင့်တိရစ္ဆာန်တို့ ပိုးမွှားကင်းစင်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များကို (SPS) သဘောတူညီချက်နှင့် လိုက်လျောညီထွေကိုက်ညီမှု ရှိစေခြင်းနှင့် ရွေးချယ်ဆောင် ရွက်သည့်ကဏ္ဍများတွင် ဥရောပသမဂ္ဂ၏ သတ်မှတ်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေခြင်း။

ရလဒ်(၄)   နိုင်ငံတကာကုန်သွယ်မှုနှင့် အတားအဆီးများကို လျော့ချနိုင်ရန်အတွက် အမျိုးသားအဆင့် အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း။

စီမံကိန်းအခြေအနေ - စီမံကိန်းစတင်သည့်နေ့ - ၂၀၁၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့ စီမံကိန်းအခြေတည်သည့်အဆင့် - ၂၀၁၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အကောင်အထည်ဖော်သည့်အဆင့် - ဆောင်ရွက်နေဆဲ
စီမံကိန်း၏ အကြီးအကဲ - GIZ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ (BMZ မှရန်ပုံငွေကျခံသည့် စီမံကိန်း ) Ms.Irina Scheffmann
အဖွဲ့ခေါင်းဆောင် - Mr.Frits Hendriks
အစီရင်ခံရေးသားပြုစုသူ - Mr.Frits Hendriks
အစီရင်ခံစာတင်သွင်း သည့်နေ့စွဲ - ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်

 

၁။       ဤအစီရင်ခံစာသည် ကုန်သွယ်မှုဖွံ့ြုဖိုးတိုးတက်ရေးအစီအစဉ်၏ လုပ်ငန်းတိုးတက်မှု ပထမ အစီရင်ခံစာ ဖြစ်ပါသည်။ ဤအစီရင်ခံစာတွင် ကနဦးအစီရင်ခံစာကို အတည်ပြုခဲ့သည့် ၂၀၁၅ ခု၊ ဇူလိုင်လကုန်မှစ၍ နိုဝင်ဘာလလယ်အတွင်း စီမံကိန်းဆောင်ရွက်ချက်များကို အကျဉ်းချုပ်ဖော်ပြထားပါသည်။ (TDP) စီမံကိန်းကော်မတီ ၏ လုပ်ငန်းဆောင်ရွက်မှုခွင့်ပြုချက် လိုအပ်ခြင်းကြောင့် စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်မှုတို့ကို လေးလပတ်တာကာလအပေါ် အခြေခံဆောင်ရွက်နေသဖြင့် တစ်နှစ်လျှင် သုံးကြိမ်ဖြင့် ခွဲခြားဆောင်ရွက်နေပါသည်။ ဤလုပ်ငန်း တိုးတက်မှု အစီရင်ခံစာသည် ယခင်အကောင်အထည်ဖော်ပြီးသော ကိစ္စရပ်များကို ပြန်လှန်သုံးသပ်ရုံမျှမက နောင်လာမည့် လေးလပတ်ကာလများနှင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ဧပြီလ တို့တွင် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းများကိုပါ ကြိုတင်စီမံဖော်ပြထားခြင်း ဖြစ်ပါသည်။

၂။       ပြီးခဲ့သည့် လေးလတာကာလတွင် လုပ်ငန်းများ အကောင်အထည်ဖော်ရာု၌ ကြီးမားသည့် အခက်အခဲအတားအဆီးဟူ၍ မတွေ့ရဘဲ အကျိုးခံစားရရှိသည့် ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုများ သည်လည်း ထိရောက်သော အကျိုးတူပူးပေါင်းဆောင်ရွက်မှုများအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ နိုဝင်ဘာလ အစောပိုင်းတွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲကာလတွင်လည်း စီမံကိန်း အခြေအနေမှာတည်ငြိမ်စွာနှင့် ရှေ့ဆက်ပုံမှန် တိုးတက်ဖြစ်ပေါ်ခဲ့လျက်ရှိခဲ့ပါသည်။ တူညီသော လုပ်ငန်းနယ်ပယ်များ တွင် အခြားဖွံ့ဖြိုးတိုးတက်မှု လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အချို့သောနယ်ပယ်များတွင် အစည်းအဝေးများ၌ ပုံမှန်ပြုလုပ်ခြင်း၊ သတင်းအချက်အလက်မျှဝေခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ (EIF) ၏Tier 1 စီမံကိန်းကို အတည်ပြုပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ရေး ယူနစ်ဖွဲ့စည်း၍ ဝန်ထမ်းများခန့်ထားကာ စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ အဆိုပါယူနစ်သည် TDP စီမံကိန်းနှင့်အတူ နေပြည်တော်တွင် ရုံးထိုင်ကာ နီးကပ်စွာ အတူပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ပါသည်။

