မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေးအကြိုညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်

စီးပွားရေးကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် Grand Amara Hotel၊ နေပြည်တော်၌ ကျင်းပခဲ့ရာအဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၁၃၀)ဦးတက်​ရောက်ခဲ့ကြပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒလေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်ရာတွင် ပိုမိုနီးကပ်စွာ ညှိနှိုင်း ဆွေးနွေးနိုင်ရန်နှင့် ၂၀၁၃ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများနှင့် စပ်လျဉ်း၍ အစီရင်ခံစာများ ရေးသားပြုစုရာတွင် ပိုမိုပြည့်စုံကောင်းမွန်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။