M-STEP စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ ၈ ကြိမ်မြောက် အစည်းအဝေးကို Virtual Meeting ဖြင့် ကျင်းပပြုလုပ်

 

M-STEP စီမံကိန်း အကောင်အထည်ဖော်ရေးဆိုင်ရာ ၈ ကြိမ်မြောက် အစည်းအဝေးကို ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ဦးဆောင်၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၉ရက်၊ နေ့လယ် ၁၃:၀၀ နာရီတွင် Virtual Meeting ဖြင့် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ စီမံကိန်းနှင့် သက်ဆိုင်သည့် ကျွမ်းကျင်ပညာရှင်များက ဝင်ရောက်ဆွေးနွေးခဲ့ပါသည်။