၃။       ကုန်သွယ်မှုမူဝါဒနယ်ပယ်နှင့် ပတ်သက်၍ လွန်ခဲ့သည့် ယခင်ကာလက ဆောင်ရွက်ခဲ့သော လုပ်ငန်းများသည် အစည်းအဝေးများကျင်းပခြင်း၊ ခေါင်းစဉ်များ ခွဲခြားဆွေးနွေးခြင်း၊ ပုံစံများဖြင့် ကြိုတင်ပြင်ဆင်သည့် သဘောကို အဓိကထားခဲ့ကြပါသည်။ ချမှတ်ထားသော လုပ်ငန်းများကို အခြားလုပ်ငန်းစီမံချက်များဖြင့်  အကောင်အထည်ဖော်ခဲ့ကြစဉ်တွင် စားရင်းဇယားကဲ့သို့ လုပ်ငန်းနယ်ပယ်များအတွက် အဆိုပြုလုပ်ငန်းများကို စေ့စပ်စွာ စစ်ဆေးမှုများသည် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် အခက်အခဲများ တွေ့ကြုံစေမှုအား လျော့ပါးစေခဲ့ပါသည်။ ထူးထူးခြားခြားသတိပြုမိသည့်အချက်မှာ စီမံကိန်းကာလအသစ်၏ အစပိုင်းတွင် လုပ်ငန်းများစွာကို ဆောင်ရွက်ခဲ့ကြရာ၊ ယင်းလုပ်ငန်းများသည် ပြီခဲ့သော ကာလအတွက်သာဖြစ်နေပြီး ကုန်သွယ်မှုမူဝါဒနယ်ပယ်တွင် လုပ်ငန်းစတင်မှုကို နှေးကွေးစေကြောင်း ထင်ဟပ်ဖော်ပြနေပါသည်။

၄။       ကုန်သွယ်မှုမြှင်တင်ရေးအတွက် လုပ်ငန်းဌာနခွဲတစ်ရပ်ကို ဖွဲ့စည်းထားပြီး ၎င်းသည် အခြားဖွဲ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်သူများနှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။ TDPအနေဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဦးစားပေးအစီအစဉ်များ ဖြစ်သည့်နယ်ပယ်သုံးရပ်အပေါ် အလေးထားဆောင်ရွက်လျှက်ရှိပါသည်။ အဆင့်မြင့် အထောက်အကူများအသုံးပြု၍ ကုန်သွယ်မှုအချက်အလက်လေ့လာဆန်းစစ်ရေးသင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ ဆက်လက်၍ သင်တန်းမှ ရရှိသော စွမ်းရည်နှင့်ကျွမ်းကျင်မှုများကို လက်တွေ့အသုံးချ၍ ဥရောပသမဂ္ဂဈေးကွက်သို့ တင်ပို့မည့် ထုတ်ကုန်အုပ်စု (၆)ခု၏ အလားအလာကို ဆန်းစစ်မှုများ ပြုလုပ်လျှက်ရှိပါသည်။ မြန်မာ့ကုန်သွယ်ရေးစင်တာတွင် Euro Info Desk စင်တာကို တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်နေပါသည်။ 

