MOC Home|Download Font|Contact

သုတေသနစာတမ်း

'' trade FacIlitation''


ကုန်သွယ်မှုလျှင်မြန်ချောမွေ့ရေးအတွက် WTO မှ သတ်မှတ်ချက်များ၊ ဒေသတွင်း ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုအခြေအနေများကို လေ့လာသိရှိနိုင် မည်ဖြစ်သည်။


'' အသီးဝါ၀ါ အရွက်စိမ်းစိမ်း ပန်းရောင်စုံတို့ရဲ့ရပ်စ်ပီးရေးရှင်း''


ရပ်စ်ပီးရေးရှင်း(raspiration)ဆိုတာ အသက်ရှူတာကို ပြောတာပါ၊ သာမန်သုံးနေကျ စကားလုံးဖြစ်တဲ့ (breathing)ထက် လေးနက်ပါတယ်၊ (breathing)က ရိုးရိုး လေသွင်းလေထုတ် တာကိုပြောတာဖြစ်ပြီး ရပ်စ်ပီးရေးရှင်း ကတော့သက်ရှိဆဲလ်တွေအတွင်းအောက်စီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ဖလှယ်ပြီးရေ နဲ့အပူစွမ်းအင် ထွက်ရှိ တာကိုရည်ညွှန်းပါတယ်၊သက်ရှိဆိုရာမှာလူ၊တိရိစ္ဆာန်၊အပင်တွေအားလုံးပါဝင်ပါတယ်၊ အပင်ကထွက်ရှိ လာတဲ့အသီးအပွင့်၊ ပန်းတွေလည်းသက်ရှိတွေပါပဲ၊ အပင်တွေဟာ စကား မပြောတတ်တာကလွဲပြီး ကျန်တဲ့ ဖြစ်စဉ်တွေအားလုံးဟာ လူ၊တိရစ္ဆာန်တွေရဲ့ဖြစ်စဉ်တွေနဲ့အတူတူပါပဲ၊အပင်တွေက အစာချက်တယ်၊ အသက် ရှူတယ်၊ ကြီးထွားတယ်၊ အသီးသီးတယ်၊ ပန်းပွင့်တယ်၊ မျိုးဆက်ပြန့်ပွားတယ်...


'' ကမ္ဘာ့ဈေးကွက်ဝင်လက်ဖက်''


ကမ္ဘာ့လက်ဖက်ထုတ်လုပ်မှုသည် နှစ်စဉ် ၃ ရာခိုင်နှုန်းကျော်တိုးနေပြီး ၂၀၀၆ ခုနှစ်မှာတော့ တန်ချိန် ၃ ဒသမ ၆ သန်းရောက်ရှိလာခဲ့ပါသည်။ အဓိကထုတ်လုပ်မှု တိုးလာသော နိုင်ငံများမှာ တရုတ်၊ ဗီယက်နမ်နှင့် အိန္ဒိယတို့ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ကျေးလက်ဒေသများ ၀င်ငွေတိုးတက်ရရှိရေး မူဝါဒချမှတ်ဆောင်ရွက် ခဲ့သည့်အတွက် ၂၀၀၅ ခုနှစ်ကထက် ၉ ဒသမ ၅ ရာခိုင်နှုန်းတိုးလာပြီး ၂၀၀၆ တွင် တန်ချိန် ၁ ဒသမ ၀၅ သန်း ထုတ်လုပ်နိုင်ခဲ့ပါသည်။


'' ပြောင်းလဲလျှက်ရှိသည့်ရာသီဥတုနှင့်အညီ ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မည့် အက်ဖ်အေအို၏ အစီအမံများ''


်ကမ္ဘာနှင့်တစ်ဝှမ်းအစားအစာဈေးနှုန်းများမြင့်တက်လာနေမှုကြောင့်ယမန်နှစ် ၂၀၀၇ခုနှစ်အတွင်း ငတ်မွတ်သူ ဦးရေ သန်းပေါင်း၅၀ အထိတိုးတက်လာခဲ့သည်ဟု အက်ဖ်အေအို၏ D.G Dr.Diouf ကဇူလိုင်လ ဘရပ်ဆဲလ်တွင်ကျင်းပသောဥရောပပါလီမန်တွင်ပြောကြားခဲ့ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် အစားအသောက် နှင့်လောင်စာဈေးနှုန်းကြီးမြင့်မှုဒဏ်ကို အကြီးအကျယ်ခံစား နေလျက်ရှိရာချမ်းသာသည့် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ၀ိုင်းဝန်းလက်တွဲ၍ ကူညီမှုအသစ်များကိုဆောင်ကြဉ်းပေးရန်လိုအပ်နေပြီဖြစ်သည်ဟုဆိုပါသည်။


