၂၁.၈.၀၈ မှ ၃၁.၈.၀၈ နေ့ထိ ရှမ်းမြောက်ကုန်စည်စီးဆင်းမှု။
၂၁.၈.၀၈ မှ ၃၁.၈.၀၈ နေ့အတွင်း လားရှိုးမြို့ကိုဖြတ်၍ မူဆယ်သို့တင်ပို့ခဲ့တဲ့ ကုန်ပစ္စည်းများမှာ ရာဘာ ၂၇၅ တန်၊ ဖရဲသီး ၆၆၀၀ လုံး၊ သခွား မွှေး ၁၀၅၀၀ လုံး၊ ငါးရှဥ့် ၈၃၀ တန်၊ ကဏန်း ၃၃၄ တန်၊ ရေခဲငါး ၁၇၀ တန်၊ ပဲတီစိမ်း ၉၄၃ တန်၊ ပြောင်းဖူးစေ့ ၃၃၁၃ တန်၊ ပဲပုပ်စေ့ ၂၂၃ တန်၊ ပဲကြီး ၂၁၀ တန်၊ ပဲလွန်းဖြူ ၇၂ တန်၊ ထောပတ်ပဲ ၃၅ တန်၊ ပဲယင်း ၈၅ တန်၊ နှမ်းဖြူ ၄၇၇၄ တန်၊ နှမ်းနက် ၉၉၆ တန်၊ ဆီးသီးခြောက် ၁၃၅၀ တန်၊ သီဟိုဠ်စေ့ ၈၂၁ ဖာ၊ သရက်ပြား ၆၈ တန်၊ ချဉ်ပေါင်ဖာလာ ၁၅ တန်၊ ကြက်ဆူစေ့ ၄၅၆ တန်၊ သားရေ ၁၅၂ တန်၊ ကြက်သွန်နီ ၆၅ တန်၊ ၀က် ၅၅၆ ကောင်၊ ကြက် ၁၀၀ ကောင်၊ ဂုန်လျှော် ၂၃၆ တန်၊ ပလပ်စတစ်ဖြတ်စ ၁၃၃ တန်၊ ရေသန့်ဖြတ်စ ၅၅ တန်တို့ ဖြစ်ကြတယ်။
မူဆယ်မှလားရှိုးကိုဖြတ်၍ တင်သွင်းခဲ့သောပစ္စည်းများမှာ ကျောက်မှုန့် ၄၉၉ တန်၊ ဖယောင်း ၁၀၄၆ တန်၊ ဓါတ်ခဲကုန်ကြမ်း ၈၉ တန်၊ သံချောင်း ၂၁၆ တန်၊ ဟင်းဂလိုင်း ၂၅၀ တန်၊ သံပိုက်လုံး ၂၈၉ တန်၊ ကြွေပြား ၉၀၀ တန်၊ ကျောက်ပြား ၂၈၅ တန်၊ မှန် ၅၂၀ တန်၊ ရာဘာပိုက် ၄၁ တန်၊ လေး(ကား) ၅၅ တန်၊ စက္ကူ ၇၆ တန်၊ ဂျပ်စက္ကူ ၆၇၇ တန်၊ ပဲပြား ၄၀ တန်၊ ဂျုံစေ့ ၄၈၄၁၈ တန်၊ ပန်းသီး ၆၁၈ တန်၊ နေကြာစေ့ ၈၃ တန်၊ အလူ မီနီယံ ၈၇ တန်၊ စတီးပြား ၁၁ တန်၊ ကျောက်ချဉ် ၁၃၂ တန်၊ ကြိတ်သားပြား ၁၈၀ တန်၊ မြေဆီ ၁၉၀၉၂ တန်၊ ဖိနပ် ၁၂၉၀၀၀ ရံ၊ မူလီနတ် ၆၇ တန်၊ ၀ရိန်ချောင်း ၁၃ တန်၊ ဓါတ်မီး ၆၂၀၀၀ လက်၊ ပန်းကန် ၅၉၇၈၂၀ ချပ်တို့ ဖြစ်ကြပါတယ်။
ညွှန့်ခင်
|