M-STEP စီမံကိန်း၏ ကုန်သွယ်မှုအချက်အလက်များဆန်းစစ်ခြင်းအဆင့်မြင့်သင်တန်းကျင်းပပြုလုပ်

 ​ 

၂၀၂၀ပြည့်နှစ်ဩဂုတ်လ၂၈ရက်ကစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)တွင် M–STEP စီမံကိန်း၏ ကုန်သွယ်မှုအချက်အလက်များဆန်းစစ်ခြင်း အဆင့်မြင့်သင်တန်းကို သင်တန်းခန်းမ၌ သင်တန်း သားများကိုယ်တိုင် တက်ရောက်သင်ကြားခြင်းနှင့် Online စနစ်ဖြင့်ပို့ချခြင်း၊ နည်းစနစ်နှစ်မျိုးဖြင့် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းကိုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန အောက်ရှိ အရာထမ်း/အမှုထမ်းများအား ကုန်သွယ်မှုဆိုင်ရာအချက်အလက်များပေါ်မူတည်၍ သုံးသပ်ချက်များ ပြုလုပ်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

သင်တန်းကျင်းပရာတွင် သင်တန်းတက်ရောက်သူအရာထမ်း/အမှုထမ်းသင်တန်းသားစုစုပေါင်း ၃၀ဦးအနက် သင်တန်းသား ၁၅ ဦးကို Social Distancing စနစ်ဖြင့် သင်တန်းခန်းမတွင် လည်းကောင်း၊ ကျန်သင်တန်းသား ၁၅ ဦးကို Online စနစ်ဖြင့်လည်းကောင်းဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။

၎င်းကုန်သွယ်မှုအချက်အလက်များဆန်းစစ်ခြင်းအဆင့်မြင့် သင်တန်းကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၂၈ရက်မှ ၃၀ရက်အထိ ကျင်းပမည်ဖြစ်ပြီးသင်တန်းကျင်းပပြုလုပ်ရာတွင် COVID -19 ကာကွယ်၊ ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။