'' ကုန်သွယ်မှုလျှို့ဝှက်ချက်များနှင့် လျှို့ဝှက်သတင်းအချက်အလက်များ'' (Trade Secrets and Confidential Information)

ကုန်သွယ်မှုလျှို့ဝှက်ချက် (trade secret) ဆိုသည်မှာ အများပြည်သူမသိသော စီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးသည့်သတင်းအချက်အလက် သို့မဟုတ် လျှို့ဝှက် ချက်ဖြစ်သည်။ ကုန်သွယ်မှုလျှို့ဝှက် ချက်ဟူသော ဝေါဟာရကိုစီးပွားဖြစ်တန်ဖိုး (commercial value) ရှိသော သတင်းအချက်ကိုရည်ညွှန်းအသုံးပြု ခြင်းဖြစ်သည်။ ကုန်သွယ်မှု လျှို့ဝှက်ချက်များနှင့်ပတ်သက်သောဥပဒေသည် လျှို့ဝှက်သတင်းအချက်အလက် (confidential information) ကို ကာကွယ်သောဥပဒေပင်ဖြစ်သည်။


ဗုဒ္ဓဟူးနေ့စကားဝိုင်း"(ဘာလဲဟဲ့အစွန်းထွက်)"

မောင်ဘောဂ။ ။ ပြီးခဲ့တဲ့အပတ်တွေက အစွန်းထွက်ကျေနပ်မှုရဲ့သဘောနဲ့ အစွန်းထွက်ထုတ်ကုန်တို့ရဲ့ သဘောကို ပြောခဲ့ကြတာနော်။
သူငယ်ချင်း။ ။ အေး...ဟုတ်တယ်၊ ဒီတစ်ပတ်မှာ အစွန်းထွက်ရငွေ (marginal revenue) နဲ့အစွန်းထွက်စရိတ် (marginal cost) တို့ရဲ့သဘောကို ပြောဆိုဆွေးနွေးမယ့်အကြောင်း စာဖက်သူတွေကို အသိပေးခဲ့တယ်လေ။

" အာဆီယံဒေသတွင်းအငယ်စားနှင့်အလတ်စားလုပ်ငန်းများမြှင့်တင်ရေး ကြိုးပမ်းချက်များ"

နိုင်ငံတစ်နိုင်ငံ၏စီးပွားရေး၊လူမှုရေးနှင့်နိုင်ငံရေးဖွံ့ဖြိုးမှုများတွင်အငယ်စားနှင့်အလတ်စားလုပ်ငန်းများ(SMEs) အနေဖြင့်အလွန်အရေးပါသည့်နေရာတွင် ပါဝင်လှုပ်ရှားလျက်ရှိခြင်း ကို ကျယ်ပြန့်စွာအသိအမှတ်ပြုထားပြီးဖြစ်သည်။ အလုပ်အကိုင်ဖန်တီးရေး၊ အရင်းအမြစ်များကိုထိရောက်စွာအသုံးချရေး၊ ငွေကြေးလည်ပတ်ရေး၊ ၀င်ငွေအညီအမျှရှိရေး၊ စက်မှု နိုင်ငံ နှင့်ဖွံ့ဖြိုးဆဲနိုင်ငံများရင်းနှီးမြှုပ်နှံမှုတိုးပွားရေးတို့တွင်SMEsများကထိရောက်စွာ အထောက်အကူပြုနေ ...

