ပို့ကုန်သွင်းကုန် သတင်းလွှာ
သိမှတ်ဖွယ်ရာ အဖြာဖြာ
သုတကဏ္ဍ
နိုင်ငံတကာအဖွဲ့အစည်းများ
ဈေးကွက်ဈေးနှုန်း
ကုန်သွယ်ရေးစီမံအုပ်ချုပ်မှု
မျက်မှောက်သတင်း
ပုံနှိပ်ထုတ်ဝေခြင်း
ကျန်းမာရေးကဏ္ဍ
Useful Links
Site Map
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့
ကိုဖွဲ့စည်းတည်ထောင်ရန်
ကမ္ဘာ့နိုင်ငံများရည်သန်ခဲ့သည်မှာ
ဒုတိယကမ္ဘာစစ်
ပြီးဆုံးခါနီး
၁၉၄၄ ခုနှစ်၊ဇူလိုင်လ၌အမေရိကန်နိုင်ငံ
ဘရက်တန်ဝုဒ်တွင်
ပြန်လည်ထူထောင်ရေးအတွက်
နိုင်ငံတကာ ညီလာခံကျင်းပခဲ့စဉ်ကပင်
ဖြစ်ပါသည်။ ၁၉၄၄
ခုနှစ် ဘရက်တန်ဝုဒ်
ညီလာခံတွင် စစ်အပြီးကမ္ဘာ့နိုင်ငံများ၏
စီးပွားရေးပြန်လည်ထူထောင်
ရန်၊ကမ္ဘာ့ငွေကြေးစနစ်တည်ငြိမ်စွာ
ရှင်သန်ဖွံ့ဖြိုးစေရန်၊ကမ္ဘာ့ကုန်သွယ်မှုမျှတစွာ
တိုးတက်ရန် နှင့်နိုင်ငံများ၏
ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန်တို့အတွက်
နိုင်ငံတကာပူးပေါင်းဆောင်
ရွက် သည့် အဖွဲ့အစည်းများဖြစ်သည့်
ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ
အဖွဲ့နှင့် နိုင်ငံတကာ
ကုန်သွယ်မှုအဖွဲ့တို့ကို
တည်ထောင်ရန်
ဆွေးနွေးခဲ့ရာတွင်
ကမ္ဘာ့ဘဏ်နှင့်
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့ကိုတည်
ထောင်နိုင်ခဲ့ကြသော်လည်း
နိုင်ငံတကာ ကုန်သွယ်မှုအဖွဲ့တည်ထောင်ရေးအပေါ်
အမေရိကန်ကွန်ဂရက်၏သ
ဘောတူညီမှုမရသဖြင့်
ယင်းအဖွဲ့အစားကုန်သွယ်မှုဆိုင်ရာ
ပြသနာများကို
နိုင်ငံတကာဆွေးနွေးညှိနှိုင်းမှုဖိုရမ်
တစ်ရပ် ဖန်တီးကာ
ထိုဖိုရမ်၌ အကောက်ခွန်နှင့်
ကုန်သွယ်မှုဆိုင်ရာ
အထွေထွေသဘောတူစာချုပ်
(General Agreement on Tariff and Trade-GATT)တစ်ရပ်ကို
၁၉၄၇ ခုနှစ်တွင်
နိုင်ငံ (၂၃) နိုင်ငံတို့လက်မှတ်ရေးထိုးလျှက်
GATT အဖွဲ့ကိုတည်ထောင်ခဲ့ကြပါသည်။
GATTစာချုပ်အဖွဲ့
ဖွဲ့စည်းပြီး
၁၀ နှစ်အကြာတွင်
GATT ၏ဆောင်ရွက်မှုများအပေါ်
လေ့လာသုံးသပ်သည့်
ံအေဘနမူနမ အစီရင်ခံစာ၌
ဖွံ့ဖြိုးဆဲနိုင်ငံများသည်
ဖွံ့ဖြိုးပြီးနိုင်ငံများ၏
ကုန်သွယ်ရေးမူဝါဒများကြောင့်
ကုန် သွယ်မှု၏အကျိုးကျေးဇူးများကို
ရသင့်သလောက်မရရှိဘဲ
ဖွံ့ဖြိုးမှုနောက်ကျခဲ့ကြောင်းဖေါ်ပြခဲ့ပါသည်။ံမေဘနမူနမ
အစီရင်ခံစာနောက်ဆက်လက်၍
GATT ၏ကော်မတီအများအပြားတို့က
လေ့လာတင်ပြရာတွင်
ဖွံ့ဖြိုးပြီးနိုင်ငံများသည်
ဖွံ့ဖြိုးဆဲ နိုင်ငံများ၏
သမားရိုးကျပို့ကုန်များအပြင်
စက်မှုပို့ကုန်များကိုပါ
အကောက်ခွန်၊သွင်းကုန်
အရေအတွက်ကန့်သတ်မှု၊
ပြည်တွင်းအခွန်များတို့ဖြင့်
ကန့်သတ်တားဆီးကြကြောင်း
ဖေါ်ပြခဲ့ ပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည်
ဤပြသနာများအားလုံးကို
၁၉၆၄ ခုနှစ်တွင်ကျင်းပသည့်
ကမ္ဘာ့ကုလသမဂ္ဂညီလာခံ
သို့တင်ပြခဲ့ရာ
ကမ္ဘာ့ကုန်သွယ်
မှုစနစ်ကိုသုံးသပ်ရန်
United Nations Conference on Trade and Development (UNCTAD) အန်းတက်ကို
၁၉၆၅ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပါသည်။
အန်းတက်၏လေ့လာမှုအပေါ်အခြေခံ၍
GATT တွင်ပြုပြင်ပြောင်းလဲမှုပြုလုပ်ခဲ့သည်
များအနက် အဓိက
ပြောင်းလဲမှုတစ်ရပ်မှာ
၁၉၆၅ ခုနှစ် Kennedy
Round တွင် ဖွံ့ဖြိုးမှု
အဆင့်မတူသောနိုင်ငံများအား
GATTအနေဖြင့် ဖွံ့ဖြိုးမှုအဆင့်အလိုက်ခြားနားသော
စည်းမျဉ်း များ
differential treatment ဖြင့်ဆောင်ရွက်ရန်ပထမဦးဆုံးအနေဖြင့်
လက်ခံခဲ့ခြင်းဖြစ်ပါ
သည်။ GATTအဖွဲ့၏ချမ်းသာနိုင်ငံများအတွက်
သီးခြားဦးစားပေးမှုသည်လည်းဆက်လက်ဖြစ်
ပေါ်ခဲ့ပါသည်။
၁၉၇၃-၇၉
ခုနှစ် Tokyo Round ဆွေးနွေးမှုများတွင်
ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာအဓိက
ညှိနှိုင်းဆွေးနွေး
မှုများပြုလုပ်ရာ၌
ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်ခွင့်မရှိသည့်
ပြဿနာကိုတင်ပြခဲ့
သည့်အပြင်အနောက်အုပ်စုမှလေ့လာသူ
အချို့က GATT ၏ဆွေးနွေးညှိနှိုင်းမှုများမှာ
ဖွံ့ဖြိုးဆဲ နိုင်ငံများ၏
အကျိုးစီးပွားအတွက်
အဓိပ္ပါယ်ရှိသော
ညှိနှိုင်းဆောင်ရွက်မှုများကို
ဆောင်ရွက်ပေး
ရန်ထည့်သွင်း
စဉ်းစားမှုမပြုကြောင်း
ဖေါ်ပြခဲ့ပါသည်။
GATT ညှိနှိုင်းမှုများတွင်
ဖွံ့ဖြိုးသော
နိုင်ငံများ အချင်းချင်း
ညှိနှိုင်းဆွေးနွေးသဘောတူထားသော
ဖွံ့ဖြိုးပြီးနိုင်ငံများကဖွံ့ဖြိုးဆဲနိုင်ငံ
