မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၈) ရက်နေ့မှ (၃၀)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၆၅၇) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (-) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁.၀၇၁၁) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းမှ ဧပြီလ(၂၈) ရက်နေ့ မှ (၃၀) ရက်နေ့ အထိ လယ်ယာထွက်ကုန် ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၂၈) တန်၊ တန်ဖိုး (၀.၀၁၂၁) ဒေါ်လာသန်း၊ ငရုတ်သီး (၉၄.၇၉၉) တန်၊ တန်ဖိုး (၀.၀၆၆၃) ဒေါ်လာသန်း၊ သစ်တောထွက်ပစ္စည်း အနေဖြင့် ဓနိဖက် (၃၆) တန်၊ တန်ဖိုး (၀.၀၀၄၆) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၄၇.၃၆၀) တန်၊ တန်ဖိုး (၀.၀၇၃၀) ဒေါ်လာသန်း၊ အခြားပစ္စည်းအုပ်စုအနေဖြင့် ဆီအုန်း ကြိတ်ဖတ် (၁၁၀.၀၁၀) တန်၊ တန်ဖိုး (၀.၀၀၉၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၄၅.၄၆၄) ဒေါ်လာနှုန်း၊ ပုစွန် (၂၂၅၁၅.၃၅၀) ဒေါ်လာနှုန်း၊ ကဏန်း (၂၀၁၃၀.၄၇၈) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၅၀.၁၉၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၃၂.၁၄၃) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၉၉.၃၇၄) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၂၇.၇၈) ဒေါ်လာနှုန်း၊ ဆီအုန်းကြိတ်ဖတ်  (၈၈.၁၇၄)  ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

            ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

           ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ရက်နေ့မှ ၂၉ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၇၂၉.၃၅၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၃၅၇)သန်းနှင့်သွင်းကုန်(၈၃၉.၄၂၀)တန်၊ (၃၅၀၀)M2၊ (၁၄၀၆၃၅)U၊ (၇၂၀၀၀)2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၁၉၉) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁.၅၅၆)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၈ရက်နေ့မှ ၂၉ရက်နေ့အထိ ရေထွက် ကုန်ပစ္စည်းအုပ်စုတွင် (၇၂၉.၃၅၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၆၇၇)သန်းနှင့် လယ်ယာထွက်ကုန် ပစ္စည်းအုပ်စုတွင် (၃၀၀၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၆၈၀)သန်း တင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန်တိုးမြှင့် ရေး အဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက်ထိုင်းနိုင်ငံမှ Quotaကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံ ထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်း ဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့ လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၉) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၂၃၄၅၉.၁၃၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၅.၃၁၁)သန်းအား တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

           မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့မှ (၂၉)ရက်နေ့အတွင်း ပို့ကုန်ငါးကြိတ်သား (၁) တန်လျှင် (၁၈၄၆) ဒေါ်လာနှုန်းဖြင့် (၁၆) တန် ၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်းအား ထိုင်းနိုင်ငံသို့ ရေလမ်း ကြောင်း ဖြင့်တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန် (၁) တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန် လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၈) ရက်နေ့မှ (၂၉)ရက်နေ့အတွင်း ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၁၀၀၄.၉၆) တန်၊ တန်ဖိုး (၀.၁၃၃)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၅၅၀)တန်၊ တန်ဖိုး (၀.၃၁၁) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်း (၄၆)တန်၊ တန်ဖိုး(၀.၀၁၃) ဒေါ်လာသန်း၊ စုစုပေါင်း(၀.၄၅၇) ဒေါ်လာသန်း အား  တင်သွင်းနိုင်ခဲ့ပါသည်။

              တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (ဧပြီလ ၂၉ ရက်နေ့ထိ) ပို့ကုန် ကန်ဒေါ် လာ (၈.၂၁၆) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၄.၈၀၉) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၁၃.၀၂၅) သန်း ဆောင်ရွက် နိုင်ခဲ့ပါသည်။ (၂၉-၄-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၃,၃၉၂.၃၉၉) တန်၊ တန်ဖိုး (၀.၇၆၂) ဒေါ်လာသန်း၊ ကြက်သွန်နီ (၅၀.၅၀၀) တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၄၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၈၁၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်းအနေဖြင့် (၂၉-၄-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၂၄.၉၈၀)ဘတ် ဖြစ်ပေါ်ခဲ့ပါ သည်။

           တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၃၀-၄-၂၀၂၄) ရက်တွင် ဓာတ်ဆီ (၀.၀၂၈) ဒေါ်လာသန်း၊ ဒီဇယ် (၀.၀၂၈) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၄၁) ဒေါ်လာသန်း၊ ယာဉ်ယန္တရား ​(၀.၁၁၇) ဒေါ်လာသန်း၊ ဆောက်လုပ်ရေး ပစ္စည်း (၀.၀၄၆) ဒေါ်လာသန်းနှင့် အခြားပစ္စည်း  (၀.၀၄၉) ဒေါ်လာသန်း အပါအဝင် (၀.၃၀၉) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

           ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃၅.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၃.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃၈.၀၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီလ(၂၉) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၄၃.၂၂၈) ဒေါ်လာသန်း၊ သွင်းကုန်(၅.၇၁၁)ဒေါ်လာသန်း၊ စုစုပေါင်း(၄၈.၉၄၀)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှု လျာထားချက်အပေါ် (၁၂၈.၇၈၈%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

            ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီလ(၂၉)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲယင်း၊ပဲကြီး၊ ပဲနီကြား၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ထောပတ်ပဲ၊ မတ်ပဲ၊ စွန်တာနီပဲ၊ ပဲလွန်း၊ ပဲတီစိမ်း(အနီ)သီဟိုဌ်စေ့၊ဖရဲသီး၊ ရွှေဖရုံသီး၊ ငရုတ်သီး၊ ငရုတ်ခြောက်၊ မကျည်းသီး(အစေ့ပါ)၊ ကော်ဖီစေ့၊ ကြက်သွန်နီ၊ ချဉ်ပေါင်ဖာလာ၊ ခဲစက္ကူ၊ ဆီးသီးခြောက်၊ အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတုနှင့် လောင်စာတောင့်ိိတို့တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP ပစ္စည်းများတင်သွင်းနိုင်ခဲ့ပါသည်။

            ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၈)ရက်မှ ဧပြီလ(၂၉) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၄၅၀) တန်၊ တန်ဖိုး (၁.၅၄၅) ဒေါ်လာသန်း၊ပဲမျိုးစုံတင်ပို့မှု အနေဖြင့် ပဲယင်းတန်ချိန် (၃၄)တန်၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်း၊ပဲကြီးတန်ချိန် (၆၂)တန်၊ တန်ဖိုး (၀.၀၅၆) ဒေါ်လာသန်း၊ ပဲနီကြားတန်ချိန် (၆၈)တန်၊ တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်း၊ ထောပတ်ပဲတန်ချိန် (၂၂၉)တန်၊ တန်ဖိုး (၀.၂၄၀) ဒေါ်လာသန်း၊ မြေထောက်ပဲ တန်ချိန် (၃၅)တန်၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်းသစ်သီးဝလံ တင်ပို့မှုအနေဖြင့်ရွှေဖရုံသီး တန်ချိန် (၆၇)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ ဖရဲသီး တန်ချိန် (၁၂၅)တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ငရုတ်သီး တန်ချိန် (၆၈) တန်၊ တန်ဖိုး(၀.၀၂၂)ဒေါ်လာသန်း၊ငရုတ်ခြောက် တန်ချိန် (၄၆၆.၃၆၀)တန်၊ တန်ဖိုး (၀.၆၈၉) ဒေါ်လာသန်း၊ ဇီးသီးခြောက် တန်ချိန် (၃၅)တန်၊ တန်ဖိုး (၀.၀၂) ဒေါ်လာသန်း၊ မကျည်းသီး(အစေ့ပါ) တန်ချိန် (၁၇၀) တန်၊ တန်ဖိုး (၀.၀၃၈) ဒေါ်လာသန်း၊ကြက်သွန်နီ တန်ချိန် (၉၃၅) တန်၊ တန်ဖိုး (၀.၃၃၄) ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ တန်ချိန် (၅၃.၂) တန်၊ တန်ဖိုး (၀.၁၀၆) ဒေါ်လာသန်း၊ ခဲစက္ကူ တန်ချိန် (၁၅) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်းနှင့် လောင်စာတောင့် တန်ချိန် (၄၈) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီး နှင့် လူသုံး အဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း တန်ချိန် (၁၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၈၈)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၁၈၁.၀၀၀) တန်၊ တန်ဖိုး (၀.၁၅၁) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၁၅၆.၆၀၀) တန်၊ တန်ဖိုး (၀.၀၉၉) ဒေါ်လာသန်းနှင့် CMP အထည်ချုပ်ပစ္စည်း တန်ချိန် (၁၂.၉၆၃) တန်၊ တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

            ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

 

 

Pages