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့်"တစ်ခုတည်းသောအာဆီယံပြတင်းပေါက်"

အာဆီယံထိပ်သီးနှစ်ပတ်လည်ဆွေးနွေးပွဲတွင်ဆွေးနွေးခဲ့သောကုန်သွယ်မှုလွယ်ကူချောမွေ့ စေမည့် "တစ်ခုတည်းသော အာဆီယံပြတင်းပေါက်" (Single ASEAN Window) ကိုအာဆီယံနိုင်ငံများက ကြိုးပမ်းလျက်ရှိသည်။သင်္ဘောတင်ပို့ကုန်ပစ္စည်းများရှင်းလင်းမှုနှင့် အာဆီယံဒေသအတွင်းရှိအကောက်ခွန် အာဏာပိုင်တို့ကကုန်ပစ္စည်းများ ထုတ်ယူ ခွင့်ပြုရေးလုပ်ငန်းများအတွက် ၂၀၁၂ ခုနှစ်တွင် ASEAN Single Window ကိုထူထောင်ပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

   
တစ်ဆင့်ခံကုန်သွယ်ရေး၏သဘောတရား၊သဘောတူညီချက်နှင့်အခြေခံမူများ

တစ်ဆင့်ခံကုန်သွယ်ရေးဆိုသည်မှာ တစ်နေရာမှတစ်နေရာသို့ကုန်စည်များဖြတ်သန်းသည့် ဖြစ်စဉ်ဖြစ်သည်။ တစ်ဆင့်ခံကုန်သွယ်ရေးကို ဖြတ်သန်းကုန်သွယ်ရေး ဟူ၍ လည်း ခေါ်သည်။ တစ်ဆင့်ခံကုန်သွယ်သည့်ကိစ္စရပ်သည် ကုန်းတွင်းပိတ်နိုင်ငံများနှင့်များစွာဆက်နွယ်ပတ်သက်နေသည်။ ယင်းနိုင်ငံများသည် ကမ်းရိုးတန်းမရှိခြင်းကြောင့် အပြည်ပြည် ဆိုင်ရာကုန်သွယ်ရေးတွင်ပြဿနာများစွာနှင့်ရင်ဆိုင်ကြရသည်။ တစ်ဆင့်ခံ ကုန်သွယ်ရေးသဘောတရားသည် ကုန်းတွင်းပိတ်နိုင်ငံများအနေဖြင့် ပင်လယ်ကမ်းရိုး တန်းအား ရယူအသုံးပြုခွင့် ကိုဆိုလိုသည်။

 
၂၀၀၇ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော မန္တလေးတိုင်း၏ ပဲလေးမျိုးဈေးနှုန်းနှင့်ဈေးကွက်အခြေအနေ

မန္တလေးတိုင်းအတွင်းပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေမှာ နှစ်စဉ်အားဖြင့် ဧကလေးသိန်းခွဲခန့်ကို စိုက်ပျိုးလေ့ရှိပါတယ်။ ဒါကြောင့် ပုံမှန်အားဖြင့်တန်ချိန် တစ်သိန်းကျော် ကျော်ကိုနိုင်ငံခြားတင်ပို့ရန်ထုတ်လုပ်နိုင် တယ်လို့ပြောရင်ရပါတယ်။ မန္တလေးတိုင်းရဲ့ပဲစင်းငုံ အမျိုးအစားကို ကြည့်မယ်ဆိုရင် ဒေသအလိုက်အပိုင်းတွေခွဲခြားထား လို့ရပါတယ်။ ကျောက်ပန်းတောင်းဒေသထွက် ပဲစင်းငုံအနီလုံးသေးမျိုး၊ မြင်းခြံ တောင်သာ နွားထိုး ကြီးဒေသတစ်ဝိုက်ကထွက်တဲ့ လုံးလတ်မျိုး၊ မိတ္ထီလာမလှိုင်နယ်တစ်ဝိုက်က ထွက်တဲ့ပဲစင်းငုံ လုံးလတ်မျိုး၊ စသဖြင့် ပေါ့။ရမည်းသင်းပျော်ဘွယ်သာစည်ကလည်းမိတ္ထီလာပဲနဲ့တူတူပါပဲ။မန္တလေး မတ္တရာနယ်တစ်ဝိုက်ကလည်း ထွက်တော့ထွက်ပါတယ် နည်းပါတယ်။ပဲစင်းငုံဟာပဲအားလုံးထဲမှာထွက်ချိန်စောတဲ့ပဲဖြစ်တာကြောင့်လည်း ကုန်သည်အနေနဲ့ တစ်ခြားပဲနှမ်းတွေ ကိုအရောင်းအ၀ယ်မလုပ်ခင် တစ်ကျော့လောက် အရောင်းအ၀ယ်လုပ်လို့ ရတဲ့အတွက် ကုန်သည်တိုင်းလိုလို လုပ်ကိုင်လေ့ရှိတတ်ပါတယ်။