များအပေါ် ကုန်သွယ်မှုတားဆီးခြင်းနည်းလမ်းများကို
ဖွံ့ဖြိုးဆဲနိုင်ငံများကပါဝင်ဆွေးနွေးခွင့်
မရှိဘဲ သဘောတူကြောင်းပါဝင်
လက်မှတ်ရေးထိုးကြရသည်ကိုလည်း
ဖေါ်ပြခဲ့ပါသည်။
၁၉၇၀ နှစ်များမှစ၍ဖွံ့ဖြိုးဆဲနိုင်ငံများသည်
ကမ္ဘာ့ကုန်သွယ်မှုနှင့်
ဖွံ့ဖြိုးရေးပြသနာများ
ကိုပြုပြင်ရန်
ပိုမိုပြင်း ထန်စွာဝေဖန်ပြစ်တင်မှုများပြုလုပ်လာရာ
ကမ္ဘာ့ကုလသမဂ္ဂသည်
၁၉၇၄ ခုနှစ်အထွေထွေ
ညီလာခံ၌တရားမျှတမှုကို
အခြေခံသော နိုင်ငံတကာစီးပွားရေးပုံစံသစ်
တည်ထောင်ရေး
(Establishment of New Internationl Economic Order - NIEO) မူကို
ကြေငြာခဲ့ပါသည်။၁၉၇၀
နှစ်များမှ ၁၉၈၀
နှစ်များအထိကာလများတွင်
စင်္ကာပူ၊ ကိုရီးယား၊
ဟောင်ကောင်၊ ထိုင်ဝမ်စသည့်စက်မှုနိုင်ငံသစ်များ
ပေါ်ထွန်းလာခြင်းနှင့်
ယင်းနိုင်ငံတို့အပြင်
အခြားထွန်းသစ်လာသော
အာရှနိုင်ငံများ၊လက်တင်
အမေရိကနိုင်ငံများ၊အရှေ့ဥရောပနိုင်ငံများ
တို့၏ နည်းပညာအမီလိုက်မှုနှင့်
ပို့ကုန်တိုးချဲ့လာမှု၊
နိုင်ငံတကာအရင်းအနှီးစီးဆင်းမှု
အသွင် သဏ္ဍာန်ပြောင်းလဲကာ
အမေရိကန်နိုင်ငံသည်
၁၉၈၀ နှစ်များမတိုင်မီက
ကမ္ဘာ့အဓိကနိုင်ငံခြား
ရင်းနှီးမြှပ်နှံမှုဇစ်မြစ်နှင့်
ကမ္ဘာ့မြီရှင်အဖြစ်ရှိခဲ့ရာမှ၊
၁၉၇၃ ခုနှစ်ရေနံအကြပ်
အတည်းဖြစ်ပေါ်ပြီး
နောက်ပိုင်း ၁၉၈၀
ခုနှစ်များတွင်
ကမ္ဘာ့အဓိကအရင်းအနှီးတင်သွင်းသောနိုင်ငံနှင့်
ပြည်ပကြွေး မြီအများဆုံး
နိုင်ငံအဖြစ်သို့ရောက်ရှိခြင်း၊
ဥရောပစီးပွားရေးပေါင်းစည်းခြင်း၊
အရှေ့၊အနောက်
ဂျာမနီနိုင်ငံတို့
ပေါင်းစည်းခြင်း
စီမံကိန်းစီးပွားရေးစနစ်နိုင်ငံများ
ဈေးကွက်စနစ်သို့ကူး
ပြောင်းခြင်း၊
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲကာ
နိုင်ငံသစ် ၁၄
နိုင်ငံပေါ်ထွန်းလာပြီး
ကမ္ဘာ့စီးပွား
ရေးစနစ်တွင် ပေါင်းစည်းပါဝင်လာခြင်း၊
အရှေ့အာရှနှင့်အရှေ့တောင်
အာရှနိုင်ငံများ
စီးပွားရေး မြင့်မားတိုးတက်ခြင်း၊
သတင်းဆက်သွယ်မှုနည်းပညာ
လျှင်မြန်တိုးတက်ဖွံ့ဖြိုးလာပြီး
ထိုနည်း ပညာကိုအသုံးပြု၍
နိုင်ငံတကာ ငွေရေးကြေးရေး
ဝန်ဆောင်မှုလုပ်ငန်းများ
ကြီးထွားဖွံ့ဖြိုး
လာခြင်း၊ နိုင်ငံစုံကော်
ပိုရေးရှင်းများ၏လုပ်ငန်းသည်
နိုင်ငံတကာ၌ရင်းနှီးမြုပ်နှံမှုများ
ဖြန့်ကျက် ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊လုပ်ငန်း
များနယ်စပ်ဖြတ်ကျော်ပေါင်းစည်းမှုများကြောင့်
လည်းကောင်း၊ ရင်းနှီးမြုပ်နှံမှုပမာဏများစွာတိုးချဲ့ပြိုင်ဆိုင်မြှင့်တင်
လာခြင်း၊ရေနံတင်ပို့နိုင်ငံ
များအဖွဲ့ (Organization
of Petroleum Exporting Countries-OPEC) ဖွဲ့စည်းကာ
ရေနံ ထုတ်လုပ်ရောင်းချမှုကို
လက်ဝါးကြီးအုပ်အဖွဲ့
(Cartels) အသွင်ထိန်းချုပ်ဆောင်ရွက်လာခြင်း
နှင့်အခြားအလားတူ
Cartel များပေါ်ပေါက်လာခြင်း၊
ရေနံဈေးနှုန်းကြီးမြင့်ခြင်း၊
၁၉၆၀ နှစ်များ
နောက်ပိုင်းတွင်
အမေရိကန်နိုင်ငံပြင်ပရှိ
ဒေါ်လာပမာဏကြီးထွားလာခြင်း၊
၁၉၆၇ ခုနှစ် အမေရိကန်-ဗီယက်နမ်စစ်ပွဲဂယက်
အကျိုးဆက်များကြောင့်
အမေရိကန်ပြည်တွင်းစီးပွားရေး
ကျဆင်းမှုဖြစ်ပေါ်လာခြင်း၊အမရိကန်ဗဟိုဘဏ်က
အမေရိကန်ဒေါ်လာကို
ရွှေဖြင့် လဲလှယ်ပေး
ခြင်းကိုရပ်စဲခဲ့ပြီး
ပုံသေနိုင်ငံခြားငွေလဲလှယ်နှုန်းကျင့်သုံးမှုမှ
နှုန်းရှင်စနစ်သို့ပြောင်းလဲကျင့်သုံး
မှုများဖြစ် ပေါ်ကာ
နိုင်ငံတကာငွေလုံးငွေရင်းစီးဆင်းမှုများ
အပေါ် ထိမ်းချုပ်မှုများကိုဖြေလျော့
ပေးမှုများဖြစ်ပေါ်လာခြင်း၊
ဒေသဆိုင်ရာစီးပွားရေးအုပ်စုဖွဲ့မှုများ
တိုးတက်များပြားလာခြင်း
စသည့် အခြေအနေများသည်
ကမ္ဘာ့နိုင်ငံများအကြား
အပြန်အလှန်မှီခိုမှုကို
လျှင်မြန်စွာ
တိုးမြင့်စေခဲ့ပါသည်။
သို့ဖြစ်ရာအမေရိကန်နိုင်ငံနှင့်
အခြားဖွံ့ဖြိုးပြီးနိုင်ငံများသည်
တစ်ဘက် တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအား
လိုက်လျောမှုများပြုလုပ်လာသော်လည်း
ဂတ်စည်းမျဉ်းနှင့်
အကျုံးမ၀င်သော
အခြားနည်းလမ်းများဖန်တီး၍ကုန်သွယ်မှုအတားအဆီးများကို
ဆက်လက်ပြု လုပ်လာခဲ့ပါသည်။
၁၉၇၀-၈၀ နှစ်များတွင်ကမ္ဘာ့ဒေသများစွာ၌
စီးပွားရေးအကျပ်
အတည်းများ နှင့်
အလုပ်လက်မဲ့ဦးရေတိုးတက်မှုများဖြစ်ပေါ်ခဲ့ကာ
ဥရောပနှင့်မြောက်အမေရိကနိုင်ငံများ
