ပို့ကုန်သွင်းကုန် သတင်းလွှာ
သိမှတ်ဖွယ်ရာ အဖြာဖြာ
သုတကဏ္ဍ
နိုင်ငံတကာအဖွဲ့အစည်းများ
ဈေးကွက်ဈေးနှုန်း
ကုန်သွယ်ရေးစီမံအုပ်ချုပ်မှု
မျက်မှောက်သတင်း
ပုံနှိပ်ထုတ်ဝေခြင်း
ကျန်းမာရေးကဏ္ဍ
Useful Links
Site Map
ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးမှု ညီလာခံအဖွဲ့
ကုလသမဂ္ဂအထွေထွေညီလာခံမှ ၁၉၄၆ ခုနှစ် ၊ ဒီဇင်ဘာလတွင် ၄င်း၏ အမြဲတမ်းအဖွဲ့အစည်း တစ်ရပ်အဖြစ် အန်းတက်အဖွဲ့ကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည် ။ အန်းတက်အဖွဲ့ကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဖွံ့ဖြိုးရန် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကုန်သွယ်မှုဖွံ့ဖြိုး ရေးလုပ်ငန်းကို ကမ္ဘာ့အတိုင်း အတာဖြင့် စီမံဆောင်ရွက်ပေးရန်နှင့် အပြည်ြုပည်ဆိုင်ရာ ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းတို့ကို ညှိနှိုင်း ဆောင်ရွက်ပေးရန် ဖွဲ့စည်းခြင်းဖြစ် ပါသည် ။ မြန်မာနိုင်ငံသည် အန်းတက် အဖွဲ့ကို စတင်တည်ထောင်သည့် နိုင်ငံများတွင် ပါဝင်ခဲ့သည့်နိုင်ငံဖြစ်ပါသည်။ အန်းတက် အဖွဲ့ဝင် ၁၉၂ နိုင်ငံရှိပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်ပါသည် ။
အန်းတက်ဝန်ကြီးများအဆင့် ညီလာခံ
အန်းတက်ဝန်ကြီးများ အဆင့်ညီလာခံကို လေးနှစ်လျှင်တစ်ကြိမ် အန်းတက်အဖွဲ့ဝင်နိုင်ငံ များ၏မြို့တော်များတွင် ကျင်းပပါသည်။ အန်းတက် စတင်တည်ထောင်သည့် ၁၉၆၄ ခုနှစ်မှ ၂၀၀၄ ခုနှစ် အထိ ၁၁ ကြိမ် ကျင်းပ ခဲ့ပြီး ဖြစ်ပါသည် ။ ယင်း ၁၁ ကြိမ်မြောက် အန်းတက် ညီလာခံကို ၂၀၀၄ ခုနှစ် ၊ ဇွန်လ ၁၃ ရက်မှ ၁၈ ရက်နေ့အထိ ဘရာဇီးနိုင်ငံ ၊ ဆန်ပေါင်လိုမြို့ တွင် ကျင်းပခဲ့သည်။ အဆိုပါညီလာခံသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ၀န်ကြီးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပါသည် ။