 
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုနေသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises) သည် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ စက်မှုလုပ်သားအင်အား၏ ထက်ဝက်ကျော်ကို အလုပ်အကိုင် ပေးနိုင်ပြီး စုစုပေါင်းကုန်ထွက်၏ ကြီးမား သောအစိတ်အပိုင်းကို ထုတ်လုပ်ပေးနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏လေ့လာမှုအစီရင်ခံစာတစ်ခုဖြစ်သော "Investing in Development Lessons of World Bank Experience" တွင်ဖော်ပြထားသည်။ ထိုအစီရင်ခံစာတွင် အသေးစား လုပ်ငန်းများက ဆောင်ရွက်နိုင်မည့်အကျိုးကျေးဇူးသုံးရပ်အနေဖြင့်...
 
ဂျပန်ရေထွက်ပစ္စည်းဈေးကွက်အလားအလာ'
ကမ္ဘာပေါ်ရှိ ပုစွန်အဓိကစားသုံးသောနိုင်ငံများတွင်ဂျပန်နိုင်ငံသည်တစ်ခုအပါအ၀င်ဖြစ်သည်။ ဂျပန်နိုင်ငံတွင်လတ်တလော ပုစွန်စားသုံးမှုကျဆင်းမှုများရှိသော် လည်းပုစွန်ဝယ် လိုအားမှာပုံမှန်ကောင်းနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။  သဘာဝအရဖမ်းဆီးရမိသော ပုစွန်နှင့် မွေးမြူရေးပုစွန်တို့အကြား အရသာခြား နားမှုမ ရှိပါ။ မွေးမြူရေးပုစွန်တုပ်ကို အအေးပေးလိုက်သောအခါ အနံ့ပြောင်းလဲမှုဖြစ်ရန်ခဲယဉ်းသော် လည်း ရေငန်ပိုင်း တွင် မွေးမြူထားသော ပုစွန်တုပ်အမျိုးအစား အများအပြားကို အအေးပေး၍တင်ပို့မှုကို ဂျပန် နိုင်ငံမှလည်း ကျယ်ကျယ်ပြန့်ပြန့်လက်ခံသည်။
 
ဗုဒ္ဓဟူးနေ့စကားဝိုင်း '' ဘာလဲဟဲ့အစွန်းထွက်''
မောင်ဘောဂ။ ။တို့ ၂ ယောက်ကသူငယ်ချင်းတွေဆိုတော့ မင်း နဲ့ ငါ ဆိုပြီးနာမ်စားတွေသုံးကြတာ ပေါ့။ တို့စကားဝိုင်းကိုဘယ်အကြောင်းကစပြောကြရင်ကောင်းမလဲ။
သူငယ်ချင်း။ ။ ဘာကစပြီးဆွေးနွေးကြမလဲဆိုလို့ ငါတို့အီကိုပထမနှစ်စတက်တော့ဆရာတစ်ယောက် ပြောတာသတိရမိတယ်။ ဆရာ့အယူအဆကတော့ စာသင်တဲ့အခါ ကျောင်း သားနားလည်ဖို့လိုတယ်တဲ့။
 
တိုင်းပြည်ဝင်ငွေအတက်အကျများ (Fluctuations in real GNP)
တစ်နှစ်နှင့်တစ်နှစ် တိုင်းပြည်ဝင်ငွေတိုးတက်ခြင်းက တိုင်းပြည်၏ နောက်ဆုံးထုတ်ကုန်များ (final products)၏ စုစုပေါင်းထုတ်လုပ်မှုတိုးခြင်းကို ညွှန်ပြပါသည်။ တိုင်းပြည်ဝင် ငွေ တိုးခြင်းသည် ထုတ်လုပ်မှုတိုးခြင်း ပင်ဖြစ်သည်ဟုဆိုလိုသည်။ ပိုမိုထုတ်လုပ်ခြင်းက စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုပိုမို များပြားစေပါသည်။
 