သည် ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒများချမှတ်ကျင့်သုံးခြင်း၊ပြည်တွင်းစီး
ပွားရေးလုပ်ငန်း
များအား ထောက်ပံ့ကြေးများ
ပေးခြင်းတို့ကိုလည်းပြုလုပ်လာကြပါသည်။
၁၉၇၀ နှစ်များနောက်ပိုင်းတွင်
အမေရိကန်နိုင်ငံအပါအ၀င်
စက်မှုနိုင်ငံများ၏စီးပွားရေးတိုးတက်မှုနှင့်
ကမ္ဘာ့ကုန်သွယ်မှုနှေးကွေးကာ
နိုင်ငံတကာ၌ ငွေကြေးဖေါင်းပွမှုအခြေအနေများဖြစ်ပေါ်ခဲ့ပြီး
ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ပို့ကုန်ဈေးနှုန်းတို့နှင့်
ပို့ကုန်ဝင်ငွေများကျ
ဆင်းခဲ့ပါသည်။
သို့ရာတွင် ဂတ်၏
ကြိုးပမ်းမှုအရ
အကောက်ခွန်နှုန်းထားများ၊
အထူးသဖြင့်စက်မှုထုတ်ကုန်များ
အပေါ် ကောက်ခံသော
အကောက်ခွန်နှုန်းထားများကို
လျော့ချနိုင်ခဲ့ရာ
၁၉၉၀ နှစ်များအစောပိုင်းတွင်
ကမ္ဘာ့စီးပွား
ရေးပြန်လည်ဦးမော့လာခဲ့ပါသည်။
၁၉၄၈ ခုနှစ်မှ
၁၉၉၀ နှစ်များအတွင်း
GATT သည် ကမ္ဘာ့ကုန်သွယ်ရေးဆွေးနွေးပွဲ
၈ ကြိမ်ပြုလုပ်ပြီး
အကောက်ခွန်လျော့ချမှုများပြုလုပ်ခဲ့၍
ကမ္ဘာ့ကုန်သွယ်မှုများစွာ
တိုးတက်ခဲ့ရာတွင်
GATT ၏ဆောင်ရွက်မှုများကြောင့်
ဖွံ့ဖြိုးဆဲ နိုင်ငံများ
အနေဖြင့် ကုန်သွယ်မှုမှအကျိုးရရှိမှုများစွာသာလွန်ခဲ့ပါသည်။
မျက်မှောက်ကမ္ဘာ့
ကုန်သွယ်မှုတွင်အများဆုံးပါဝင်သော
နိုင်ငံ ၂၅ နိုင်ငံတွင်
ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ
စက်မှုနိုင်ငံ
သစ်များ (Newly Industrialization
Economies - NIEs) ဖြစ်လာသောနိုင်ငံ
၈ နိုင်ငံတို့ပါဝင်
လာပါသည်။၁၉၅၀
ပြည့်နှစ်တွင်
ဖွံ့ဖြိုးဆဲနိုင်ငံတို့၏
ကမ္ဘာ့ကုန်သွယ်မှုတွင်ပါဝင်သောဝေစုမှာ
၃၅ %နှင့်ဖွံ့ဖြိုးပြီးနိုင်ငံတို့၏ဝေစုသည်
၆၅% ရှိခဲ့ရာမှ၊၁၉၇၀
ပြည့်နှစ်တွင်
ဖွံ့ဖြိုးဆဲနိုင်ငံ
တို့၏ကမ္ဘာ့ကုန်သွယ်မှု
တွင်ပါဝင်မှုသည်
၂၀.၅ % ရှိပါသည်။
၁၉၈၂-၉၂ ခုနှစ်များတွင်
ယင်းနိုင်ငံများ၏
ကမ္ဘာ့ပို့ကုန်ပမာဏတွင်ပါဝင်မှုသည်
၁၆%မှ ၂၀ %သို့ တိုးတက်ခဲ့ပါသည်။
၂၀၀၃ ခုနှစ်တွင်ဖွံ့ဖြိုးဆဲနိုင်ငံများ၏
ကမ္ဘာ့ကုန်သွယ်ရေးတွင်ပါဝင်မှုသည်
၂၅%ရှိလာပါသည်။
GATT တည်ထောင်စမှ ၄၇ နှစ်တာကာလသက်တမ်းအတွင်း GATT ၏အခြေခံမူ ပြဌာန်းချက်များကို မပြောင်းလဲခဲ့ဘဲ အကောက်ခွန်လျော့ချရေးနှင့်အဖွဲ့ဝင်ဦးရေ တိုးတက်ရေး ကိုသာဆွေးနွေးခဲ့ကြပါသည်။ သို့ဖြစ်ရာ ကမ္ဘာ့စီးပွားရေး အဆောက်အအုံတွင် ဖွဲ့စည်းမှု ပုံသဏ္ဍာန်များပြောင်းလဲလာပြီးနောက် ၁၉၇၀ ပြည့်လွန်နှစ်များမှ စ၍ GATT ဆောင်ရွက်မှုများ သည် ကမ္ဘာ့စီးပွားရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် ဆီလျော်မှုမရှိသလိုဖြစ်လာခဲ့ပါသည်။ ထိုနှစ်များတွင်ဖွံ့ဖြိုးပြီး နိုင်ငံများက ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒများကျင့် သုံးလာ မှုများသည် GATT ၏မျှော်မှန်းချက်များကိုထိခိုက်သည့်အပြင် GATT စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေပါသည်။ကိုယ်ကျိုးစီးပွားကာ ကွယ်ရေးမူဝါဒများကို ဖွံ့ဖြိုးသော နိုင်ငံများသာမက ဖွံ့ဖြိုးဆဲနိုင်ငံများကလည်းကျင့်သုံးလာခဲ့ရာ ကုန်သွယ်ရေးအ ငြင်းပွားမှုများပိုမိုများပြားလာပြီး Tokyo Round ဆွေးနွေးမှုများ အောင်မြင်မှုနည်းပါးခဲ့ပါသည်။ အထူးသဖြင့်ကုန် သွယ်ရေး အငြင်းပွားမှုများ နှင့်ပတ်သက်၍ GATT တွင်ချို့ယွင်းချက်များ ရှိလာခဲ့ခြင်းနှင့် အခြား လိုအပ်ချက်များကြောင့် ဥရုဂွေးဆွေးနွေးပွဲတွင် GATT အစား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဖွဲ့စည်းရန်သဘောတူညီခဲ့ကြသည်။
WTO အကြောင်းကိုဆွေးနွေးရာတွင် GATT စာချုပ်အဖွဲ့၏အကြောင်းကို ပြည့်စုံစွာ ဖော်ပြရန်လိုပါသည်။ အမှန်အားဖြင့် GATT သည်ကမ္ဘာ့ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပြုလုပ်သော နိုင်ငံများတို့၏ ကုန်သွယ်ရေး ပြဿနာများဆွေးနွေးညှိနှိုင်းရေး နိုင်ငံတကာ သဘောတူ စာချုပ်သာဖြစ်ပြီး၊ အာဏာပိုင်အဖွဲ့အစည်းအဖြစ် တည်ထောင်ထားခြင်း မဟုတ်ပါ။ GATT လုပ်ငန်းများကို အမြဲတန်းဝန်ထမ်းများဖြင့်ဆောင်ရွက်ခြင်းမရှိဘဲ အဖွဲ့ ၀င်နိုင်ငံများမှ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများ၏ ယာယီသဘောပါဝင်ဆောင်ရွက်မှုဖြင့် အတွင်းရေးမှုရုံး အဖွဲ့ငယ်၏ ဆောင်ရွက်မှုအရလုပ်ကိုင်ပါသည်။ အကောက်ခွန်နှင့် ကုန်သွယ်မှုဆိုင်ရာ အထွေအထွေသဘောတူစာချုပ်အဖွဲ့ General Agreement on Tariffs and Trade ခေါ်ဂတ် အဖွဲ့၏အကြောင်းကိုအထက်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုအပိုင်းတွင် GATT နှင့် ပက်သက်၍ ပိုမိုပြည့်စုံစွာတင်ပြပါမည်။
