MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (22 - 05 - 08)

အောင်ပန်းမက်မန်းလှိုင်လှိုင်ပေါ်။

အောင်ပန်းနှင့် ကလော ဒေသတစ်ဝိုက်တွင် အများဆုံးစိုက်ပျိုးတဲ့ မက်မန်းများစတင်ထွက်ရှိပြီဖြစ်ပါတယ်။ ယမန်နှစ်က ပေါ်စဦး မက်မန်း ၁၀ ပိဿာဝင်ပုံး တစ်ပုံးလျှင် ၈၀၀ ကျပ်အဖွင့်ဈေးရှိခဲ့ပြီး အပိတ်ဈေး ၁၂၀၀ ကျပ်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်မှာ မက်မန်းအဖွင့်ဈေး ၁၀ ပိဿာဝင် တစ်ပုံးလျှင် ၃၀၀ ကျပ်သာရှိခဲ့ပါတယ်။ ယခုလက်ရှိ ၅၀၀ ကျပ်ဈေးပေါက်နေပြီး အရောင်းအ၀ယ်အေးလျက်ရှိကြောင်း သိရပါတယ်။ မက်မန်းပင်များဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်အထက်မှာ ပေါက်ရောက်ပါတယ်။ အေးမြတဲ့ရာသီဥတုကိုကြိုက်နှစ်သက်ပြီး ကလောနှင့် အောင်ပန်းမြို့ပတ်ဝန်းကျင်မှာ မက်မန်းကို စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ ယခုနှစ် မက်မန်းစိုက်ဧကပေါင်း ၄၀၂ ဧကရှိကြောင်း သိရပါတယ်။ နှစ်ရှည်သီးနှံဖြစ်ပြီး ၁ နှစ်သားမှာ ဗန်းပြစတင်သီးပါတယ်။ ၂ နှစ်သားမှ စတင်ပြီး ၁၀ ပိဿာဝင်ပုံး ၂ ပုံးနှင့်အထက် ရရှိပါတယ်။ မက်မန်းတစ်ပင်ဟာ အများဆုံး ၁၀ ပိဿာဝင်ပုံး ၁၀ ပုံးနှင့်အထက် ရရှိပါတယ်။ ပြင်ဦးလွင်၊ ကလော၊ အောင်ပန်းဒေသတစ်ဝိုက်မှာ အများဆုံးစိုက်ပျိုးထွက်ရှိပြီး ကလော၊ အောင်ပန်း မက်မန်းမှာ အသီးပိုမာကြောင်း သိရပါတယ်။
ထွက်ရှိတဲ့ မက်မန်းသီးများကို Value Added အနေဖြင့် မက်မန်းပေါင်း၊ မက်မန်းယို၊ မက်မန်းချဉ်စပ်နှင့် မက်မန်းဝိုင်များ ပြုလုပ်ရောင်းချကြပါတယ်။ နှစ်စဉ်မက်မန်းသီး ထွက်ရှိချိန်မှာ တစ်နှစ်လုံးစာအတွက် ၀ယ်ယူပြီး ဆားရည်စိမ်ကြပါတယ်။ ယခုနှစ် ဆားဈေးကြီးမြင့်လာမှုကြောင့် မက်မန်းဝယ်ယူမှုနည်းပါးကြောင်း သိရပါတယ်။ တစ်နှစ်ထက် တစ်နှစ် မက်မန်းစိုက်ဧက တိုးတက်များပြားလာပြီး စီးပွာဖြစ်ထွန်းလျက်ရှိကြောင်းကို ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး အနေဖြင့် တင်ပြလိုက်ရပါတယ်။

စိုင်းသန့်စင်ဟိန်း