မှတ်ဥာဏ်နှင့်သစ်သီးဝလံ
မုံလာဥနီ/၀ါ ကဲ့သို့ လတ်ဆတ်သော သစ်သီးဝလံများသည် ဦးနှောက်နှင့်မှတ်ဥာဏ်များကို တိုးတက်ကောင်းမွန်စေပါသည်။ ထို့ကြောင့်သင်သည် သင်၏ဦးနှောက်နှင့်မှတ်ဥာဏ် ကို ကောင်းမွန်စေလိုပါက မုံလာဥနီ/၀ါ တို့ကို လတ်လတ်ဆတ်ဆတ်အစိမ်းစားသကဲ့သို့ လတ်ဆတ်သောသစ်သီးဝလံများကိုလည်း များများစားသုံးရန် လိုအပ်ပါသည်။
 
ဆန်အကျိုးအကြေနည်းပါးရေး

စပါးကို ကြိတ်ခွဲရာတွင် အကျိုးအကြေနည်းပါးပြီး ဆန်ထွက်နှုန်းကောင်းရန် သုတေသနပြုလုပ်ချက်များအရ စပါးကို ကိုင်တွယ်ထိန်းသိမ်းသူများ၏ အားနည်းချက်များ သည် လည်း ဆန်ထွက်နှုန်းကို ကျဆင်းစေကြောင်း တွေ့ရှိနေရပါသည်။ တစ်နည်းဆိုသော်စပါးကို ရိတ်သိမ်ပြီးနောက် ရိတ်သိမ်းချိန်လွန်နည်းပညာများကို သိရှိမှု၊ လိုက်နာဆောင် ရွက်မှု အားနည်းချက်များသည်လည်း ဆန်အကျိုးအကြေများစေသည့် အကြောင်းအချက်တစ်ခု အဖြစ် တွေ့ရှိနေရပါသည်။

 
လက်ကားဈေးကွက်ဖွံ့ဖြိုးတိုးတက်ပေါ်ထွန်းရေး (၁)
လက်ကားဈေးကွက်များသည် မည်သည့်စိုက်ပျိုးရေးဈေးကွက်စနစ်အတွက်မဆို (အထူးသဖြင့်လယ်ယာ ထွက်ကုန်များအတွက်) အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) သည် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကတည်းကပင် ကမ္ဘာ့တိုက်ကြီးများအားလုံးတွင် လက်ကားဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေး တင်ပြခဲ့သည်။
 
ဆရာတပည့်စကားဝိုင်း
ဇွန်လဆန်းပိုင်းမှာ ပဲမျိုးစုံရဲ့ ဈေးနှုန်းကို ၀ယ်လိုအားရဲ့တုံ့ပြန်မှုက အများဆုံးဖြစ်နိုင်ပါတယ်ဆရာ။ ရသင့်ရထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းတစ်ခုကနေ နည်းနည်းလောက် လျော့သွားတာနဲ့ နိုင်ငံ A က တော်တော်များများ ရောင်းကြတော့မှာမဟုတ်ဘူး။ နိုင်ငံ B ကတော့ ရသ လောက်လိုချင်တဲ့ အနေအထားဖြစ်နေပြီလို့ ပြောနိုင်ပါတယ်။
 
ပြိုင်ဆိုင်မှုပေါ်လစီနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေသော ပြိုင်ဆိုင်မှုပေါ်လစီ၏ ကောင်းကျိုးများအဖြစ် ၃ မျိုး တွေ့ရှိရပါသည်။ ပထမအမျိုးအစားမှာ စီးပွားရေးလုပ်ငန်းများ၏ သွင်း အားစုစရိတ်များကို မြင့်မားစေသော၊ စားသုံးသူများ၏ ကောင်းကျိုးချမ်းသာကို လျော့ကျစေသော ကာတဲလ်နှင့်လက်ဝါးကြီးအုပ်လုပ်ငန်းများကို လျော့နည်းပပျောက်စေခြင်း ဖြစ်သည်။
 
စက်မှုလုပ်ငန်းထူထောင်ရေးအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး
ဖွံ့ဖြိုးဆဲနိုင်ငံများအကြား တက်ကြွသောဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကြောင့် ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများကို အင်အားတောင့်တင်းခိုင်မာစေပြီးကမ္ဘာ့စီးပွားရေးအဖြစ် သို့ ၎င်းတို့၏ ပေါင်းစည်းမှုတိုးတက် ကောင်းမွန်လာစေသည်။
 
COMPETITION POLICY (ပြိုင်ဆိုင်မှုပေါ်လစီ)

