DEIA Component နှင့် STIP Component များ အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သည့် အဖွဲ့အစည်းများနှင့် စာချုပ် ချုပ်ဆိုနိုင်ရေး စာချုပ်(မူကြမ်း)ကို ဆွေးနွေး

EIF အစီအစဉ်အောက်ရှိ M-STEP စီမံကိန်းပါ Digital Economy and Innovation Advocacy (DEIA) Component နှင့် Myanmar Services Trade and Investment Portal (STIP) Component များ အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သည့် အဖွဲ့အစည်းများနှင့် စာချုပ် ချုပ်ဆိုနိုင်ရေး စာချုပ်(မူကြမ်း)ကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၆-၇ ရက်အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်၌ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးများ၊သက်ဆိုင်ရာ Implementing Agency များမှ တာဝန်ရှိသူများ၊ ဉပဒေဆိုင်ရာအကြံပြုအဖွဲ့(Legal Advisory Unit) မှ တာဝန်ရှိသူများနှင့် EIF Project မှ စီမံကိန်းမန်နေဂျာ နှင့် ပြည်တွင်းပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။