၅။       အစီရင်ခံသည့် ကာလအတွင်းရလဒ်တစ်ခုမှာ TDP ကျွမ်းကျင်သူများအဖွဲ့အနေဖြင့် အထောက်အကူပြုမှု အမျိုးအစားများနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနနှင့် နားလည်မှု တည်ဆောက်နိုင်ခဲ့ကြခြင်းဖြစ်ပါသည်။ ပင်မအထောက်အကူများကို ပထမအဆင့်အနေဖြင့် ပေးအပ်သွားမည်ဖြစ်ပါသည်။ ကုန်သွယ်မှုလွယ်ကူအဆင်ပြေစေ ရေးစီမံကိန်းဘောင်အတွင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရေးအတွက် အကူအညီပေးရန် TDPအား အကောက်ခွန်ဦးစီးဌာနက မေတ္တာရပ်ခံခဲ့သော်လည်း သတ်မှတ်ကာလအတွင်းတွင် အဓိကနယ်ပယ်သုံးရပ်အပေါ် ပြောင်းရွေ့အလေးထားဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ကုန်ပစ္စည်း အမျိုးအစားခွဲခြားရေးအတွက် HS Code စနစ် အသုံးပြုခြင်းနှင့် စေ့စပ်ညှိနှိုင်းမှုဖြင့် နယ်စပ်ရေးရာစီမံခန့်ခွဲမှုစနစ်တို့တွင် TDPက အကောက်ခွန်ဦးစီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အား အထောက်အကူပြုသွားမည် ဖြစ်ပါသည်။

၆။       စီမံကိန်းလုပ်ငန်းရပ်အများစုကို စတင်ဆောင်ရွက်ရတွင် အစားအသောက်ဘေးကင်းလုံခြုံမှု၊ သန့်ရှင်းသပ်ရပ်မှုနှင့် လူ၊ တိရစ္ဆာန်နှင့် အပင်ပိုးမွှားစစ်ဆေးရေးလုပ်ငန်းအစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အစားအသောက် ဓါတ်ခွဲခန်း (၁၁)ခုက နည်းပညာစွမ်းရည်ဖြင့် စမ်းသပ်စစ်ဆေးမှုလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ စတင်ဆောင်ရွက်မှုက ငါးလုပ်ငန်းဦးစီးဌာနမှ တိုးချဲ့အရာထမ်းများ၊ ရေလုပ်ငန်းဆောင်ရွက်သူများ၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူများ၊ မွေးမြူရေးအစာဖြန့်ချီသူများနှင့် တိစ္ဆာန်ဆေးဝါးဖြန့်ဖြူးသူများအတွက် ကောင်းမွန်သန့်ရှင်းသည့် ရေလုပ်ငန်းဆိုင်ရာ ကျင်သုံးမှုလမ်းညွှန်ချက်များကို ရင်းမြစ်ကျကျ သိရှိသဘောပေါက်ကာ လိုက်နာစေရေးအတွက်သင်တန်း ငါးခုကို စီစဉ်ဖွင့်လှစ် ပို့ချပေးရန် ပြင်ဆင်အကောင်အထည်ဖော်ခဲ့ပါသည်။ ထို့အပြင် ငါးလုပ်ငန်းဏ္ဍတွင် အခြားပါဝင်သော လုပ်ငန်းရပ်များမှာ National Residues Monitoring Plan နှင့်ပတ်သက်သည့် စည်းမျဉ်းသစ်များအပေါ် သိမြင်နားလည်ရေးလုပ်ငန်းများအတွက် ထောက်ကူမှုတို့ဖြစ်ပါသည်။ တရားဝင်မဟုတ်သော၊ တင်ပြခြင်းမရှိသော စည်းမျဉ်းနှင့်လည်းကိုက်ညီမှုမရှိသော တရားမဝင်သည့် ငါးဖမ်းမှုနှင့်ပတ်သက်၍ ကျင့်သုံးရမည့်လမ်းညွှန်ချက်များ နှင့်အညီ ရင်းမြစ်ကျကျ နားလည်သဘောပေါက်ကာ လိုက်နာဆောင်ရွက်ရေးအတွက် အမျိုးသားစီမံကိန်းတစ်ရပ် ချမှတ်နိုင်ရေးအလိုငှာ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေပါသည်။ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် လမ်းညွှန်ချက်များ နှင့်အညီ ပဲတီစိမ်းပင်စိုက်ပျိုးနိုင်ရန် ပဲတီပင်အစေ့အညှောက်ဖောက်ခြင်းကဏ္ဍဆိုင်ရာ သင်တန်းအစိအစဉ်တစ်ခု ကိုလည်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ စီစဉ်ထားသည့် သင်တန်းငါးခုအနက် နှစ်ခုကို အစီရင်ခံသည့် ကာလအတွင်း ဖွင့်လှစ်ပို့ချခဲ့ပြီး ဖြစ်ပါသည်။

