"Myantrade Project အကြောင်း သိကောင်းစရာ" နှင့် "2016 Seminar or ASEAN Convention Exhibition Industry သို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများရှင်းလင်း"

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် နှစ်ပတ်လျှင် တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြုလုပ်ရာ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းမှ Myantrade Project အကြောင်း သိကောင်း စရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးကောင်းထွဋ်အောင်က 2016 Seminar or ASEAN Convention Exhibition Industry သို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို လည်းကောင်း ရှင်းလင်းတင်ပြဆွေးနွေးပါသည်။ အဆိုပါဆွေးနွေးမှုများအပေါ် မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဦးဟန်မှ လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးပြီး အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်းသိရှိရပါသည်။