အမြတ်များကို လက်ဝါးကြီးအုပ်နိုင်ရန် သို့မဟုတ် တစ်ဦးချုပ်အမြတ်များ ကို ဖမ်းဆုပ်နိုင်ရန်အလို့ငှာ စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းအချင်းချင်း ပြိုင်ဆိုင်မှုကိုလျော့ ကျစေသော လုပ်ဆောင်ချက်အမျိုးမျိုးကို ဆောင်ရွက်နိုင်သည်။ ပြိုင်ဆိုင်မှုကို ဆန့်ကျင်သော၊ ပြိုင်ဆိုင်မှုကို လျော့နည်းစေသော အပြုအမူများကိုဆောင်ရွက်နိုင်ရန် အသုံးပြု ကြသည်။

 
White Paper (စက္ကူဖြုစာတမ်း)

အဖွဲ့အစည်းတစ်ခု၏ အနေအထားကို ဖော်ပြသောစာတမ်း သို့မဟုတ် လူမှုရေး သို့မဟုတ် နိုင်ငံရေး သို့မဟုတ် အခြားဘာသာရပ်တစ်ခုခုနှင့် ပတ်သက်သော သဘောတရား စာတမ်း။ အသေးစိတ်မဟုတ်ဘဲ အကြမ်းဖျင်းအားဖြင့် ဖော်ပြထားသော နည်းပညာဆိုင်ရာ ရှင်းလင်းတင်ပြချက်စာတမ်းဖြစ်သည်။

 
ကုန်သွယ်မှုလုပ်ငန်း၏ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ

Trade Forum မဂ္ဂဇင်းသည် ကုလသမဂ္ဂထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအစီအစဉ် (UN-Milllennium Development Goals Work for Trade) မှ ပေါင်းစပ်ညှိနှိုင်း ရေးအမှုဆောင်အရာရှိဖြစ်သူ Eveline Herfkens နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တွေ့ဆုံဆွေးနွေးမှုမှ ကောက်နုတ်ချက်များကို အောက်တွင်ဖော်ပြထားပါသည်။

 
တည်ဆဲစီးပွားရေးဥပဒေများစာရင်း

The Essential Supplies and Services Act ( အရေးကြီးသော ကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုများ အက်ဥပဒေ ), The Sea Customs Act (ပင်လယ်အကောက်ခွန် အက်ဥပဒေ) နှင့် The Land Customs Act (ကုန်းလမ်းအကောက်ခွန် ဥပဒေ) စသော တည်ဆဲစီးပွားရေးအက်ဥပဒေများစာရင်း။

 
အချက်အလက်နှင့် သတင်း

သတင်းနှင့် အချက်အလက် ဆိုတဲ့ဝေါဟာရနှစ်ခုကိုအချို့လည်းတွဲပြီးတော့ သတင်းအချက်အလက်လို့ သုံးနှုန်းတာရှိပါတယ်။ အချို့လည်း သတင်းနှင့်အချက်အလက်ကို အဓိပ္ပါယ်သတ်မှတ်ခွဲခြား ပြီးတော့ သုံးပါတယ်။ ပညာရပ်ဆိုင်ရာအနေနဲ့တော့ သတင်းနဲ့ အချက်အလက် ကို အဓိပ္ပါယ် ခွဲခြားသတ်မှတ်ထားပါတယ်။

ဒေါက်တာထိန်လင်း

 

ပို့ကုန်မြှင့်တင်ရေး

ကမ္ဘာ့ဖြစ်စဉ်များကိုကြည့်လျှင် လယ်ယာစီးပွားရေးကို အခြေခံသောနိုင်ငံများသည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့ပြီး၊ စက်မှု စီးပွားရေးကို အခြေပြုသောနိုင်ငံများသည်တဖြည်းဖြည်း တိုးတက်လာသည်ကို တွေ့မြင်ရပါသည်။ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် စက်မှုလုပ်ငန်းများပိုမိုအရေးကြီးလာခြင်းမှာ အောက်ပါအကြောင်းရင်းများကြောင့်ဖြစ်ပါသည် –

ဒေါက်တာထိန်လင်း

 

