CHALLENGE GRANT ပြိုင်ပွဲများနှင့် သက်ဆိုင်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေးစီမံချက် (CERP) ပါ ပန်းတိုင် (၅) အောက်ရှိ Challenge Grant ပြိုင်ပွဲများအကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အခွင့်အလမ်းများကို အများပြည်သူ သိရှိစေရေး သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ Digital Trade နှင် E-Commerce ဖွံ့ဖြိုး တိုးတက်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။