MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (28 - 05 - 08)

မင်းဘူးရေသွင်းနှမ်းပေါ်ပြီ။

မတ်လတွင် မင်းဘူးဒေသ၌ စိုက်ပျိုးခဲ့သော ရေသွင်းနှမ်းများ ယခုမေလတွင် စတင်ပေါ်လာပြီဖြစ်ရာ နှမ်းသစ်တစ်အိတ် ၄၅ ပိဿာကို ၁၀၅၀၀၀ ကျပ်ဈေးဖွင့်ခဲ့သည်။ နှမ်းဟောင်းမှာ ၁၁၀၀၀၀ ကျပ်ဈေးဖြစ်နေသည်။ ဆီကြိတ်နှမ်းများ ၀င်လာခြင်းဖြစ်၍ နှမ်းဆီဈေးလည်းငြိမ်နေကြောင်း သိရသည်။ နှမ်းဖြူအဟောင်း တစ်အိတ် ၁၂၀၀၀၀ ကျပ် နှမ်းဖြူအသစ် ၁၁၅၀၀၀ ကျပ်ဖြစ်သည်။

တင်တင်လှ