၁၉၈၆-၁၉၉၃
နှစ်များတွင်ကျင်းပသော
GATT ၏ဥရုဂွေးဆွေးပွဲများ၌
ကမ္ဘာ့ကုန်သွယ်
မှုပြဿနာများကို
ညှိနှိုင်းဆွေးနွေးရာတွင်
အနေဖြင့်ညှိနှိုင်းဖြေရှင်းမှု၊
အဆုံးအဖြတ်ပေးနိုင်မှု
အခွင့်အာဏာမရှိသဖြင့်
ကုန်သွယ်မှုပြဿနာများ
ပြေလည်စေရေးအတွက်
ဆုံးဖြတ်ပိုင်ခွင့်
အာဏာအပ်နှင်းခံရသည့်
ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့
ဖွဲ့စည်းတည်ထောင်ရေးကို
GATT စာချုပ်အဖွဲ့
ဝင်နိုင်ငံများ
သဘောတူခဲ့ကြပါသည်။
ဥရုဂွေးဆွေးနွေးပွဲ၏
အပြီးသတ် သဘောတူညီချက်အရ
WTO ဖွဲ့စည်းတည်ထောင်ရန်
သဘောတူညီချက်ကို
နိုင်ငံပေါင်း
၁၂၅ နိုင် ငံတို့က
၁၉၉၄ ခုနှစ်၊ ဧပြီလ
၁၅ ရက်နေ့တွင်
မိုရိုကိုနိုင်ငံ
မာရာကတ်ရှ်မြို့၌
GATT ၏၀န်ကြီးအဆင့်အစည်းအ
ဝေးတွင် လက်မှတ်ရေးထိုးခဲ့ကာ
၁၉၉၅ ခုနှစ်၊ ဇန်န၀ါရီလ
၁ ရက်နေ့တွင်
WTO အဖွဲ့စတင် အသက်ဝင်ခဲ့ပါသည်။
WTO သည် GATT ကိုဆက်ခံသော်လည်း
GATT ၏ကုန်သွယ်မှုစနစ်၏
အားနည်ချက်များကို
ရှောင်ရှားရန်နှင့်ကမ္ဘာ့ကုန်
်သွယ်မှုကို
မျှတစွာတိုးတက်ဖြစ်ပေါ်
စေရန် အတွက် ဆောင်ရွက်ရန်ရည်ရွယ်ချက်များထားရှိပါသည်။
WTO
၏အခြေခံမူများ။
WTO ကိုအောက်ပါအခြေခံမူများဖြင့်
တည်ထောင်ခဲ့ပါသည်-
(က) အသာဆုံးအခွင့်အရေးကို
တန်းတူပေးရေး။
(ခ) ကုန်သွယ်ရေးစနစ်သည်
ဘက်လိုက်ခွဲခြားမှု
မရှိစေရေး။
(ဂ) ကုန်သွယ်ရေးပိုမိုလွတ်လပ်မှုရှိစေရန်
အကန့်အသတ်၊ အတားအဆီးများဖြေလျှော့ပေးရေး။
(ဃ)
ပွင့်လင်းမြင်သာမှုနှင့်
ကြိုတင်ခန့်မှန်းမှု
ရှိနိုင်ရေး။
(င) လွတ်လပ်စွာယှဉ်ပြိုင်မှု
ပိုမိုမြှင့်တင်ရေး။
(စ) ဖွံ့ဖြိုးမှုအနည်ဆုံးနိုင်ငံများအား
ပိုမိုအကျိုးရှိစေရေး။
WTO
၏လုပ်ငန်းတာဝန်များ။
WTO စီမံခန့်ခွဲရသော
နိုင်ငံတကာကုန်သွယ်မှု
သဘောတူ စာချုပ်များ
သည် နိုင်ငံအစိုးရများနှင့်
သီးခြားအကောက်ခွန်နယ်မြေများ
( Nation states and customs territories) အကြားသဘောတူညီချက်များနှင့်
အစိုးရမူဝါဒသဘောတူညီချက်
များဖြစ်ပြီး၊
အစိုးရများကကုန်သွယ်မှုနှင့်၊
သွင်းကုန် များ၏ပြည်တွင်းဈေးကွက်တွင်
ယှဉ်ပြိုင်မှုအခြေအနေတို့အပေါ်
ကြီးကြပ်ဆောင်ရွက်မှုများအား
ထိန်းချုပ်ပါသည်။
WTO၏လုပ်ငန်းများနှင့်တာဝန်များကို
အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-
(က) ဥရုဂွေးရောင်းဆွေးနွေးပွဲမှပေါ်ထွက်လာသော
အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု
သဘောတူစာချုပ်များ
(Multilateral Trade Agreements - MTAs) နှင့်ကမ္ဘာ့ နိုင်ငံအားလုံး
မဟုတ်ဘဲနှစ်နိုင်ငံအထက်ပါဝင်သော
နိုင်ငံများအကြား
ကုန်သွယ် မှု သဘောတူ
စာချုပ်များ
(Plurilateral Trade Agreements-PTAs) တို့၏ လုပ်ငန်း များပြီးမြောက်အောင်မြင်
်စေရေးအတွက်
ပံ့ပိုးကူညီစီမံခန့်ခွဲခြင်း။
(ခ) အထက်ဖေါ်ပြပါ သဘောတူစာချုပ်များပါ နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်း များဖြင့် ဆက်နွယ်သော ကိစ္စရပ်များအားလုံးကို WTO ဆွေးနွေးမှုဖိုရမ်တွင် အဖွဲ့ဝင်များ အချင်းချင်း ညှိနှိုင်းမှုဖြင့် ဆောင်ရွက်ခြင်းနှင့် WTO သည် အဖွဲ့ဝင် များ၏ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပြဿနာများ ညှိနှိုင်းဆွေးနွေးရာ နေရာ အဖြစ်ပံ့ပိုးခြင်း။
(ဂ) WTO ၀န်ကြီဲးအဆင့်
ညီလာခံတွင်ချမှတ်သော
ဆွေးနွေးညှိနှိုင်း
မှုရလဒ်များကို
အကောင်အထည် ဖော်ရာတွင်
ကူညီပံ့ပိုးဆောင်ရွက်ခြင်း။
(ဃ) ကုန်သွယ်ရေးအငြင်းပွားမှုများအားဖြေရှင်းမှုနှင့် ကုန်သွယ်ရေး ဆိုင်ရာသဘော တူညီမှုများအား နိုင်ငံတကာသဘောတူညီမှုများ (MTAs) နှင့် နိုင်ငံအချို့တို့ သဘောတူညီမှုများ (PTAs) ဟူ၍ ပိုင်းခြားဆောင်ရွက်ခြင်းဆိုင်ရာ စည်းမျဉ်း များနှင့် လုပ်ထုံးလုပ်နည်းများအပေါ် နားလည်မှုစာချွန်လွှာများ ပြုလုပ် ဆောင်ရွက်ခြင်း။
(င) ကုန်သွယ်မှုမူဝါဒပြန်လည်သုံးသပ်မှုယန္တရား၏လုပ်ငန်း(Trade Policy Review Mechanism-TPRM) များဖြင့် နိုင်ငံတို့၏ ကုန်သွယ်မှုမူဝါဒများ အားကြီးကြပ်ခြင်း။
