စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီဖြစ်သော EIF အစီအစဉ်နှင့်ပတ်သက်၍ Myanmar-Lao Exchange Programe သို့တက်ရောက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၁၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီဖြစ်သည့် Enhanced Integrated Framework (EIF) အစီအစဉ်နှင့်ပတ်သက်၍ Myanmar-Lao Exchange Programe သို့ တက်ရောက်ခဲ့ပါသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဆိုင်ရာဝန်ကြီးဌာနမှ လက်ခံ ကျင်းပသော အဆိုပါ Myanmar-Lao Exchange Programe သို့ မြန်မာနိုင်ငံ၏ EIF အစီအစဉ်တွင် Donor Facilitator အဖြစ်အဓိကကူူညီပံ့ပိုးပေးနေသော ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စား လှယ်ရုံးမှ စီမံကိန်းဆိုင်ရာအရာရှိဖြစ်သူ Mr. Alberto MENGHINI သည် မြန်မာကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း ပံ့ပိုးကူညီတက်ရောက်ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွ့ဲသည် Myanmar-Lao Exchange Programe သို့ တက်ရောက်နေစဉ် ဇွန်လ ၂၃ ရက်နေ့၌ လာအိုနိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဆိုင်ရာဝန်ကြီးဖြစ်သူ Mrs. Khemmani Pholsena နှင့် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီဖြစ်သည့် EIF အစီအစဉ်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားရန်အချက်များကို ရင်းနှီးခင်မင်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။

 မြန်မာကိုယ်စားလှယ်အဖွ့ဲသည် ဇွန်လ ၂၄ ရက်နေ့တွင် ဗီယန်ကျင်းမြို့ရှိ Lao Plaza Hotel တွင် ကျင်းပသည့် EIF ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ တွင် လာအိုနိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ EIF အစီအစဉ်များနှင့် ပတ်သက်၍ လာအိုနိုင်ငံ၏ EIF ဆိုင်ရာ National Implementation Unit ၏  ဒါရိုက်တာဖြစ်သူ လာအိုနိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဆိုင်ရာဝန်ကြီးဌာန၊ စီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန (Department of Planning and Cooperation)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Phouvieng Phongsa မှ ဦးဆောင်ရှင်းလင်းဆွေးနွေးပါသည်။ လာအိုနိုင်ငံသည် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးအကူအညီအောက်ရှိ EIF အစီအစဉ်၏ ရှေ့ပြေးအစီအစဉ်ဖြစ်သော Intergated Framework (IF) အစီအစဉ်ကို ၂၀၁၄ ခုနှစ်မှစ၍ လက်ခံဆောင်ရွက်ခွင့်ရရှိခဲ့ပြီး လက်ရှိအချိန်တွင် EIF အစီအစဉ်ကို လက်ခံရယူဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (၄၉) နိုင်ငံတွင် အောင်မြင်မှုအရှိဆုံးနိုင်ငံ များတွင် တစ်ခုအပါအဝင်အဖြစ် ကမ္ဘ့ာကုန်သွယ်ရေးအဖွဲ့ (WTO) မှ အသိအမှတ်ပြုထားကြောင်း သိရှိရပါ သည်။ ဆက်လက်၍ မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ EIF အစီအစဉ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ EIF ဆိုင်ရာ National Implementation Unit ၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန် သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံအ နေဖြင့် EIF အစီအစဉ်၏ အကျိုးခံစားခွင့်ရှိသောနိုင်ငံအဖြစ်နိုင်ငံတော်အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၃ ခုနှစ် ဧပြီလမှ စတင်၍ ကမ္ဘ့ာကုန်သွယ်ရေးအဖွဲ့ (WTO) က တရားဝင်အသိအမှတ်ပြုပေးခဲ့ပြီး ယခင်က ကုန်သွယ်မှုဆိုင်ရာဖွံ့ဖြိုးမှုအကူအညီများကို ရရှိခံစားနိုင်ငသည့်အခွင့်အလမ်းများ နည်းပါးခဲ့ ကြောင်းသိရှိရပါသည်။

အဆိုပါ EIF ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ၏ EIF ဆိုင်ရာ Focal Point ဖြစ်သူ မြန်မာ  ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် အလုပ်ရုံဆွေးနွေးပွဲ၏ ဧည့်သည်တော် သဘာပတိအဖြစ် တက်ရောက်ချီးမြှင့်အား ပေးခဲ့ပါသည်။

 မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် လာအိုနိုင်ငံ၏ EIF ဆိုင်ရာအစီ အစဉ်တွင် Donar Facilitator အဖြစ်ဆောင်ရွက်နေသော လာအိုနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ် အဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ လာအိုနိုင်ငံ၏ EIF ဆိုင်ရာအစီအစဉ်တွင် ဒုတိယအဆင့်ဖြစ် သော Diagnostic Trade Integration Study (DTIS) ကို ၂၀၀၆ ခုနှစ်တွင်စတင်တာဝန်ယူခဲ့ပြီး လက်ရှိ အချိန်တွင် လာအိုနိုင်ငံ၏ EIF ဆိုင်ရာ Multi Donor Trust Fund ကို ဦးဆောင်စီမံကြီးကြပ်ပေးနေသည့် ကမ္ဘ့ာဘဏ်အဖွဲ့၏ ကိုယ်စားလှယ်အဖွ့ဲရုံးမှ တာဝန်ရှိသူများနှင့်လည်းကောင်း မြန်မာနိုင်ငံ၏ EIF ဆိုင်ရာ ဆက်လက်ဆောင်ရွက်သွားရမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရင်းနှီးခင်မင်ပွင့်လင်းစွာဆွေးနွေးခြင်း၊ အကြံဉာဏ်များရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

          မြန်မာကိုယ်စားလှယ်အဖွဲ့သည် Myanmar-Lao Exchange Program သို့တက်ရောက်နေစဉ် ကာလအတွင်း လာအိုနိုင်ငံ၏ EIF ဆိုင်ရာ National Implementation Unit ၏ ကုန်သွယ်မှုဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်း စီမံချက်တွင် တစ်ခုအပါအဝင်ဖြစ်သော လာအိုအထည်ချုပ်လုပ်ငန်းအသင်း၏ Garment Skill Development Centre (GSDC) သို့လည်းကောင်း၊ လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်း အနီးတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့်ဆောင်ရွက်နေသော Vientiane Industrial and Trade Area (VITA Park) – Special Economic Zone သို့လည်းကောင်း လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။

ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အကူအညီတစ်ရပ်ဖြစ်သော Enhanced Integrated Framework (EIF) လုပ်ငန်းစဉိကို ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများဖြစ်သည့် LDCs နိုင်ငံအားလုံးအားပေးအပ်ခြင်းဖြစ်ပြီး ဖွံ့ဖြိုးမှုနောက်ကျသည့်နိုင်ငံများဖြစ်သည့် LDCs နိုင်ငံများအနေဖြင့် LDCs နိုင်ငံအဖြစ်မှ Graduration မဖြစ် မခြင်းရရှိခံစားနိုင်သည့် ရေရှည်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်းသိရှိရပါသည်။ ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများဖြစ်သည့် LDCs နိုင်ငံများအနေဖြင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီတစ်ရပ်ဖြစ်သော  Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်ပါ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီများကို ရယူကာ မိမိတို့၏ကုန်သယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို အကျိုးရှိရှိရယူဆောင်ရွက်လျက်ရှိပါသည်။ Enhanced Integrated Framework (EIF) လုပ်ငန်းစဉ်သည် နိုင်ငံ၏ကုန်သွယ်မှုအားစဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းစေကာ ယင်းမှတစ်ဆင့် နိုင်ငံ၏ဆင်းရဲနွမ်းပါးမှု (Poverty Reduction) ကိုလျော့ကျရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ဆီသို့လျှောက်လှမ်းနိုင်ရန်အတွက် မျှော်မှန်းချက် ထားရှိဆောင်ရွက်ကြောင်း ကမ္ဘ့ာကုန်သွယ်ရေးအဖွ့ဲ (WTO) မှယင်းတို့၏ လုပ်ငန်းစဉ်တွင်ဖော်ပြထား ကြောင်းတွေ့ရှိရပါသည်။

EIF လုပ်ငန်းစဉ်အောက်တွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှု အကြိုအဆင့် (Pre Diagnostic Trade Integration Study – Pre-DTIS Phase)၊ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှုအဆင့် (DTIS Phase)၊ လုပ်ငန်းစီမံကိန်းများ အကောင် အထည်ဖော်ခြင်း အဆင့်-၁ (Tier 1 Phase) နှင့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ခြင်း အဆင့်-၂ (Tier 2 Phase) စသော အဆင့် (၄) ဆင့် ပါဝင်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံသည် လက်ရှိတွင် Pre DTIS အဆင့်ကို ၅၀% ခန့်ပြီးစီးအောင်အောင်ဆောင်ရွက်ထားပြီး ၎င်းနှင့်အပြိုင် DTIS အဆင့်ကို ဆောင်ရွက်ရန်လည်း ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့မှ လာအိုနိုင်ငံသို့ သွားရောက်ခဲ့သော Myanmar- Lao Exchange Program သည် မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော EIF အောက်ရှိ Pre DTIS အဆင့်တွင်ပါရှိသော အဓိကလုပ်ငန်းစဉ်များအနက်မှ တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရှိရပါသည်။