| ပြည်တွင်းကုန်သွယ်မှုသတင်း (05 - 06 - 08) |
|
ရှမ်းပြည်တောင်ပိုင်းသည် အာလူးထွက်ရှိရာဒေသဖြစ်သည်။ တစ်နှစ်ပတ်လုံးနီးပါး အာလူးထွက်ရှိပြီး ဒေသအနှံ့အပြားသို့ နေ့စဉ်အာလူးတင်ပို့လျက်ရှိပါသည်။ အာလူးကို ဟဲဟိုး၊ ဘော်နကုန်းနှင့် နန်းတိုင်းကျေးရွာ ဒေသဘက်တွင် အဓိကစိုက်ပျိုးပါသည်။ ၎င်းင်းဒေသများမှ အောင်ပန်းမြို့ပွဲရုံများသို့ လာရောက်ရောင်းချကြပါသည်။ အောင်ပန်းပွဲရုံများမှတဆင့် ဒေသအနှံ့အပြားကို ပြန်လည်တင်ပို့ရောင်းချပါသည်။ ကလောမြို့နယ်အတွင်း အာလူးစိုက်ဧက တစ်သောင်းကျော်ရှိကြောင်း သိရပါသည်။ ဧပြီလကုန်မှစပြီး ဟဲဟိုးအာလူး စတင်ထွက်ရှိ ပါသည်။ ယခုအခါ အာလူးလှိုင်လှိုင်စတင်ပေါ်နေပြီး မေလနောက်ဆုံးပတ် အာလူးဈေးနှုန်းမှ ဆွဲ ၁၈၀ ကျပ်၊ အေ၀မ်း ၂၈၀ ကျပ်၊ OK ၃၅၀ ကျပ်၊ S 1 ၃၉၀ ကျပ် မှ ၄၀၀ ကျပ်ရှိပါသည်။ STZH- အောင်ပန်း |