မြန်မာ့တိုင်းရင်းဆေးများ စင်ကာပူဈေးကွက်ထိုးဖောက်မည်။
မြန်မာနိုင်ငံရှိ Fame Pharmaceuticals Co., Ltd မှ ထုတ်လုပ်သော မြန်မာ့ဆေးဝါးများသည် ပြည်တွင်း စားသုံးရန် ဈေးနှုန်းသင့်တော်မှုရှိသလို နိုင်ငံတကာအဆင့်မှီ အရည် အသွေးကောင်း၍ ထုတ်ပိုးမှုသပ်ရပ်လှပ သောကြောင့် နာမည်ကျော်ကြားလူကြိုက်များလှပါသည်။ ယင်းကုမ္ပဏီထွက်ကုန်များအနက် Herbicough ချောင်းဆိုးပျောက်ဆေးရည် ၊ လေးညှင်းပွင့်ဖြင့်ပြုလုပ်ထားသော ခံတွင်းသန့်ဆေးရည်နှင့် တမာရွက်ဖြင့်ပြုလုပ် ထားသော ခံတွင်းသန့်ဆေးရည်တို့သည် စင်္ကာပူနိုင်ငံဈေးကွက် ထိုးဖောက်နိုင် တော့မည်ဖြစ် ကြောင်း သတင်းရရှိပါသည်။ ခံတွင်းသန့်ရှင်းရေးအတွက် အစွမ်းထက်၍နာမည်ကျော်ကြားလှသော ဆေးဖက်ဝင်သဘာဝသစ်ဥ ၊ သစ်ဖုများကို အလွယ်တကူအသုံးပြုနိုင်စေ ရေး စေတနာထားထုတ်လုပ်ထားသော Fame ထွက်ကုန်များ မြန်မာနိုင်ငံသာမက ကမ္ဘာအနှံ့ထင်ရှားနိုင်မည့် သတင်းကောင်းတစ်ရပ်ဖြစ်ပါသည်။
Source: ကုန်သွယ်ဦးစီး/ပို့ကုန်
ပပ
|