| ပြည်တွင်းကုန်သွယ်မှုသတင်း (23 - 06 - 08) |
|
ယခုအချိန်အခါသည် မိုးရာသီရောက်ရှိနေပြီဖြစ်သဖြင့် အသီးအနှံများပေါများစွာထွက်ရှိရမည် ဖြစ်သော် လည်း နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် အသီးအနှံများ ထွက်သင့်သလောက် ဈေးကွက်သို့ ရောက်မလာကြောင်း တွေ့ရသည်။ ဈေးကွက်တွင် ချင်းတောင်ပန်းသီး တစ်လုံးလျှင် ၅၀၀ ကျပ်၊ ပျားလိမ္မော်တစ်လုံး ၂၅၀ ကျပ်၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီး ၁၀၀၀ ကျပ်၊ စပျစ်သီး (မဲ) တစ်ဆယ်သားလျှင် ၃၀၀ ကျပ်၊ သစ်တော်သီး တစ်လုံး ၂၀၀ ကျပ်၊ နာနတ်သီးအလုံးကြီးတစ်လုံး ၆၀၀ ကျပ်ဖြစ်ပေါ်နေသည်။ သရက်သီး နည်းပါးသွားသဖြင့် ဈေးလည်း မြင့်လာပြီး မန္တလေးရင်ကွဲ တစ်လုံးလျှင် ၂၀၀ ကျပ်ထိ မြင့်တက်လာသည်။ ယခင်နှစ် ဈေးနှုန်းအရ သရက်သီး တစ်လုံးလျှင် ၁၀၀ ကျပ်ခန့် တက်သွားကြောင်းတွေ့ရသည်။ |