(စ) အပြည်ပြည်ဆိုင်ရာ
စီးပွားရေးမူဝါဒ
ပူးပေါင်းဆောင်ရွက်မှုများအတွက်
ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့
အစည်း၏ အခြားလက်အောက်ခံ
အဖွဲ့အစည်းများဖြစ်သည့်
အပြည်ပြည်ဆိုင်ရာ
ငွေကြေးရန် ပုံငွေအဖွဲ့
(IMF)၊ အပြည်ပြည်ဆိုင်ရာ
ပြန် လည် ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်
သို့မဟုတ် ကမ္ဘာ့ဘဏ်
( International Bank for Reconstruction and Development- IBRD) နှင့်
၎င်းလက်အောက်ခံ
အေဂျင်စီများတို့နှင့်ပူးပေါင်းဆောင်ရွက်ခြင်း။
(ဆ) ဖွံ့ဖြိုးဆဲနိုင်ငံများအား
ကျွမ်းကျင်မှုအကူအညီပေးခြင်းနှင့်
လုပ်နိုင်စွမ်း
တည် ဆောက်မြှင့်တင်မှု
တွင်အားပေးကူညီခြင်း။
(ဇ) WTO အဖွဲ့အစည်း
ပိုမိုကြံခိုင်မှုရှိရန်
ကြိုးပမ်းဆောင်ရွက်ခြင်း။
WTO ၏ဖွဲ့စည်းပုံအနေအထား (Structure)။WTO ၏ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ၀န်ကြီးများအဆင့်ညီလာခံ Ministerial Conference (၂) နှစ်တစ်ကြိမ်ကျင်းပသည်။
(ခ) အထွေထွေကောင်စီ(General
Council)။ဝန်ကြီးများအဆင့်
ညီလာခံကြား ကာလတွင်
တာဝန်ယူသည်။
(၁) အငြင်းပွားမှုပြဿနာများဖြေရှင်းရန်(Dispute
Settlement Body) ။
(၂) ကုန်သွယ်ရေးဆိုင်ရာ
မူဝါဒများကိုဆန်းစစ်ရန်(Trade
Policy Review Body)အဖြစ်လည်းကောင်းဆောင်ရွက်ပါသည်။
(ဂ) ကောင်စီများ(Councils)
(၁) ကုန်စည်ကုန်သွယ်မှုဆိုင်ရာကောင်စီ(Council
for Trade in Goods)။
(၂) ၀န်ဆောင်မှုလုပ်ငန်းများ
ကုန်သွယ်မှုကောင်စ
ီ(Council for Trade in Services) ။
(၃) ပညာရပ်ပိုင်းဆိုင်ရာမူပိုင်ခွင့်ကောင်စီ
(Council for Trade Related Intellectual Property Rights)။
(ဃ) ကော်မတီများနှင့် အခြားအထောက်အကူပြုအဖွဲ့များ(Committees and other subsidiary bodies)ပါဝင်ပါသည်။ WYO၏ဖွဲ့စည်းပုံ အသေးစိတ်ကို နောက် ဆက်တွဲ (င) တွင်ဖော်ပြအပ်ပါသည်။
ဝန်ကြီးအဆင့် ညီလာခံ( Ministerial Conference-MC)။ WTO အဖွဲ့တွင် ၀န်ကြီးအဆင့် ညီလာခံ( Minister Conference - MC) သည်အမြင့်ဆုံးအာဏာပိုင်ဖြစ်ပါသည်။ MC တွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်ပါသည်။ MC သည် WTO ၏အမှုဆောင် အဖွဲ့ဖြစ် သကဲ့သို့ WTO လုပ်ငန်းများဆောင်ရွက်မှုကို တာဝန်ယူရပါသည်။ MC သည် သက်ဆိုင်ရာ နိုင်ငံတကာကုန်သွယ်မှု သဘောတူစာချုပ် (MTA) အရ ဆောင်ရွက်ရန်ကိစ္စရပ်များအတွက် ဆုံးဖြတ်ချက်ပြုလုပ်ပိုင်ခွင့်ရှိသည်။ MC ကို အနည်းဆုံး(၂) နှစ်တစ် ကြိမ်ကျင်းပရပါသည်။
အထွေထွေကောင်စီ(General Council-GC)။အထွေထွေကောင်စီသည် အဖွဲ့ဝင်နိုင်ငံအား လုံးမှ ကိုယ်စားလှယ်များပါဝင်သည့်အမှုဆောင် ဆွေးနွေးမှုဖိုရမ်တစ်ရပ်ဖြစ်ပါသည်။ GC သည်ဝန် ကြီးအဆင့်ညီလာခံကို တာဝန်ခံရပြီး၊ ညီလာခံတစ်ခုနှင့်တစ်ခုအကြားတွင် ၀န်ကြီး အဆင့်ညီလာခံများက ချမှတ်သောလုပ်ငန်းများကို GC ကတာဝန်ယူဆောင်ရွက်ပါ သည်။ GC သည်လိုအပ်သလိုတွေ့ဆုံစည်းဝေးပါသည်။ GC သည်၎င်း၏လုပ် ထုံးလုပ်နည်းစည်းမျဉ်းများ ကိုလည်းကောင်း၊ WTO ၏လုပ်ငန်းဆိုင်ရာ ကောင်စီများဖြစ်သည့် Council for Trade in Goods, Council for Trade in Services နှင့် Council for Trade-Related Aspects for Intellectual Property Rights (TRIPS) တို့အတွက် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကို အတည်ပြုချမှတ်ပေးပါသည်။ GC သည်-
(က) ကုန်သွယ်ရေးအငြင်းပွားဖြေရှင်းသည့်
လုပ်ငန်းတာဝန်ဆောင်ရွက်ခြင်း။
(ခ) ကုန်သွယ်ရေးမူဝါဒ
ပြန်လည်သုံးသပ်မှု
လုပ်ငန်းတာဝန်
ဆောင်ရွက်ခြင်း
တို့ပြုလုပ်ပါသည်။
GC သည် ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် ကုန်သွယ်ရေးမူဝါဒ ပြန် လည် သုံးသပ်မှု လုပ်ငန်းအဖွဲ့တို့ကို သီခြားအဖွဲ့ဥက္ကဌများ၊ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင် ရွက်စေနိုင်သည်။ GC သည်၎င်း၏လမ်းညွှန်၊ ကြီးကြပ်မှုအောက်တွင် အောက်ပါလုပ်ငန်း ကောင်စီ ၃ ရပ်ကို ဖွဲ့စည်းထားရှိပါသည်-
(က) Council for Trade in Goods-ကုန်စည်ကုန်သွယ်မှုဆိုင်ရာ
နိုင်ငံ တကာ သဘောတူညီမှုများ၏
လုပ်ဆောင်မှုများကိုကြီးကြပ်ပါသည်။