၇။       အမျိုးသားအဆင့် အခြေခံအဆောက်အအုံ အရည်အသွေးမြှင့်တင်ရေးနယ်ပယ်နှင့် ပတ်သတ်၍ လုပ်ငန်း များ ကိုကြိုတင်ပြင်ဆင်မှုအစည်းအဝေးများတွင် ဆွေးနွေးကာ လက်ရှိအခြေအနေနှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ အပေါ်သုံးသပ်မှုများပြုလုပ်ခဲ့ကြပါသည်။ အချို့သောအလှူရှင်အဖွဲ့အစည်းများအနေဖြင့် ဤနယ်ပယ်တွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေကြသောကြောင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် အကျိုးရလဒ်များရရှိခံစား နေ သော်လည်း ထိုလက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းအများအပြားကိုဆောင်ရွက်နေရသဖြင့် TDP တွင် ပါဝင်ဆောင်ရွက်နိုင် မှုအတွက်အချိန်မပေးနိုင်ဘဲဖြစ်ခဲ့ပြီး အကျိုးသက်ရောက်မှုအားနည်းနေပါသည်။ ယှဉ်ပြိုင်မှုဌာနခွဲနှင့် စားသုံးသူရေးရာ ဌာနခွဲတို့အတွက်အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းတို့ကိုသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။

၈။       အစီအရင်ခံသည့် ကာလအတွင်းအသုံပြုသည့် ရင်းမြစ်အထောက်အထားများမှာ အဓိကအား ဖြင့် ကာလရှည် ဆောင်ရွက်ပေးသည့် နိုင်ငံတကာနှင့် ဒေသတွင်းမှ ကျွမ်းကျင်သူပညာရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုကာလ (၃၉၉) ရက်နှင့် (၂၄၄) ရက်တာကာလအတွင်း အသီးသီးပြုစုထားသည့်အချက်အလက် ၊အယူအဆများနှင့်အကြံဉာဏ်များ အပေါ် အခြေခံပြုစုထားခြင်းဖြစ်ပါသည်။၎င်းအပြင် နိုင်ငံတကာနှင့် ဒေသခံ ကာလတိုဆိုင်ရာ ကျွမ်းကျင်ပညာရှင် များ ကလည်း ၂၀၁၅ ခုနှစ်၊ ဇွန်လမှ အောက်တိုဘာလအထိ လုပ်ငန်းကာလ (၁၆၈) ရက်အထိ ဆောင်ရွက်ပေးခဲ့ကြ ပါသည်။ ဘဏ္ဍာရေးနှင့်ပတ်သတ်၍ ၂၀၁၅ ခုနှစ် ၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဘဏ္ဍာငွေခွဲဝေပေးမှုမှာ (၈၇၁၇၄၃.၈၀)ယူရိုသာရှိခဲ့ပါသည်။ပထမနှစ် ကာလအတွင်း ကနဦးဘဏ္ဍာငွေကို ယူရို ငါးသန်းခန့်အဆိုပြုရန် ခန့် မှန်းထားသော်လည်း ဘဏ္ဍာငွေကွာဟချက်၏ အဓိကအကြောင်းအရင်းမှာ ရုံးဌာနအသုံးအဆောင်ပစ္စည်းနှင့် အခြား အထောက်အပံပစ္စည်းများ ဖြည့်တင်းရေးအတွက် သုံးစွဲငွေမှာ ခွဲဝေဘဏ္ဍာငွေ၏ ထက်ဝက်ခန့် ကုန်ကျခဲ့သဖြင့် လျာထားချက်မကိုက်ညီဘဲ ထိုကုန်ကျငွေများကို ၂၀၁၆ခုနှစ်၏ အသုံးစရိတ်သို့ ထည့်သွင်းတွက်ချက်လိုက်ရသော ကြောင့်ပင်ဖြစ်ပါသည်။

