ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ ၏ လုပ်ငန်းတာဝန်များ

(က)   ဝန်ဆောင်မှုကုန်သွယ်ရေး၊ ပင်ရင်းနိုင်ငံစည်းမျဉ်းများနှင့် အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဦးဆောင်ဝန်ကြီးဌာနဖြစ်သည့်အတွက် ဝန်ကြီးဌာနကိုယ်စား ၎င်းဘာသာရပ်များကို            တာဝန်ယူဆောင်ရွက်ခြင်း။

( ခ )   အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) တွင် ဝန်ကြီးဌာနနှင့်သက်ဆိုင်သော ကိစ္စရပ်များကို ဝန်ကြီးဌာနအတွင်းတွင်လည်းကောင်း၊ သက်ဆိုင်ရာပြင်ပဌာနများနှင့်လည်းကောင်း၊ ပုဂ္ဂလိကအသင်းအဖွဲ့အများနှင့်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်  ခြင်း။