| ပြည်တွင်းကုန်သွယ်မှုသတင်း (28 - 05 - 08) |
|
ရခိုင်ပြည်နယ် အမ်းမြို့နယ်သည် နှစ်စဉ်မိုးများစွာရွာသွန်းသည့် မြို့နယ်တစ်မြို့ဖြစ်ပြီး တောတောင်ထူထပ်သည့် မြို့နယ်ဖြစ်၍ အမ်းရိုးမတောင်တန်းများတွင် သဘာဝ အလျောက် ၀ါးပင်များ အများအပြားပေါက်ရောက်နေကြပါသည်။ ၀ါးအသုံးပြုမှုများသော မိုးရာသီနီးကပ်လာပြီဖြစ်သဖြင့် ၀ါးခုတ်သမားများသည် ၀ါးများပေါက်ရောက်ရာ တောင်ပေါ်များသို့ တက်ပြီး ၀ါးမျာကိုခုတ်ယူကာ ၀ါးအရွယ်အစားအလိုက် ၀ါးအသေး အလုံး ၁၀၀ လျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်ထိ၊ ၀ါးအကြီးအလုံး ၁၀၀ လျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ ရောင်းချနေကြကြောင်း သိရရှိပါသည်။ အေးချမ်းး |