၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ကုန်သွယ်မှုဖွွံှ့ဖြိုးတိုးတက်ရေးအစီအစဉ်၏  တတိယအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေး

၁။    ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ကုန်သွယ်မှုဖွွံှ့ဖြိုးတိုးတက်ရေးအစီအစဉ်၏  တတိယအကြိမ် လုပ်ငန်းကော်မတီအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

၂။       အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးမင်းမင်းက သဘာပတိအဖြစ်  ဆောင်ရွက်ကာ  စီမံကိန်းမှ အကျိုးခံစားရသည့်  ဆက်စပ်ဝန်ကြီးဌာနများမှ ကော်မတီအဖွဲ့ဝင်များ၊ EU နှင့် GIZ အဖွဲ့အစည်းမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ ၂၀၁၆ ခုနှစ်၊   မေလအတွင်း ဆောင်ရွက်ခဲ့သော အောင်မြင်မှုများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် အစည်းအဝေးတွင် တက်ရောက်လာသူများက နောင်လာမည့် စီမံကိန်းဆောင်ရွက်မည့် ကာလတွင်  အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ်ဆွေးနွေးခဲ့ပြီး Progress Report No.(2) အပေါ် ပြန်လည်သုံးသပ်ခဲ့ကြပါသည်။