(ခ) Council for Trade in Services- ၀န်ဆောင်မှုကုန်သွယ်ခြင်းဆိုင်ရာ
လုပ်ငန်းများကို
ကြီးကြပ်ပါသည်။
(ဂ) Council for TRIPS - ပိုင်ခွင့်များဆိုင်ရာ
MTA လုပ်ငန်းများကို
ကြီးကြပ်ပါသည်။
အထက်ပါကောင်စီတို့၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများကို GC ကအတည်ပြုချမှတ် ပါသည်။ အဆိုပါ ကောင်စီတို့တွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှကိုယ်စားလှယ်များအားအဖွဲ့ဝင် အဖြစ် လွတ်လပ်စွာဝင်ရောက်ခွင့်ပြုပါသည်။ ထိုကောင်စီသုံးရပ်သည် လိုအပ်ပါကလက်အောက်ခံ အဖွဲ့အစည်းများဖွဲ့စည်းတည်ထောင်နိုင်ပါသည်။ လက်အောက်ခံအဖွဲ့တို့၏ လုပ်ထုံးလုပ်နည်း များ၊ စည်းမျဉ်းများကို သက်ဆိုင်ရာကောင်စီတို့က အတည်ပြုသတ်မှတ် ပေးပါသည်။
ဝန်ကြီးအဆင့်ညီလာခံကဖွဲ့စည်းသောကော်မတီများ။
ဝန်ကြီးအဆင့်ညီလာခံသည်အောက်ပါလုပ်ငန်း
ကော်မတီ ၃ရပ်ဖွဲ့စည်း၍
လုပ်ငန်းများ
ကိုဆောင်ရွက်စေပါသည်-
(က) Committee on Trade and Development
(ခ) Committe on Balance of Payment Restrictions
(ဂ) Committe on Budget, Finance and
Administration
အထက်ပါလုပ်ငန်းကော်မတီများသည် GC ကအထူးတာဝန်ပေးအပ်သည့် လုပ်ငန်းများ ကိုလည်းဆောင်ရွက်ရသည်။ ဤကော်မတီများသို့ WTO အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စား လှယ်များလွတ်လပ်စွာဝင်ရောက်နိုင်ပါ သည်။ကုန်သွယ်မှုဖွံ့ဖြိုးမှုကော်မတီ (Committe on Trade and Development)သည် MTA ပါဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို အခွင့်အလမ်း ပေးသည့် အထူးပြဌာန်းချက်စည်းကမ်းများအပေါ် ကာလအလိုက်ပြန်လည်သုံးသပ်ပြီး၊သင့် လျော်သည့်အရေးယူဆောင်ရွက်မှုပြုနိုင်ရန် GC သို့အစီရင်ခံရပါသည်။ PTA သဘော တူညီမှု လုပ်ငန်းအဖွဲ့များသည် WTO လုပ်ငန်းမူဘောင်အတွင်းဆောင်ရွက်ရပြီး ၄င်းတို့၏လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို GC သို့ပုံမှန်တင်ပြရပါသည်။
အခြားအဖွဲ့အစည်းများနှင့်ဆက်ဆံရေး။
GC သည် WTOနှင့်လုပ်ငန်းဆက်နွယ်မှုရှိသော
အခြား အစိုးရအဖွဲ့အစည်းများ၊
နိုင်ငံတကာအဖွဲ့အစည်းများ၊ဥပမာ-
UNCTAD , UNDP, ITC, IMF ကမ္ဘာ့ဘဏ်စသည်တို့နှင့်
ထိရောက်သောပူးပေါင်းဆောင်ရွက်မှုပြုနိုင်ရန်
အစီအစဉ်ချမှတ်
ဆောင်ရွက်ရပါသည်။
စင်စစ်အားဖြင့်
WTO, IMF, ကမ္ဘာ့ဘဏ် စသည်တို့သည်
ကမ္ဘာ့စီးပွား
ရေးမူဝါဒချမှတ်ဖေါ်ဆောင်သော
အဖွဲ့အစည်း ၃ ခုဖြစ်ပါသည်။
ယင်းအဖွဲ့အစည်းသုံးခုတို့
အကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအတွက်
WTO ၏ GC အစည်းအဝေးများ
နှင့်ကျွမ်း ကျင်မှုဆိုင်ရာ
ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများတွင်
WTO အကြီးအကဲနှင့်အတူ
IMF ကမ္ဘာ့ ဘဏ် အကြီးအကဲတို့တက်ရောက်ရပါသည်။
WTO လုပ်ငန်းများနှင့်သက်ဆိုင်မှုရှိသော
အစိုးရမဟုတ်သည့်
အဖွဲ့အစည်းများနှင့်အကြံပြုခြင်း၊
ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်ရန်
အတွက် အစီအစဉ်များချမှတ်ဆောင်ရွက်နိုင် ပါသည်။
အထွေထွေအတွင်းရေးမှူးရုံး။ ဤရုံးကို ညွှန်ကြားရေးမှူးချုပ်က ဦးစီးပါသည်။ ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာ မြို့တွင်ရုံးစိုက်ပါသည်။ ညွှန်ကြားရေးမှူးချုပ်ကို ၀န်ကြီးအဆင့်ညီလာခံက ခန့်အပ်ပါသည်။ ညွှန်ကြားရေးမှူးချုပ်ရုံး နှင့်စပ်လျဉ်းသည့်စည်းမျဉ်းစည်းကမ်းများကို ၀န်ကြီး အဆင့် ညီလာခံက ချမှတ်ပေးပါသည်။ လက်ရှိညွှန်ကြားရေးမှူးချုပ်မှာ Mr.Supachai Panitchpakdi ဖြစ်ပါသည်။ ညွှန်ကြားရေးမှူးချုပ်ရုံး၏အရာထမ်းများကို ၀န်ကြီးအဆင့်ညီလာ ခံကချမှတ်သောစည်းမျဉ်းများနှင့်အညီ ညွှန်ကြားရေးမှူးချုပ်က ခန့်အပ်နိုင်သည်။ ညွှန်ကြားရေး မှူးချုပ်ရုံးသည် နိုင်ငံတကာအဖွဲ့အစည်းအသွင် လက္ခဏာရှိပြီး မည်သည့်အဖွဲ့ဝင်နိုင်ငံ၏ လမ်းညွှန်မှု အကြံပြုမှုတို့နှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိစေရပါ။ ညွှန်ကြားရေးမှူးချုပ်သည် WTO ၏နှစ်စဉ်ဘတ်ဂျက်နှင့် ဘဏ္ဍာရေးရှင်းတမ်းများပြင်ဆင်ရေးဆွဲရန် တာဝန်ရှိပါသည်။ ထိုစာရင်းရှင်းတမ်းများကို WTO ဘတ်ဂျက်၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရပါ သည်။ ကော်မတီကနှစ်စဉ် ဘတ်ဂျက်ခန့်မှန်းခြေများ၊ ဘဏ္ဍာရေးရှင်းတမ်းများကိုသုံးသပ်၍ ထောက်ခံ ချက်များပြုလုပ်ပြီး GC သို့တင်ပြရပါသည်။အထက်ပါကော်မတီသည် ၁၉၄၇ ခုနှစ် GATT စည်းမျဉ်းများနှင့်လက် တွေ့ဆောင်ရွက်မှုများကို အခြေခံ၍ဘဏ္ဍာရေးစည်းမျဉ်းများ ရေးဆွဲရပါသည်။ ထိုဘဏ္ဍာရေးစည်းမျဉ်းများတွင် အောက်ပါတို့နှင့်ပတ်သက်သည့် ပြဌာန်း ချက်များပါရှိရပါသည်-
