MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (28 - 05 - 08)

နာဂစ်ကိုအားထား တိမ်ညွန့်နဲ့ကစားဖို့ ဟန်ပြင်တဲ့ ''ဆား''။

ဆားမပါရင် ပျားရည်တောင်မချိုဘူးလို့ စာဖွဲ့လောက်တဲ့ဆားဟာ နာဂစ်မုန်တိုင်းအပြီးမှာ သွပ်သမား၊ သံသမား၊ တစ်ခြားသောစားသုံးကုန်၊ လူသုံးကုန်တွေကို ၀ယ်သူအခက်၊ ရောင်းသူအချက်လို့ သဘောထား ဈေးကစားသူတွေကြောင့် ဈေးနှုန်းတွေ မိုးတိမ်ထိအောင် လှေခါးထောင်ချင်ခဲ့ပါတယ်။ ၂၂.၅.၂၀၀၈ နေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံးမှ တာဝန်ရှိသူများနဲ့ ရန်ကုန်တိုင်းဆားစက်ပိုင်ရှင်များအသင်းတို့ ဈေးနှုန်းကျဆင်းရေးနှင့် စားသုံးသူလက်အရောက် ဖြန့်ချီရေးကို ဆွေးနွေးခဲ့ပြီး အိမ်ရှင်မတွေရဲ့ မျက်စောင်းကိုရှောင်တိမ်းဘို့ ကြိုးစားခဲ့ကြတယ်။ ရန်ကုန်မြို့မှာ စားဖို့တစ်လကို ဆားပိဿာချိန် ၁၀ သိန်းလိုအပ်ပြီး ဆားပိုင်ရှင်တွေရဲ့လက်မှာ ဆားပိဿာချိန် ၇၈ သိန်းကျော် ကျန်တဲ့အတွက် ကုန်စည်စီးဆင်းမှု မှန်ကန်ဖို့ဘဲလိုပါတယ်။ စေတနာနဲ့ကိုယ်ချင်းစာ တာလည်းပါ တာပေါ့နော်။ ဒါကြောင့် ဆားပိုင်ရှင် ၁၄ ဦးက အောက်ဖော်ပြပါ ၁၆ မြို့နယ်မှာ တစ်ပိဿာ ၅၀၀ ကျပ်နှုန်းနဲ့ မည်သူမဆို လွတ်လပ်စွာဝယ်ယူ နိုင်အောင် လိုက်လံရောင်းချ နေတယ်။ လိုတဲ့နေရာတွေကိုလည်း လိုက်ရောင်းမှာဖြစ်ကြောင်းနဲ့ စည်ပင်သာယာရေးအဖွဲ့ရဲ့ ကူညီမှုကြောင့် အခွန်လွတ်ဈေး ၁၁ ခုမှာလည်း ရောင်းချနေကြောင်း၊ ဆားရောင်းတဲ့ နေရာများကို သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ -

စဉ် ဆားစက်အမည် မြို့နယ်
၁။ စိန်မေတ္တာမွန် တာမွေမြို့နယ်
၂။ တိုးနယား ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျောက်တံတားမြို့နယ်
၃။ အိုကေဇာဇာ တောင်ဒဂုံမြို့နယ်
၎။ အဏ္ဏ၀ါမင်း သာကေတမြို့နယ်၊ လမ်းမတော်မြို့နယ် (ညောင်ပင်လေးဈေး)
၅။ ကေကေ လမ်းမတော်မြို့နယ် (ညောင်ပင်လေးဈေး)
၆။ မြတ်သုခ ရွှေပြည်သာမြို့နယ်
၇။ အောင်ထိုက်တန် သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်
၈။ စိန်မေတ္တာ လှိုင်သာယာမြို့နယ်
၉။ ဖူးပွင့်စံ သုဝဏ္ဏမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြောက်ဒဂုံမြို့နယ်
၁၀။ ရွှေလ၀င်း ဒေါပုံမြို့နယ်
၁၁။ ဆားတောင်သူ ပုဇွန်တောင်မြို့နယ်
၁၂။ ထက်အောင်သာ တာမွေမြို့နယ်
၁၃။ ကေအမ် ဒေါပုံမြို့နယ်
၁၄။ အောင်သီဟ ကမာရွတ်မြို့နယ်

 

KZM