စီမံခန့်ခွဲမှု သတင်းစနစ်

စီမံခန့်ခွဲမှုသတင်းစနစ် စီမံခန့်ခွဲမှုသတင်းစနစ် (Management Information System) ဆိုတာကို MIS ဆိုပြီးအတိုကောက် စာလုံးအနေနှင့် ညွှန်းဆိုပြောကြပါတယ်။ လူတော်တော်များများလည်းနားလည်လက်ခံအသုံးပြုလာတယ်ဆိုတော့ တော်တော် ရေပန်းစားလာပါတယ်။ စီမံခန့်ခွဲမှုသတင်းစနစ်ကို အဓိပ္ပါယ် ဖွင့်ရရင် ကွန်ပျူတာကို အသုံးပြုပြီးတော့ အဖွဲ့အစည်းတစ်ခုအတွင်း သတင်းစနစ်တစ်ခုကိုတည်ဆောက်ထားတယ်လို့ပြောရမှာပါ။ ဒီလိုတည်ထောင်တဲ့အခါမှာ နေရာအနှံအပြားကရ လာတဲ့သတင်းတွေကို စီမံခန့်ခွဲသူအနေနဲ့ အဆုံးအဖြတ်ပေးရာမှာ လုပ်ငန်းစီမံခန့်ခွဲရာမှာအသုံးပြုဖို့လွယ်ကူတဲ့ သတင်းတွေပေးနိုင်အောင် စီစဉ် တည်ဆောက် ထားတဲ့စနစ်ပဲဖြစ်ပါတယ်။

ဒေါက်တာထိန်လင်း

 

ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်မဟာဗျူဟာ ချမှတ်ဆောင်ရွက်မှုများ

၁၉၉၀ ပြည့်နှစ်များတွင် စီးပွားရေးအကြပ်ရိုက်မှု ပေါ်ပေါက်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံသည် ၄င်း၏ စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသောစိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရသည် ။ ယင်းစိန်ခေါ်မှုကို တုန့်ပြန်သောအားဖြင့် ဈေးကွက်ကို ဦးတည်သည့် ယန္တရားတစ်ရပ်ကို ထူထောင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့သည် ။ ဈေးကွက်စီးပွားရေးကို ဦးတည်သော ပြုပြင်ပြောင်းလဲမှုများ၏ အစောပိုင်းကာလများအတွင်း အစိုးရအနေဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရင်း ကျယ်ကျယ်ပြန့်ပြန့်ချဉ်းကပ်သင်ယူခဲ့သည် ။ ရလဒ်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှုကို အလယ် အလတ်နှင့် ကာလတို ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်များအပေါ်တွင် ပိုမိုအာရုံထားခဲ့သည် ။

ဒေါက်တာထိန်လင်း

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကုန်သွယ်ရေးစနစ်

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ရန် ကမ္ဘာ့နိုင်ငံများ ရည်သန်ခဲ့သည်မှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီး ၁၉၄၄ ခုနှစ်၊ဇူလိုင်လ၌ အမေရိကန်နိုင်ငံ ဘရက်တန်ဝုဒ်တွင်ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ ညီလာခံ ကျင်းပခဲ့စဉ်ကပင် ဖြစ်ပါသည်။ ၁၉၄၄ ခုနှစ် ဘရက်တန်ဝုဒ် ညီလာခံတွင် စစ်အပြီးကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးပြန်လည်ထူထောင်ရန်၊ ကမ္ဘာ့ငွေကြေးစနစ်တည်ငြိမ်စွာ ရှင်သန်ဖွံ့ဖြိုးစေရန်၊ ကမ္ဘာ့ကုန်သွယ်မှုမျှတစွာ တိုးတက်ရန်နှင့် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန်တို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်သည့် ...

ဒေါက်တာထိန်လင်း

 
အခြားသုတေသနစာတမ်းများ

တည်ဆဲစီးပွားရေးဥပဒေများစာရင်း

အသေးစိတ်အချက်အလက်

ငွေလွှဲစာတမ်းအမျိုးအစားများ

အသေးစိတ်အချက်အလက်

မြန်မာ့ကျွဲကော်သီး

အသေးစိတ်အချက်အလက်

မြန်မာ့နှမ်း

အသေးစိတ်အချက်အလက်

ငရုတ်ကောင်း

အသေးစိတ်အချက်အလက်

မြန်မာ့ကော်ဖီဈေးကွက်

အသေးစိတ်အချက်အလက်

မြန်မာ့ချင်းဈေးကွက်

အသေးစိတ်အချက်အလက်