ကသာ၊ မိုးညှင်း ဓါတ်မြေသြဇာဈေးကွက် တောင်သုံးလုံးတံဆိပ်အရောင်းသွက်။
တရုတ်ဓါတ်မြေသြဇာများသည် မန္တလေးဓါတ်မြေသြဇာဒိုင်များမှတစ်ဆင့် မန္တလေး- ကသာ ရေလမ်း ကြောင်းဖြင့်လည်းကောင်း၊ ကသာမှ မိုးညှင်းသို့ကားများဖြင့် လည်းကောင်း ၀င်ရောက်လာပါသည်။ ဓါတ်မြေသြဇာ တံဆိပ်များမှာ ပန်းဖူး၊ ဓူဝံ၊ တောင်သုံးလုံး စသည့်တံဆိပ်များသာ ဈေးကွက်တွင်အရောင်းသွက်ပြီး ယခင်နှစ်များက UAE၊ အီရန် နိုင်ငံများမှ ထုတ်လုပ်သောဓါတ်မြေသြဇာများသည် ဈေးကွက်တွင်မတွေ့ရှိရတော့ပေ။ ယခင်နှစ် ဇွန်လတွင် ဒေသပေါက်ဈေး ၂၅၅၀၀ ကျပ်ရှိခဲ့ပြီး၊ ယခုနှစ်တွင် ၃၁၀၀၀ ကျပ်ဖြစ်ကြောင်းတွေ့ရှိရသည်။ ဓူဝံနှင့် ပန်းဖူးတံဆိပ်များမှာ ISO လက်မှတ်ရများဖြစ်၍ အရည်အသွေးကောင်းမွန်မှုကြောင့် လူကြိုက်များသော်လည်း ဈေးကွက်အတွင်းတွင် အတုများပေါ်ပေါက်နေခြင်းကြောင့်လည်းကောင်း၊ ပစ္စည်းများ ပြတ်လပ်နေခြင်းကြောင့် လည်းကောင်း၊ တောင်သုံးလုံးတံဆိပ်ကိုသာ ဒေသတွင်းရှိ တောင်သူများက ၀ယ်ယူ သုံးစွဲလျက်ရှိကြပြီး ဈေးနှုန်းမှာလည်းတက်ရိပ်ရှိနေကြောင်းသိရှိရသည်။
မောင်မောင်ခိုင် |