၉။       အစီရင်ခံစာကာလပြီးဆုံးချိန်တွင် နည်းပညာဆိုင်ရာ အကူအညီပေးရေးအဖွဲ့(TAT) တွင်အချိန်ပြည့်အဖွဲ့ဝင် (၁၄) ဦးရှိပြီး အခြားနိုင်ငံတကာ GIZ ဝန်ထမ်း(၃)ဦးတို့မှာအချိန်ပိုင်းစနစ်ဖြင့် TDP တွင်ဆောင်ရွက်ကြပါသည်။ TDP ရုံးသုံးခုမှာ နေပြည်တော်တွင် တစ်ရုံးနှင့် ရန်ကုန်တွင်နှစ်ရုံးရှိရာ  ပြည်လည်ပြုပြင် မွမ်းမံထားပြီး ရုံးသုံးပရိဘောဂ အသုံးအဆောင်များလည်းဖြည့်ဆည်းထာရှိပါသည်။ ဆက်သွယ်ရေးနှင့် အသိပညာပေးရေးစီမံကိန်းတစ်ရပ်ကို ဥရောပ သမဂ္ဂရေးရာအဖွဲ့အစည်း(EUD) နှင့် အတူရေးဆွဲကာ ဆောင်ရွက်ရန်သဘောတူညီချက် ရရှိထားပြီးဖြစ် ပါသည်။သတင်းနှင့်ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကို အချိန်ပြည့်ဌာရမ်းထားပြီး၎င်းအနေဖြင့်နောက်လေး လပတ်ကာလမှစ၍လုပ်ငန်းစတင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ TDP ၏သတင်းထုတ်ပြန်မှုဆိုင်ရာ လုပ်ဆောင် ချက်မှာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၆) ရက်တွင်ပြုလုပ်သည့်စီမံကိန်းတရားဝင် စတင်သည့် အခမ်းအနားဖြစ် ပြီး ထိုအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ဥရောပသမဂ္ဂမှ သံအမတ်ကြီး တို့တက်ရောက်ခဲ့ကြပါသည်။ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာစေသည့် အခြားဆောင်ရွက်ချက် တစ် ခုမှာ ရေလုပ်ငန်းဆိုင်ရာ လိုက်နာကျင့်သုံးရမည့် လမ်းညွှန်ချက်အောင်လက်မှတ်များ Good Aquaculture Practices (GAqP) ကိုဥရောပသမဂ္ဂ သံအမတ်ကြီးရှေ့မှောက်တွင် ပေးအပ်သည့်အခမ်းအနားဖြစ်ပါသည်။

၁၀။     နောက်တစ်ကြိမ် အစီရင်ခံစာတင်သွင်းမည့် လေးလပတ်ကာလအတွင်း ကဏ္ဍအားလုံးတွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက်အစီအစဉ်ကောင်းတစ်ရပ်ကို ပြင်ဆင်ရေးဆွဲထားပြီးဖြစ်ပါသည်။လုပ်ငန်းများအကောင်အထည် ဖော်ရန်အတွက် လုပ်ငန်းလုပ်ဆောင်ရက်များကို များစွာယူရန်လိုအပ်မည်မဟုတ်ပါ။နောက်အစီရင်ခံစာ တင်သွင်းရန် ကာလအတွက်လုပ်ငန်းရက်မှာ ရက်ပေါင်း၅၄၀ ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တစ်နှစ်လုံးအတွက် ဆောင်ရွက်ရမည့် ရှေးပြေးစီမံကိန်းတွင် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်ကာလကို ရက်ပေါင်း ၁၄၀၀ မှ ၁၈၀၀ အထိ လုပ်ဆောင်သွားရမည်ပါသည်။ ဤအချက်မှာ TDP အတွက် အလေးထားရမည့် စီမံခန့်ခွဲမှု ဆိုင်ရာ စိန်ခေါ်မှုဖြစ်နေပြီး အကျိုးခံစားရရှိကြသည့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများအားလုံးဝိုင်းဝန်း၍ အပြည့်အ၀ ညှိနှိုင်းမှု ၊ ပူးပေါင်းဆောင်ရွက်မူပြုကြမှသာ စီမံကိန်းလုပ်ငန်းအောင်မြင်နိုင်မည်ဖြစ်ပါသည်။