တောင်ပေါ်စတော်ဘယ်ရီကြောင့် တောင်သူပျော်ပါပြီ်။
စတော်ဘယ်ရီသီးနှံကို သြဂုတ်လမှ စက်တင်ဘာလအတွင်း စိုက်ပျိုးနိုင်ပြီး ဇန်န၀ါရီမှ ဧပြီလအထိ အ သီးခူးဆွတ်ရရှိနိုင်ပါတယ်။ တစ်ဧကမှာအပင်ပေါင်း ၂၀၀၀၀ စိုက်ပျိုး နိုင်ပြီး တစ်ဧက ၃၃၉၉ ပေါင် (၉၄၂ ပိဿာ)ထွက်ပါတယ်။ အသီးစပေါ်ချိန်မှာ တစ်ခြင်း ၂၅၀ ကျပ်ရှိပြီး မတ်လလှိုင်လှိုင်ပေါ်ချိန်မှာ ၁၇၀ ကို ဈေးကျလာပါတယ်။ ဧပြီလလည်း အသီးတုံးချိန်မှာ ဈေးပြန်မြင့်လေ့ရှိပါတယ်။ တစ်ဧကမှာအသီးခြင်း ပျမ်းမျှ ၃၇၆၈ ခြင်း ထွက်တာကြောင့် တစ်ခြင်း ၂၃၀ ကျပ်နဲ့ ၀င်ငွေ ၈၆၆၆၄၀ ကျပ်ရပါတယ်။ တစ်ဧကကုန်ကျစရိတ် ၅ ဒသမ ၁ သိန်းနှုတ်ရင် တစ်ဧက အမြတ် ၃ ဒသမ ၅ သိန်းရတာမို့ တောင်ပေါ်စတော်ဘယ်ရီကြောင့် တောင်သူပျော်ပြီလို့ ဆိုပါတယ်။
ပြည်မြို့ရှိ အမယ်သစ်ပစ္စည်းများ ရောင်းဝယ်သောပွဲရုံများမှတစ်ဆင့် မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချကြပါတယ်။ ယခုလက်ရှိ ပြည်မြို့အမယ်သစ်ဈေးကွက်မှာ တရုတ် စကားပန်းခြောက် တစ်ပိဿာကို ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဈေးအထိရှိကာ အရောင်းအ၀ယ်ဖြစ်လျက်ရှိတာကို တွေ့ရပါတယ်။ အောင်မင်းနိုင် - မန္တလေး
|