MOC Home|Download Font|Contact

Trade News

ပြည်တွင်းကုန်သွယ်မှုသတင်း (05 - 06 - 08)

နွေစပါးလှိုင်လှိုင်ပေါ်ပြီး ပဲခူးအနောက်စပါးဆန်ဈေးအေးသည်။

ပဲခူးတိုင်းအနောက်ပိုင်းအတွင်း ယခုနှစ် မိုးစပါး ၁၂၄၅၁၅၅ စိုက်ပျိုးခဲ့ပြီး၊ နွေစပါး ၁၉၀၀၀၀ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ရာ ၂၂၀၁၈၈ ဧကစိုက်ပျိုးနိုင်ပြီး ၄၆၄၀၅ ဧက ရိတ်သိမ်းပြီးဖြစ်သဖြင့် ယခုအချိန် နွေစပါးလှိုင်လှိုင်ပေါ်ပြီဖြစ်ပါတယ်။ နွေစပါးဟာ အစိုဓါတ်ရှိတော့ ရိတ်သိမ်းပြီးတာနဲ့ ချက်ချင်းရောင်းချတာ ဖြစ်တယ်။ ပဲခူးတိုင်း အနောက်ပိုင်း ဆန်စက်များမှာလည်း နှစ်စဉ်နွေစပါးကိုင်တွယ်ကြိတ်ခွဲတဲ့ အတွေ့အကြုံ ရှိနေတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အခြောက်ခံကိရိယာတွေပြုလုပ်ပြီး အသုံးချ နေကြပါ တယ်။ မိမိစက်ကြိတ်ခွဲ နိုင်တဲ့ အရေအတွက်မီအောင် အခြောက်ခံကိရိယာတွေပြုလုပ်ပြီး အသုံးပြုကြတာများပါတယ်။ ယခုရက်ပိုင်း နွေစပါးဈေးက စပါးဈေး တင်း ၁၀၀ ကို ၃၄၀၀၀၀ ကျပ်ဖြစ်ပြီး ဆန်တစ်အိတ်ဈေး ၁၂၀၀၀ မှ ၁၂၅၀၀ ကျပ်သာ ရှိတော့တာကြောင့် မိုးစပါးကိုကြိတ်ခွဲပြီး ထွက်ရှိတဲ့ဆန်ဈေးကလည်း တဖြည်းဖြည်းအေးလာတယ်။ နာဂစ်မုန်တိုင်းတိုက်ပြီး ဈေးတက်ဖို့ကြိုးစားခဲ့တဲ့ ဆန်ဈေးဟာ ယခုတော့ မိုးဆန်တစ်အိတ် ၁၄၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် ဈေးသာရှိတော့ကြောင်း၊ ယခုအတိုင်းဆိုရင် ဆန်ဈေး ဆက်လက်ကျဆင်းနိုင်သေးကြောင်း သိရှိရပါတယ်။

ကျော်သူ