(က) WTO အသုံးစရိတ်များအတွက်
အဖွဲ့ဝင်နိုင်ငံများ၏ထည့်ဝင်ငွေ၊
(ခ) အဖွဲ့ဝင်နိုင်ငံများ၏ကြွေးကျန်များနှင့်ပတ်သက်၍
ဆောင်ရွက်ရန်နည်းလမ်းများ၊
အထွေထွေအတွင်းရေးမှူးရုံးတွင် နိုင်ငံတကာမှအမြဲတမ်းဝန်ထမ်းဦးရေ (၆၀၈)ဦးကို ခန့်ထား ဆောင်ရွက်ပါသည်။ ယင်းတို့အနက်အဆင့်မြင့်စီမံခန့်ခွဲမှု အရာရှိ(၆)ဦး၊ဒါရိုက်တာ (၂၇)ဦး၊ ပုံမှန်ဝန်ထမ်း (၅၇၅)ဦးတို့ပါဝင်ပါ သည်။ GC သည် WTO အဖွဲ့ဝင် ဦးရေထက် ၀က်ကျော်တို့၏ သဘောတူညီမှုဖြင့်ဘဏ္ဍာရေးစည်းမျဉ်းများနှင့်နှစ်စဉ် ဘတ်ဂျက်တို့ ကိုသတ် မှတ်ရပါသည်။ အဖွဲ့ဝင်နိုင်ငံတိုင်းသည် GC ကပြဌာန်းသော ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အ ညီ WTO၏ကုန်ကျစရိတ်များကာမိစေရန် ထည့်ဝင်ရမည့်ဝေစုကိုစောလျှင်စွာထည့်ဝင်ရန် လိုအပ် ပါသည်။ ၂၀၀၄ ခုနှစ်တွင်အဖွဲ့ဝင် ၁၆၄ နိုင်ငံတို့၏စုစုပေါင်းထည့်ဝင်မှုပမာဏမှာ ၁၆၀ ယ၃၇၈ယ ၇၇၆ စီအိခ်ျအက်ဖ်(CHF) ရှိပါသည်။
WTO ၏ရပ်တည်မှု WTOသည်ဥပဒေပြုမှုအခွင့်အာဏာရှိသောအဖွဲ့အစည်းဖြစ်ပါသည်။ WTO အဖွဲ့ဝင်များ၏ ကိုယ်စားလှယ်များနှင့်အရာရှိများအားလုံးသည် ၁၉၄၇ ခုနှစ်နိုဝင်ဘာ ၂၁ ရက် နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂညီ လက်ခံအတည်ပြုထားသော အထူးအေဂျင်စီများ၏ အခွင့် အရေးခံစားခွင့်များနှင့်ကင်းလွတ်ခွင့်များဆိုင်ရာ သဘောတူညီချက်အရ ရရှိ အပ်သောနိုင်ငံ တကာအခွင့်ထူးခံစားခွင့်များနှင့်သက်သာခွင့်များကို ခံစားနိုင်ခွင့်ရှိပါ သည်။
WTO ၏ဆုံးဖြတ်ချက်ချမှတ်ပုံ။
WTO ၏ဆုံးဖြတ်ချက်များကို
ဝန်ကြီးအဆင့်ညီလာခံ
နှင့်အထွေထွေ
ကောင်စီတို့တွင်
ဆန္ဒမဲအများစုရရှိမှုအပေါ်မူတည်၍
ဆုံးဖြတ်ချက်ချမှတ်
ပါသည်။အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလျှင်ဆန္ဒမဲ
တစ်မဲပေးပိုင်ခွင့်ရှိပါသည်။
ဥရောပနိုင်ငံများ
အဖွဲ့အ နေဖြင့်
ဥရောပသမဂ္ဂ၀င်၊
WTO အဖွဲ့ဝင်နိုင်ငံများ
အညီအမျှ ဆန္ဒမဲတစ်မဲစီပေး ပိုင်ခွင့်ရှိပါသည်။
ဝန်ကြီးအဆင့်ညီလာခံနှင့်
အထွေထွေကောင်စီတို့သည်
WTO တည်ထောင်ခြင်း
ဆိုင်ရာ သဘောတူညီချက်နှင့်နိုင်ငံတကာ ကုန်သွယ်မှုသဘောတူညီချက်များ
ကို
ရှင်းလင်းဖေါ်ပြရန်
အခွင့်အာဏာအပြည့်အ၀ရှိသည့်
နိုင်ငံတကာကုန်သွယ်မှုသဘောတူညီချက်ပါ
အဓိပ္ပါယ်ရှင်း
လင်းဖေါ်ပြချက်တစ်ရပ်ရပ်ကို ၀န်ကြီးအဆင့်ညီလာခံနှင့်
အထွေထွေကောင်စီအနေဖြင့်
သီးခြား ကောင်စီတစ်ရပ်ရပ်၏
ကြီးကြပ်မှုနှင့်ဆိုင်သော
လုပ်ငန်းဆိုင်ရာ
ရှင်းလင်းချက်ဖြစ်ပါက
ထိုသီး ခြားကောင်စီ၏ ထောက်ခံတင်ပြချက်များ
ပေါ်အခြေခံ၍
ရှင်းလင်းဖွင့်
ဆိုနိုင်ပါသည်။
သဘောတူညီမှုပါစကားရပ်၏
အဓိပ္ပါယ်ရှင်းလင်းဖေါ်ပြမှုအပေါ်
အဖွဲ့ဝင်နိုင်ငံများ၏
လေးပုံ သုံးပုံ
တို့၏သဘောတူညီမှုရလျှင် ထို
ိုစကားရပ်ရှင်းလင်းဖွင့်ဆိုမှုကို
အတည်ပြုချမှတ်နိုင်သည်။
မူလအဖွဲ့ဝင်များ။
WTO ၏မူလအဖွဲ့ဝင်များမှာ
အောက်ပါတို့ပါဝင်ပါသည်။
(က) ၁၉၄၇ ခုနှစ်
GATT တည်ထောင်မှုတွင်ပါဝင်လက်မှတ်ရေးထိုးခဲ့သော
အဖွဲ့ဝင်များ။
(ခ) ၁၉၉၄
ခုနှစ် GATT ၏နောက်ဆက်တွဲ
Schedule of Concessions and Commitmentsအတွက်လည်းကောင်း၊၀န်ဆောင်မှုကုန်သွယ်ရေး
အထွေထွေ သဘောတူ
စာချုပ် (GATT) ၏နောက်ဆက်တွဲ
Schedules of Specific Commitments အတွက်လည်းကောင်၊
WTO သဘောတူစာချုပ်နှင့်နိုင်ငံတကာကုန်သွယ်မှုသဘောတူစာချုပ်များကိုလက်ခံ
ံသော
ဥရောပဘုံဈေးအဖွဲ့
ဝင်နိုင်ငံများ။
WTO အဖွဲ့ဝင်တို့၏အခွင့်အရေးများ။ WTOအဖွဲ့ဝင်နိုင်ငံတို့သည် အောက်ပါအခွင့် အရေးများ ကို ရရှိခံစား နိုင်ပါသည်-
(က) ၂ နှစ် ၁ ကြိမ်ကျင်းပသည့်ဝန်ကြီးအဆင့်ညီလာခံသို့
ကိုယ်စားလှယ်တက်
ရောက်ခွင့်။
(ခ) အခါအားလျော်စွာကျင်းပသည့်အထွေထွေကောင်စီအစည်းအဝေးသို့
ကိုယ်စား လှယ်တက်
ရောက်ခွင့်။
(ဂ) WTO ၏လုပ်ငန်းဆိုင်ရာ
ကောင်စီသုံးရပ်တွင်ကိုယ်စားလှယ်ပါဝင်ခွင့်။
