MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (03 - 09 - 08)

လွိုင်ကော်ဈေးကွက် မြေပဲအရောင်းအ၀ယ်သွက်။

ကယားပြည်နယ်၊ လွိုင်ကော်ဈေးကွက်သို့ သြဂုတ်လနောက်ဆုံးပတ်အတွင်းမြေပဲတောင့်နဲ့ မြေပဲဆံများ အဆက်မပြတ်ဝင်ရောက်လျက်ရှိပါတယ်။ ကယားပြည်နယ်အနေနဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲစသည်ဖြင့် သီးနှံမျိုးစုံစိုက်ပ်ျိုးထွက်ရှိသော်လည်း မြေပဲအား လွိုင်ကော်ခရိုင်တွင် အဓိကစိုက်ပျိုးကြောင်း လေ့လာသိရှိရပါတယ်။ ကယားပြည်နယ်၏ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ် မိုးမြေပဲစိုက်ဧကမှာ ၁၃၀၀၀ ခန့်ရြှိ့ပီး လွိုင်ကော်ခရိုင်တွင် ဧက ၁၂၀၀၀ ခန့် စိုက်ပျိုးခဲ့တဲ့အတွက် ဒီမောဆိုးမြို့နယ်နဲ့ ဖရူဆိုမြို့နယ်များမှ လွိုင်ကော်မြို့သို့ မော်တော်ယာဉ်များ၊ ထော်လာဂျီများနဲ့ မြေပဲများ နေ့စဉ်ဝင်ရောက်လျက်ရှိပါတယ်။ မြေပဲကုန်သည်ကြီးများအနေနဲ့မြေပဲဆံများကိုသာ အဓိက၀ယ်ယူသဖြင့် လွိုင်ကော်မြို့မှာ ကုန်သည်ပွဲစားငယ်များနဲ့ ဒေသခံကုန်သည်ပွဲစားများမှ ကျေးရွာ တောင်သူများထံ လှည့်လည်ဝယ်ယူစုဆောင်းပြီး၊ မြေပဲဆံအဖြစ် ပြန်လည်ကြိတ်ခွဲ သန့်စင်၍ မြေပဲကုန်သည်ကြီး များထံ ပြန်လည်တင်ပို့ရောင်းချကြပါတယ်။ မြေပဲတောင့် ၈ ပြည်ဝင် တစ်ပုံးလျှင် ၃၀၀၀ ကျပ်ဈေးရှိပြီး မြေပဲတောင့် တစ်ပုံးအား ကြိတ်ခွဲပါက မြေပဲဆံ ၂ ပိဿာ ၅၀ ကျပ်သားအထိ ထွက်ရှိပါတယ်။ ပွဲရုံဈေးမှာ မြေပဲဆံတစ်ပိဿာကို ၁၅၀၀ ကျပ်မှ ၁၅၅၀ ကျပ်ဈေးဖြင့် အရောင်းအ၀ယ်သွက်လျက်ရှိပါတယ်။ ပွဲရုံများမှ ၀ယ်ယူရရှိသော မြေပဲဆံများအား ၂၅ ပိဿာဝင်အိတ်များနဲ့ထုတ်ပိုးပြီး တောင်ငူမြို့နဲ့ မန္တလေးမြို့များသို့ တင်ပို့ကြောင်းသတင်းရရှိပါတယ်။

မင်းအောင်