(ဃ) WTO အဖွဲ့ဝင်တိုင်းရရှိအပ်သော
သက်သာခွင့်များ၊
အခွင့်အရေးများတန်းတူခံစားခွင့်။
(င) အဖွဲ့ဝင်နိုင်ငံများ၏ကိုယ်စားလှယ်အရာရှိများသည်
၂၁-၁၁-၂၀၀၄ ရက်နေ့တွင်
UN Assembly အတိုင်းခံစားခွင့်။
(စ) မည်သည့်အဖွဲ့မဆို
WTO ၏မည်သည့်သဘောတူပြဌာန်းချက်ကိုမဆို
ပြင်ဆင် ရန်အဆိုပြုခွင့်။
(ဆ) WTO သဘောတူစာချုပ်(၁၉၉၅)၏
Article XV အရအဖွဲ့ဝင်အဖြစ်မှ
နှုတ်ထွက်ခွင့်။
WTO အဖွဲ့ဝင်အဖြစ်မှနှုတ်ထွက်လိုသော မည်သည့်အဖွဲ့ဝင်နိုင်ငံမဆို နှုတ်ထွက်နိုင်ပါ သည်။ WTO သဘောတူညီချက်နှင့်နိုင်ငံတကာကုန်သွယ်မှုသဘောတူညီချက်အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် WTO ညွှန် ကြားရေးမှူးချုပ်ထံစာဖြင့်ရေးသားတင်ပြ၍ ထိုတင်ပြသည့်နေ့မှ ၆ လပြည့်လျှင်နှုတ်ထွက်ပြီးဖြစ်ပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ဝင်ရောက်ခြင်း။ GATT အဖွဲ့ဝင်နိုင်ငံများသည် ဥရုဂွေးဆွေးနွေး ပွဲသ ဘောတူညီချက်များကို လက်မှတ်ရေးထိုးပြီး၊သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေပြု အဖွဲ့မှ အတည်ပြုပြီးပါက ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၏အဖွဲ့ဝင်နိုင်ငံဖြစ်လာပါသည်။အကယ်၍ယခင်က GATT အဖွဲ့ဝင်မဟုတ်ဘဲ ယခုမှကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ဝင်ဖြစ်လိုပါက အောက်ပါလုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်-
(က) အဖွဲ့ဝင်ဖြစ်လိုသောနိုင်ငံအစိုးရသည်
WTO သဘောတူညီချက်များအရမိမိ
နိုင်ငံ၏ ကုန်သွယ်
ရေးနှင့်စီးပွားရေးဆိုင်ရာမူဝါဒအားလုံးကို
WTO သို့ပေးပို့ရ
သည်။
(ခ) ပေးပို့သောမှတ်တမ်းအားလုံးကို
WTO အဖွဲ့မှအဖွဲ့ခွဲ၍အသေးစိတ်စစ်ဆေးသည်။
(ဂ) အဖွဲ့ဝင်ဖြစ်လိုသောနိုင်ငံအစိုးရသည်WTO
အဖွဲ့ဝင်နိုင်ငံအစိုးရများနှင့်နှစ်နိုင်ငံ
ချင်းညှိနှိုင်းဆွေး
နွေးပွဲများပြုလုပ်ရမည်။
(ဃ) ညှိနှိုင်းဆွေးနွေးရာတွင်ဖွဲ့ဝင်သစ်ဖြစ်လိုသောနိုင်ငံမှ
ကုန်စည်နှင့်ဝန်ဆောင်
မှု၊ကုန်သွယ်ရေးတွင်
လျော့ပေါ့ရေးမူများနှင့်လိုက်နာဆောင်ရွက်ရမည့်
ကတိ က၀တ်တို့ပါဝင် သည်။
(င) အဖွဲ့ဝင်ဖြစ်လိုသောနိုင်ငံ၏ကုန်သွယ်ရေးနှင့်စီးပွားရေးမူဝါဒများကို
စိစစ်မှုပြီး ဆုံးပါက
စိစစ်ရေး အဖွဲ့က၀င်ခွင့်ြ့ပုမည့်
စည်းကမ်းချက်များကိုရေးဆွဲရသည်။
(စ) နောက်ဆုံးအဆင့်တွင်စိစစ်ရေးအဖွဲ့၏အစီရင်ခံစာနှင့်နှစ်နိုင်ငံအတွင်း
ရေးဆွေး နွေးမှုမှရရှိလာသော
သဘောတူညီချက်များကို
အထွေထွေကောင်စီ
(သို့မဟုတ်) ၀န်ကြီး အဆင့်အစည်းအဝေးသို့
တင်ပြအတည်ပြုချက်ရယူရမည်။
(ဆ) အကယ်၍ သုံးပုံနှစ်ပုံကမဲပေး၍သဘောတူညီပါက
WTO အဖွဲ့ဝင်ခွင့်ရရှိလာ
မည့်လျှောက်ထားနိုင်ငံ၏ဥပဒေပြုအဖွဲ့မှ
အတည်ပြုပြီး နောက်သဘောတူညီ ချက်စာချုပ်တွင်
်လက်မှတ်ရေးထိုးပြီးပါက
WTO အဖွဲ့ဝင်ဖြစ်လာပါမည်။
WTO ၀င်ရောက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ။ WTO အဖွဲ့ဝင်ရောက်ပြီး ကမ္ဘာ့ ကုန်သွယ်မှု စနစ်တွင်ပါဝင်ခြင်းဖြင့် အောက်ပါအကျိုးကျေုးဇူးများရရှိနိုင်ပါသည်။ WTO ကြီးမှူး သောကမ္ဘာ့ကုန်သွယ်မှုစနစ် သည်-
(က) ငြိမ်းချမ်းရေးမြှင့်တင်ပေးပါသည်။
(ခ) ကုန်သွယ်ရေး
အငြင်းပွါးမှုများကို
အပြုသဘောဖြင့်ကိုင်တွယ်ဖြေရှင်းပေးပါသည်။
(ဂ) အစိုးရများအားအမြင်ကျဉ်းမြောင်းသည့်
တစ်ဖက်သက်အကျိုးစီးပွားရေးရှေး
ရှူမှုများကြောင့်
ထိပ်တိုက်တွေ့ဆုံစေ့စပ်ညှိနှိုင်းရမည့်
အခြေအနေများမှ
ကာကွယ်ပေးပါသည်။
(ဃ) အဖွဲ့ဝင်နိုင်ငံများအားလုံး၏ပိုမိုလွယ်ကူသက်သာသော
စီးပွားရေးဘ၀အခြေ
အနေများကို ကုန်သွယ်မှုစည်းမျဉ်းများဖြင့်
ဖန်တီးပေးပါသည်။
(င) ပိုမိုလွတ်လပ်မှုရှိသောကုန်သွယ်မှုဖြင့်နိုင်ငံများ၏လူနေစရိတ်များကို
သက်သာ စေပါသည်။
(စ) ကုန်ပစ္စည်းများနှင့်အရည်အသွေးများကို
ရွေးချယ်ရာတွင်အခွင့်အလမ်း
ပိုမိုများ ပြားစွာ
ရရှိစေပါသည်။
(ဆ) ကုန်သွယ်မှုမှ
ဝင်ငွေတိုးတက်စေပါသည်။
(ဇ) ကုန်သွယ်မှုသည်
စီးပွားရေးတိုးတက်မှုနှုန်းပို၍မြင့်မားရန်
အားပေးပါသည်။
(ဈ) ကုန်သွယ်ရေးအခြေခံမူများသည်ကုန်သွယ်မှုစနစ်ကိုစီးပွားရေးအရ
စွမ်းဆောင်ရည်ပို၍မြင့်မားစေပြီး၊စရိတ်များလျော့နည်းစေပါသည်။
(ည) အစိုးရကုန်သွယ်ရေးမူဝါဒအရည်အသွေးကောင်းမွန်စေမှုကို
ဖြစ်ထွန်းစေပါသည်။